Myanmar Blog » Asia Entertainment » “ထက်ထက်ရဲ့ လျှို့ဝှက်ချက် အကြောင်း ဇူးမြတ်ထက်ပြော”

“ထက်ထက်ရဲ့ လျှို့ဝှက်ချက် အကြောင်း ဇူးမြတ်ထက်ပြော”

Htet htet

htet het moe oo couple

“တစ်ဖက်သတ်” ဗီစီဒီအခွေမှာ ပရိသတ်တွေ အမြင်ဆန်းစေတဲ့ သရုပ်ဆောင် မှုတွေကို မြင်ရမှာ ဖြစ်ကြောင်း ဇူးမြတ်ထက်က ပြောပြပါတယ်။ ဇူးမြတ်ထက်ရဲ့ အိမ်သူ သက်ထား အကယ်ဒမီ ထက်ထက်မိုးဦး လည်း ပါဝင် သရုပ်ဆောင်မှာဖြစ် သလို ဒါရိုက်တာ အနေနဲ့လည်း ရိုက် ကူးပေးမှာဖြစ်ကြောင်း သိရပါတယ်။ “တစ်ဖက်သတ်” ဗီစီဒီ အမြန်ဆုံး ထွက်ရှိဖို့ အတွက် ကြိုးစားနေတဲ့ ဇူးမြတ်ထက် က “ကျွန်တော့် အခွေကို အမြန်ဆုံး ထွက်ချင်ပါတယ်။ အခုလည်း ကြိုးစားနေပါတယ်။ သီချင်း အေးအေးလေးတွေ နဲ့ပါ။ ပရိသတ် တွေကြိုက်မယ်လို့ မျှော်လင့်တယ်။ သရုပ်ဆောင်မှု ပိုင်းမှာလည်း အတတ် နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးစား ထားပါ တယ်” လို့ ပြောပြခဲ့ပါတယ်။ အခွေနဲ့ ပတ်သက်ပြီး ထက်ထက်မိုးဦး ရဲ့ အကြံဥာဏ်တွေလည်း ယူဖြစ်ကြောင်းကို ဇူးမြတ်ထက်က “ကျွန်တော် အရင်ဆုံး အလုပ် တစ်ခု လုပ်ရင် ကြိုတင် ပြင်ဆင်မှုဆို တာ မလုပ်ဘူး။ အဆင်ပြေသလိုပဲ လုပ် တာ။ ကျွန်တော် အခု ဒီအခွေတော့ တော်တော်လေး ကြိုတင်ပြင်ဆင် ထားပါတယ်။ ဒါက မထက် ရဲ့ ပံ့ပိုးမှု ပဲပေါ့။ အဝတ်အစား ကအစ၊ သူကိုယ် တိုင် ကျွန်တော်နဲ့ တိုင်ပင်ပြီး လုပ်ကြ တယ်” လို့ ပြောပြပါတယ်။

အိမ်ထောင် သက်တမ်းလည်း ကြာလာပြီ ဖြစ်သလို တစ်ယောက် အပေါ် တစ်ယောက် ချစ်ခင်မှုတွေက လည်း ပိုလို့ တိုးလာကြောင်း ဇူးမြတ် ထက်က ပြောပါတယ်။ အိမ်ထောင်ရှင် မတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နေတဲ့ ဇနီးသည် ထက်ထက်မိုးဦးရဲ့ လျှို့ဝှက်ချက်ကို ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်က “မထက် ရဲ့လျှို့ဝှက်ချက် ထက် သူ ဘာကြောင့် အောင်မြင်မှု ရခဲ့တာလဲ ဆိုတာက မထက်က အချိန်ကို လေးစားတယ်။ အလုပ်ကို တိတိကျကျ လုပ်တယ်။ အလုပ်တစ်ခု လုပ်ပြီဆိုရင် ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ရှိ တယ်။

အိမ်ထောင်သက်တမ်း တစ် လျှောက်လုံးမှာ အကြီးအကျယ် စကား မများဖူးသလို တစ်ခါမှ ရန်မဖြစ် ဖူးပါဘူး။ စိတ်ကို မဆိုးတတ်ကြတာပါ။ မထက်က ပြောစရာ ရှိရင်ပြောလိုက် တယ်။ ၂မိနစ်၊၃ မိနစ်ကြာရင် သူ မေ့သွားရော။ အဲဒီလို ဆိုတော့ အဆင်ပြေတယ် (ရယ်လျက်)။ သမီးရ လာပြီးနောက်ပိုင်း ပိုဆိုးတယ်။ သမီးလေး အရေး ကိုပဲ ဂရုစိုက်နေကြ တယ်။ အခုလည်း အိမ်မှာဆို စစ်လွန်းက အကဲ ဆုံးပဲ။ ဆော့တဲ့ အရွယ်ဆိုတော့ သူတစ်ခုခု ထိမှာ စိုးရိမ်လို့ မထက် ကိုယ်တိုင် ဒီသမီးကို ပြုစုတာ။ ကိုယ်တို့ နှစ်ဦးက တကယ် ချစ်ကြပြီး တကယ် သံယောဇဉ် ရှိကြတဲ့သူတွေမို့ နားလည်မှုလည်း ရှိတယ်လေ” လို့ ပြောပြခဲ့ပါတယ်။ မထက် နဲ့ ဆုံခဲ့တဲ့ ပထမဆုံး အမှတ်တရကို လည်း ဇူးမြတ်ထက် က “ကုမ္ပဏီ တစ်ခုမှာ ဇာတ် ကားရိုက်ရင်း ဆုံတာပါ။ ကျွန်တော်က အစကတည်းက ချစ်ရတဲ့ သူပါ။ မထက် လည်း ကျွန်တော့်ကို တအားချစ်ပါတယ်။ ဖူးစာထင်တယ် (ရယ်လျက်)။ ကိုယ်က ချစ်တော့ ကိုယ် ရအောင် ပိုင်ဆိုင်ရမှာပေါ့။

ခုဆို နှစ် ယောက်စလုံးက ချစ်ကြတော့ အရာ ရာ အဆင်ပြေတယ်။ facebook ပေါ် မှာဆိုလည်း ကျွန်တော်တို့ မိသားစုကို သာယာတယ်၊ ပျော်စရာ ကောင်းတယ် ပြောကြတော့ ပျော်တယ်။ တကယ့် အပြင်မှာ လည်း ဒီလိုပဲလေ။ ခုဆို စစ် လွန်းလေးပါ ရှိလာတော့ ပျော်စရာ တွေပဲပေါ့။ ကျွန်တော့် အခွေမှာ ကျွန်တော် ချစ်တဲ့ ကျွန်တော့် ဇနီး အကယ်ဒမီ ထက်ထက်မိုးဦး ကို သရုပ် ဆောင်ဖို့ပြောတဲ့ အတွက် ပရိသတ် တွေလည်း ကျွန်တော့်ရဲ့ အခွေကို စောင့်ကြည့်ပေးပါဦး” လို့ ပြောပြပါတယ်။ လတ်တလော မှာတော့ ဇူးမြတ် ထက် က နောက် ထပ် တစ်ခွေ စီစဉ်နေကြောင်း၊ ကိုယ်တိုင်တေးရေး၊ တေးဆို မလုပ် နိုင်သေးပေမယ့်လည်း ဖြစ်လာ အောင် ကြိုးစားမှာ ဖြစ်ကြောင်းနဲ့ အခွေ ရဲ့ ခေါင်းစဉ် ကိုတော့ စဉ်းစားနေတုန်း လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Credit to : Popular Journal

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us: digg: spurl: wists: simpy: newsvine: blinklist: furl: reddit: fark: blogmarks: Y!: smarking:

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter