Myanmar Blog » Asia Entertainment » R Zarni

R Zarni

    Romantic Short Story: Return to Paradise – Eliza Riley

    Lisa gazed out over the Caribbean Sea, feeling the faint breeze against

    shwedarling.com/blog

    Brave boy who challenge Nay Myo Wai

    ကြိုးဝိုင်းထဲမှာပြောချင်တယ် ဒီပုဒ်မပြင်ချင်လို့ အမေစုကိုသမ္မတဖြစ်စေချင်လို့ NLDကိုမဲပေးပါတယ်ဆိုမှ ၅၉( စ )ပြင်ရင်လူသတ်သင့်ရင်သတ်ရမယ်ဆိုတော့ ခင်ဗျားစကားကဥပဒေပြင်ပရောက်သွားပြီ ဘောင်ထဲကပဲပြောပါမယ် ကျွန်တော့်ဆန္ဒကတော့ပြင်ချင်တယ် ဒါဒီမိုကရေစီခေတ်ကြီးထဲကလူတိုင်းရဲ့ ငြိမ်းချမ်းစွာကွဲလွဲခွင့် လွတ်လပ်စွာရွေးချယ်ခွင့်လို့ကျွန်တော်ထင်တယ် ကျွန်တော်ကစာသိပ်မတတ်ဘူးဗျ ဒါ့ကြောင့်ရှည်ရှည်ဝေးဝေးလဲမပြောတတ်ဘူး ဟုက်ကဲ့ ကျွန်တော်အင်းစိန်မှာနေပါတယ် အင်းစိန်သားစစ်စစ်ပါ သွေးမနဲပါဘူး ပေါင်ချိန် ၁၃၀ ရှိတယ် ခင်ဗျားထက်တော့ပေါင်ချိန်နည်းရင်နည်းလိမ့် အကြာင်းမရှိပါဘူး သွေးရူးသွေတန်းတွေလျောက်အော်ပြီး လူအထင်ကြီးအောင်ပြောမနေပါနဲ့ဥပဒေဘောင်တွင်းကပဲ ပြောရအောင် ကြိုးဝိုင်းထဲကစောင့်နေမယ် Credit to Nyeinchan hmue’s facebook

    shwedarling.com/blog

    Makeup for ladies with glasses

    Who says glasses make ladies look old and unfashionable? You

    shwedarling.com/blog

    Big Thanks from Zaw Win Shein to Myo Gyi

    credit to original uploader

    shwedarling.com/blog

rzarni

“မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်”

ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာသွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကို
ဖေဖော်ဝါရီ၁၉ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က

“ရိုးရိုးသာမန်အအေးပတ်တာပါပဲ။
အခုတော့အားလုံးကောင်းပါပြီ။ဘန်ကောက်မှာ ၂ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွားတာပါ” လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R
ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။

ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာက အမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်းတွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့ပရိသတ်
တွေကိုလည်းကျေးဇူးတင်ကြောင်း R ဇာ နည်က” ဂရုတစိုက်၊ သတိတရနဲ့ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးတဲ့အတွက် ပရိသတ်ကြီး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးအတွက်

ကျွန်တော့်ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဒီထက်မကပိုပြီး ပေးဆပ် သွားမယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော့် ကျန်းမာရေး လည်းအားလုံးကောင်းပါတယ်” လို့ ပြောပါတယ်။ R ဇာနည်က ဆယ် တန်းစာမေးပွဲပြီးရင်တော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ” အဆိပ်တက် အိပ်မက်” ဗီစီဒီကို ထွက်ရှိမှာဖြစ် ကြောင်းပြောပါတယ်။ ဗီစီဒီကို အကောင်းဆုံးရိုက်ကူးထားကြောင်း R ဇာနည်က ” ဗီစီဒီကတော့
သီချင်းနဲ့ အလိုက်ဖက်ဆုံးစဉ်းစားပြီးတော့ ဒါရိုက်တာတွေက လည်းကျွန်တော့်အသိမိတ်ဆွေတွေပဲဆို တော့သူတို့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ကြိုးစားရိုက် ကူးထားပါတယ်။ ဗီစီဒီ က၁နှစ်ရိုက်ခဲ့ရတယ်။

ဟိုးတစ်နှစ်မိုးတွင်း မှာရိုက်တယ်။အခုပြီးခဲ့တဲ့ မိုးတွင်းမှာ အားလုံးအပြီးသတ်ရိုက်ပြီး သွားတယ်။ စာပေစိစစ်ရေးတင်တာတို့၊ ဟိုပွဲ၊ဒီပွဲတွေနဲ့ စာမေးပွဲတွေကြောင့် ရွှေ့လာတာ၊ အခု ဆယ်တန်းပြီးလောက်
မှာထွက်ဖြစ်မယ်။သင်္ကြန်လည်းကပ်နေ တော့ဆယ်တန်းပြီးတာနဲ့ အမြန်ထွက်လိုက်မှာပါ” လို့ ပြောပါ တယ်။

credit to : ခိုင်ဝေလွင် (Popular Journal)

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:R Zarni digg:R Zarni spurl:R Zarni wists:R Zarni simpy:R Zarni newsvine:R Zarni blinklist:R Zarni furl:R Zarni reddit:R Zarni fark:R Zarni blogmarks:R Zarni Y!:R Zarni smarking:R Zarni

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter