Myanmar Blog » Articles, Asia Entertainment » Is true about Sai Sai Kham Leng touching Thet Mom Myint?

Is true about Sai Sai Kham Leng touching Thet Mom Myint?

sai sai

စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့် အား ပွေ့ချီနေ သည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။
သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည် ရှိ ကော်ဖီ ဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကား များခဲ့ကြကြောင်း သိရသည်။

ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင်ကိုမျိုးအောင်သန်းမှာ အနည်းငယ် မူးယစ်နေခဲ့ကြောင်း စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ ဘေးလူများက ၀ိုင်းဝန်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရသည်။

ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစရာ တစ် ရပ် ဖြစ်သွားခဲ့လေသည်။

သို.ပေမယ်.အထက်ပါအဖြစ်အပျက်ကို
ရေးသားမှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေတယ်လို့ နာမည်ကျော် သရုပ်ဆောင် သက်မွန်မြင့်က ပြောလိုက်ပါတယ်။

သူ့ရဲ့ Facebook စာမျက်နှာကနေ အောက်ပါအတိုင်း ပြောလိုက်တာ ဖြစ်ပါတယ်။

“လူတွေဆိုတာ အံ့သြဖို့ကောင်းလိုက်တာ။
သူတစ်ပါး ဘယ်လိုခံစားရမလဲ၊ဘယ်လို ထိခိုက်နိုင်လဲ ဆိုတာကို မငဲ့ညှာဘူး။ လုပ်ချင်ရာ လုပ်တာပဲ။

အဲဒီ မျိုးအာင်သန်း ဆိုတာ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းထဲမှာ တောင် အဲဒီ နာမည်မရှိဘူး။ အဲလို အဆင့်အတန်းမရှိတဲ့သူတွေ မရှိဘူး။ဘာလို့ ဒီလို လုပ်ကြံဇာတ်တွေ ခင်းပြီးရေးရတာလဲ။

အနုပညာသမားလဲ လူပါပဲ။ လူ လူချင်း ကိုယ်ချင်းစာပေးသင့်ပါတယ်။
“ဝဋ်အမြဲ ငရဲအပ” လို့ပဲပြောလိုက်တော့မယ်။”

ဘယ်သူတွေက ဘယ်လို လုပ်ကြံဇာတ်ခင်းပြီး ရေးသားနေသလဲ ဆိုတာတော့ မသိရပါဘူး။
သို့သော်လည်း သူ့ရဲ့ မှတ်ချက်ကို ဖတ်ရင် အနည်းအကျဉ်းတော့ နားလည်ကြမှာပါ။

သက်မွန်မြင့်က အဲဒီမှတ်ချက်ကို လွန်ခဲ့ တဲ့  နှစ်ရက်လောက် က ရေးခဲ့တာပါ။
အဲဒီအချိန်တိုအတွင်းမှာပဲ သူ့ရဲ့ ဖေ့စ်ဘုတ်ပရိသတ်တွေက မှတ်ချက်တွေ ၂ဝဝ ဝန်းကျင် ၀ိုင်းပေးကြ နှစ်သိမ့်ကြပါတော့တယ်။

tmmyint
photo credit: Sanny Kyaw

အပြည့်အစုံကို သိချင်သူများ သက်မွန်မြင့် Facebook မှာ သွားရှာကြပါရန်

1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 4.00 out of 5)
Loading...

Social Bookmarking: del.icio.us:Is true about Sai Sai Kham Leng touching Thet Mom Myint?  digg:Is true about Sai Sai Kham Leng touching Thet Mom Myint?  spurl:Is true about Sai Sai Kham Leng touching Thet Mom Myint?  wists:Is true about Sai Sai Kham Leng touching Thet Mom Myint?  simpy:Is true about Sai Sai Kham Leng touching Thet Mom Myint?  newsvine:Is true about Sai Sai Kham Leng touching Thet Mom Myint?  blinklist:Is true about Sai Sai Kham Leng touching Thet Mom Myint?  furl:Is true about Sai Sai Kham Leng touching Thet Mom Myint?  reddit:Is true about Sai Sai Kham Leng touching Thet Mom Myint?  fark:Is true about Sai Sai Kham Leng touching Thet Mom Myint?  blogmarks:Is true about Sai Sai Kham Leng touching Thet Mom Myint?  Y!:Is true about Sai Sai Kham Leng touching Thet Mom Myint?  smarking:Is true about Sai Sai Kham Leng touching Thet Mom Myint?

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter