Myanmar Blog » Articles » ” ဒေါ်လာအနွမ်းနဲ့ မြန်မာဇာတ်လမ်း ” (အယ်ဒီတာထံ ပေးစာ)

” ဒေါ်လာအနွမ်းနဲ့ မြန်မာဇာတ်လမ်း ” (အယ်ဒီတာထံ ပေးစာ)

    Halloween night @ TawWim Center

    photo credit : Popular Journal

    shwedarling.com/blog

    Happy 60th Pyi-Htaung-Su Day!

    shwedarling.com/blog

    B-list Myanmar celebrity couples

    Source: Shwe A Myu Tay Magazine

    shwedarling.com/blog

    An ambassador of Mac Coffee

    နန်းခင်ဇေယျာကို Mac Coffee က ၎င်းတို့ အမှတ်တံဆိပ်၏ သံတမန်အဖြစ် ခန့်အပ်ခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ စန်းစန်းဘုံကျောင်းခန်းမတွင် သြဂုတ် ၂၄

    shwedarling.com/blog

Kambawzathardi palace
Kambawzathardi Palace, Pago
Photo credit to : Alessandro Gaballo

အဆင်ပြေသွားပါပြီလို့ ဂျာနယ်တွေမှာပါလာပေမယ့် တကယ့်လက်တွေ့မှာ အရင်အတိုင်းပဲ အဆင်မပြေဆဲဖြစ်တဲ့ ဒေါ်လာအနွမ်းနဲ့ မြန်မာဇာတ်လမ်းကို အားလုံးသိအောင်ပြောပါရစေ။ ၁၃-၁-၂ဝ၁၃ နေ့နံနက် ၁၁ နာရီခွဲခန့်က ပဲခူး ကမ္ဘောဇသာဒီ နန်းတော်ကိုအိန္ဒိယလူမျိုး ကမ္ဘာလှည့်ခရီးသည်နှစ်ယောက်နဲ့ ကျွန်တော်သွားလည်ပါတယ်။ ဧည့်သည်နာမည်က Mr. Prakash Sabins နဲ့ Mrs. Vijaya Sabins တို့ဖြစ် ပါတယ်။ နန်းတော်အဝင်ဝက ရှေးဟောင်းဌာနဇုန်ဝင် ကြေးကောက်တဲ့ဂိတ်မှာကားရပ်ပြီး ထုံးစံအတိုင်းဝင် ကြေးပေးဆောင်ပါတယ်။ တာဝန် ကျဝန်ထမ်းနှစ်ယောက်ရှိပြီး (အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ် ယောက်)ဧည့်သည်က ပဲခူးဇုန်ဝင် ကြေးနှစ်ယောက်အတွက် ဒေါ်လာ ၂ဝ ပေးတဲ့အခါ ပိုက်ဆံကနည်းနည်းနွမ်းနေလို့ဆိုပြီး ပြန်လဲခိုင်းပါ တယ်။ ဧည့်သည်က သူ့မှာပါတဲ့ နောက်ထပ်နှစ်ဆယ်တန် သုံးရွက်ကိုတစ်ရွက်ပြီးတစ်ရွက်လဲပေးရှာ ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေကအသစ်စက်စက် ငွေစက္ကူမဟုတ်လို့ လက်မခံပါဘူး။

US note

အဲဒါနဲ့ ဧည့်သည်ကသူ့မှာပါတဲ့ ဒေါ်လာပိုက်ဆံတွေအားလုံးကိုချပြပြီးမင်းတို့ကြိုက်တဲ့ပိုက်ဆံကိုယူပါ။ ငါ့မှာပါလာတာ ဒါအကုန်ပါပဲ။ ဒီငွေတွေဟာတစ်ကမ္ဘာလုံးမှာသုံးလို့ရတဲ့ ဒေါ်လာအစစ်တွေပါလို့ပြောပြီး ပေးပါတယ်။ ဒါပေမဲ့ ရှေးဟောင်းသုတေသနက ဝန်ထမ်းနှစ်ယောက်ကတော့ ကျားကျားမီးယပ်ပါပဲ။လှေနံဓားထစ်ထားသလို ခေါင်းကိုတွင်တွင်ရမ်းပြီး ပိုက်ဆံတွေက ဟောင်းနေတယ်လက်ခံလို့ မရဘူး လို့ပဲတွင်တွင်ငြင်းနေကြပါတယ်။ ဒါနဲ့ ဧည့်သည်က မြန်မာငွေ နဲ့ ပေးလို့မရဘူးလားဆိုတော့ ပေး လို့ရပါတယ်တဲ့။ မြန်မာငွေ ၁၉ဝဝဝ (တစ်သောင်းကိုးထောင်ကျပ်) ပေး ခဲ့ပါတဲ့။ ဧည့်သည်က ဒေါ်လာ ၂ဝ ကို တစ်သောင်းကိုးထောင်ဆိုတော့ တစ်ဒေါ်လာကို ၉၅ဝ ဈေးဖြစ်နေ ပြီတဲ့။ပေါက်ဈေးအတိုင်းဆို ၁၇ဝဝဝ (တစ်သောင်း ခုနစ်ထောင်)ပဲ ကျ မယ်။ တစ်သောင်း ခုနစ်ထောင်ပဲပေး ပါရစေတဲ့။ တောင်းပန်ပေမယ့် မရ ဘူးဗျာ။သူတို့ပုံက ကိုယ့်ဌာန၊ကိုယ့် အစိုးရပိုက်ဆံရစေဖို့ တာဝန်ထမ်း ဆောင်နေတာနဲ့မတူဘဲ ထောင်ဝင် စာတွေ့ခါနီး ဘူးဝမှာ လာဘ်ထိုးရသ လိုပဲ။ အပေါ်စီးကနေ တစ်ပြားမှမ လျှော့ဘဲ ပြေပြေလည်လည် မရှိပါ ဘူး။ ဧည့်သည်မှာပါတဲ့ဒေါ်လာလေး နည်းနည်းနွမ်းတာကိုလည်း လက်မ ခံ၊မြန်မာငွေနဲ့ပေးတော့လည်း မတန် တဆ ကောက်ခံလေရဲ့ဗျာ။ ဒါဆိုရင် ဝင်မိလက်စနဲ့ နန်း တော်ကိုဝင်ကြည့်ပါရစေ၊ ဒီပိုက်ဆံ ကို ခင်ဗျားတို့မကြိုက်လို့ လက်မခံ ရင်နောက်တစ်နေရာ(ရွှေသာလျောင်း၊ ရွှေမော်ဓော) ရောက်မှ ပဲခူးမြို့ဝင် ကြေးပေးပါရစေဆိုတော့လည်း မရ ဘူးတဲ့။ ပိုက်ဆံမပေးရင် မကြည့်ရ ဘူး ပြန်ထွက်ရမယ်ဆိုပြီးလုပ်ရော ဗျာ။ နိုင်ငံခြားသားရှေ့မှာ တော် တော်ရှက်ဖို့ ကောင်းပါတယ်ဗျာ။

မြန်မာလူမျိုးဟာပိုက်ဆံကလွဲရင် ဘာ မှ မကြည့်တော့တဲ့ အရိုင်းအစိုင်း တွေ လို့ထင်သွားမှာ စိုးရိမ်လိုက်တာ ဗျာ။ နိုင်ငံခြားသားထုတ်ပေးတဲ့ ပိုက်ဆံကလည်း အသစ်စက်စက် မဟုတ်တာကလွဲရင် ဟောင်းပေမယ့် အစုတ်အပြဲတွေမဟုတ်ပါဘူး။ ကျွန် တော်တို့ မြန်မာပိုက်ဆံ တစ်ရာတန်၊ နှစ်ရာတန် အချို့ထက်တောင် ကောင်းပါသေးတယ်။ တိုတိုပြော ရရင် အဲဒီနေ့က ကျွန်တော့်ဧည့်သည် ခမျာ ရန်ကုန်ကနေ ပဲခူးကို တကူး တကလာပြီးမှ ဘယ်နေရာမှကြည့်မ သွားရဘဲ စားသောက်ဆိုင်မှာ ထ မင်းစားပြီး ပြန်ရပါပကောလားဗျာ။ ဂျာနယ်တွေမှာရေးတော့ ဒေါ်လာ အစစ်ဖြစ်မယ်ဆိုရင် နည်းနည်းနွမ်း လည်း လက်ခံပါပြီဆို။ တကယ့် လက်တွေ့နဲ့တော့ ကွာလှချည်လား ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ အမိန့် တွေညွှန်ကြားချက်ထုတ်ရင် စာရွက် ပေါ်မှာတင်ပြီး သွားရောလား။ အ ပေါ်က ဘာပြောပြော အောက်က လုပ်ချင်ရာ လုပ်နေကြမှာပဲလား။ ဒီလိုပုံနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျရင် မြန်မာပြည် လာလည်မယ့် ဧည့်သည်တွေကို ဘယ်လိုမျက်နှာပြကြမလဲ။ အခုက တည်းက မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီ၊ MRTV-4 ၊ Channel 7 တွေကနေ ဒေါ်လာအသစ်စက်စက်ထောင်မလဲသဲကော်တွေယူလာ ကြဖို့ ကြိုတင်ကြေညာသင့်ပါတယ်။ ဒါမှတိုးရစ်တွေခမျာ ပိုက်ဆံ ပါပါလျက်နဲ့ ဟိုမဝင်ရ၊ ဒီမဝင်ရ၊ ဟိုကလက်မခံ ဒီကလက်မခံ ခွေးတိုးဝက်ဝင်ဘဝက ကင်းဝေးမှာမဟုတ် ပါလားခင်ဗျာ။

ကိုညီညီ
Credit to : Popular Myanmar News Journal

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...

Social Bookmarking: del.icio.us: digg: spurl: wists: simpy: newsvine: blinklist: furl: reddit: fark: blogmarks: Y!: smarking:

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter