Myanmar Blog » Articles, Notes » မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန်

မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန်

    Funny Joke: Executions

    In some foreign country a priest, a lawyer and an engineer are

    shwedarling.com/blog

    Pann Ei Phyu & Pi tauk

    ပန်းပိတောက် ကို ချစ်တယ် …

    shwedarling.com/blog

    Chit Thu Wai @ New York

    ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ မြန်မာ နိုင်ငံ ကိုယ်စားပြု  သံတမန် အဖြစ် တက်ရောက်နေတဲ့ သရုပ်ဆောင် ချ

    shwedarling.com/blog

    Joke of the day

    Credit to Original uploader

    shwedarling.com/blog

မန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော တရုတ်လူမျိုး ရိုက်စား ဆေးခန်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

NHK_3

New HK

New HK_2

လွန်ခဲ့သော ရက်ပိုင်းက ရန်ကုန်မြို့  လသာမြို့နယ် စဉ့်အိုးတန်းလမ်း အောက်ဘလောက် ရှိ
” ခေတ်မှီ ” ဆေးခန်း အကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ အမျိုးသမီး တစ်ဦး၏ ရင်ဖွင့်သံ တစ်ခု FB တွင် ပျံ့ နှံ့ခဲ့သည်။

ထို့အတူပင် သန်လျင်မြို့ နေ ဦးမောင်မောင် ဆိုသော လူနာတစ်ဦးကလည်း အဆိုပါ ဆေးခန်းနှင့် လုပ်ပုံကိုင်ပုံတူသော အမှတ် (147- A) ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တစ်ထောင်မြို့ နယ် ရှိ “နယူးဟောင်ကောင်” ဟု အမည်ရသော ဆေးခန်းတွင် ထိုအမျိုးသမီးကဲ့သို့ပင် ကြုံခဲ့ရသည်။
အဆိုပါ ဆေးခန်းများမှာ အထင်ကရ ဂျာနယ်များတွင် ခေတ်မှီစက်ကိရိယာပုံများပြလျှက် ဆက်တိုက်ဆိုသလို ကြော်ငြာနေသည်။ ကြော်ငြာခ အတွက် တစ်ပါတ်လျှင် ဆယ်သိန်းကျပ် ၀န်းကျင်ခန့် အသုံးပြုနေကြောင်း တွေ့ ရသည်။

ကြော်ငြာများတွင်မူ ယခုပင် ရောဂါပျောက်ကင်းမည့်ပုံစံ အနောက်တိုင်း ဆေးပညာဖြင့် ကုသနေပုံကြော်ငြာထားသည်။ (ကြော်ငြာများ ယှဉ်တွဲ ဖေါ်ပြထားသည်။)

ကိုယ်တိုင်ရောက်သူဖူးသော ဝေဒနာသည်များ ပြောစကားအရမူ ဆေးခန်းအပြင်တွင် မြန်မာပြည်မှာ မှ အထွေထွေရောဂါကု ဆရာဝန် အမည်များ ချိတ်ထားသည်။ ဥပမာ …. ဒေါက်တာ—— အက်ဘီဘီစက်စ် ပီအက်ခ်ျဒီ မြန်မာ (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) စသည်ဖြင့် မြန်မာပြည်မှ ဘွဲ့ရ အထူးကု ဆရာဝန်ကြီးများ ထိုင်ဆေးကုနေဟန်ဖြင့် ဆိုင်းဘုတ် တင်ထားသည်။ (အမည်တူ ဘွဲ့တူ ဆရာဝန်များ ရှိပါက ထိခိုက်မည် စိုးသဖြင့် အတိအကျ မဖေါ်ပြခြင်းဖြစ်ပါသည်။)

ဆေးခန်းအတွင်း ၀င်မိသည်နှင့် စာအုပ်ဖိုး ဟု ဆိုကာ ကျပ်ငါးထောင်ယူလိုက်သည်။ လူနာရောက်လာသည်နှင့် ဆေးခန်း အပေါ်ထပ်တွင် ချက်ပြုပ် စားသောက် နေထိုင်သော အသက် ၃၀ အရွယ် တရုတ်လူမျိုး တစ်ဦးဆင်းလာသည်။ အဆိုပါ တရုတ်မှာ မြန်မာစကားဆို တစ်လုံးမျှ မတတ်သော သူဖြစ်နေသည်။

ကြော်ငြာထဲတွင် ပါသည်ကို ဖတ်မိသဖြင့် နယူးဟောင်ကောင်တွင် လည်ချောင်းနာရောဂါ သွားပြသော သန်လျင်နေ ဦးမောင်မောင်က “ဆေးခန်းထဲ ရောက်တာနဲ့ မြန်မာလို တတ်တဲ့ တရုတ်မလေးက ကျွန်တော့် နာမည်တွေ ဘာတွေမေးပြီး စာအုပ်မှာရေးတယ် ပြီးတော့ စာအုပ်ဖိုး ဆိုပြီး ငါးထောင်ကျပ် တောင်းတော့တာဘဲ။ နည်းနည်းအောင့်သွားတယ်။ ထားပါတော့ ဆိုပြီး စာအုပ် ဖိုးပေးလိုက်တယ်။ ဆရာဝန်လာတော့ ဆေးခန်းထဲ ၀င်သွားလိုက်တာ အပေါက်ဝက ဆိုင်းဘုတ်နဲ့ မတူဘဲ မြန်မာစကား မတတ်တဲ့ တရုတ်လူမျိုး ဖြစ်နေတယ်။
မြန်မာဆရာဝန် ဘွဲ့ ချိတ်ထားတော့ မြန်မာ ထင်တာ။ မြန်မာစကားတောင် မတတ်တဲ့ တရုတ်က ဘယ်လိုလုပ် မြန်မာပြည်က ဆရာဝန်ဘွဲ့ ရထားသလဲ မသိဘူးဆိုပြီး စဉ်းစားမိတယ်။ ကုသခန်းထဲ ရောက်တော့ တရုတ်က ဘာသာပြန် တရုတ်မကတဆင့် ကျွန်တော်နဲ့စကားပြောတယ်။ ဝေဒနာပြောပြတော့ ကျွန်တော့် လည်ချောင်းထဲ မှန်ဘီလူး နဲ့ ထိုးကြည့်တယ်။ လည်ချောင်းထဲမှာမြင်ရတာကို မော်နီတာ မှာ ပြတယ် လည်ချောင်းမှာ အရည်ကြည်ဖု ရှိနေတယ်တဲ့။ ဘာသာပြန်က တဆင့် သူပြောပုံက ကင်ဆာဘဲ ဖြစ်နေသလိုလို ကျွန်တော် လန့်သွားတယ်။ ပြီးတော့ ဆေး ၂ လ သောက်ရမယ်လို့ ပြောတယ်။ ကျွန်တော်က ဆေးဖိုးမေးတယ်။ တစ်ရက်ကို သုံးသောင်း နဲ့ ၂ လ သောက်ရမယ်တဲ့ ။ ဆေးဖိုး တစ်လ ကိုးသိန်း ကုန်မယ် ၂ လ ဆိုတော့ ၁၈ သိန်းပေါ့။ သူက ဆေးထိုးချင်လဲ ရတယ်တဲ့ အဲ့ဒါနဲ ဆေးထိုးမယ်ဆိုရင် တစ်လုံးကို တစ်သိန်းနဲ့ ဆယ်ရက်ထိုးရမယ် တဲ့။ ဆယ်သိန်းပေါ့။

ကျွန်တော် မျက်လုံးပြူးသွားတယ်။ ကျွန်တော့်မှာ ပိုက်ဆံ မပါဘူး။ ကျွန်တော်က သန်လျင်က လာတာ မိသားစုနဲ့ တိုင်ပင်ပြီး ဆေးပြန်လာယူမယ် ဆိုတော့ နေအုံး အဆင်ပြေအောင် လုပ်ပေးမယ် အခု ငွေဘယ်လောက် ပါသလဲ မေးတယ်။ အခု လေးသောင်း ပါတယ် ဆိုတော့ အဆင်ပြေအောင်လုပ်ပေးမယ် တစ်လစာ မယူသွားနဲ့ သုံးရက်စာ ယူသွား လေးသောင်းနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်တယ်။ ကျွန်တော်လည်း သောက်ကြည့်မယ်ဆိုပြီး လေးသောင်းနဲ့ သုံးရက်စာ ၀ယ်လာတယ်။ ငငြုပ်ကောင်းစေ့လို ဆေးရယ် ဆေးတောင့် ရယ် သုံးရက်စာ ပေးလိုက်ရတယ်။ ဒါနဲ့ ဆေးသောက်ကြည့်တယ် ဘာမှ မထူးဘူး။ အဲ့ဒါနဲ့ ကျွန်တော်လည်း အတော်လေး စိတ်ဓါတ်ကျနေတယ်။ ငါ့လည်ချောင်း ကင်ဆာဖြစ်နေပြီပေါ့။

အဲ့ဒါနဲ့ဘဲ နောက်ဆုံး နှင်းဆီကုန်းဆေးခန်းသွားပြီး နား၊ နှခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် တစ်ဦးနဲ့ သွားပြတယ်။ ဆရာဝန်က ရောဂါ လက္ခဏာ ကြည့်ပြီး တန်းပြောတယ်။ ခင်ဗျားရောဂါက လည်ချောင်းမှာ အရည်ကြည်ဖု ပေါက်နေတာ ဟုတ်တယ်။ ဒါပေမယ့် တကယ့်အနာက လည်ချောင်းထဲမှာ မဟုတ်ဘူး။ နှာခေါင်းထဲမှာ အနာဖြစ်နေတာ။ နှာခေါင်းထဲက နှပ်ချေး က လည်ချောင်းမှာ သွားကပ်ပြီး အရည်ကြည်ဖု ပေါက်နေတာ ဆိုပြီး သောက်ဆေးပေးလိုက်တယ်။ သောက်ဆေး ၅ ရက်သောက်တာနဲ့ ပျောက်သွားတယ်ဗျာ။

နယူးဟောင်ကောင် ဆေးခန်းကိုတော့ နောက် ယောင်လို့တောင် မသွားတော့ဘူး။ ကျွန်တော့်လို အခြားသူတွေ မခံရအောင် မီဒီယာက တဆင့် ဖေါ်ပြပေးစေချင်တယ်။” ဟု ပြောသည်။

နိုင်ငံခြားသားဆရာဝန်များ ပြည်တွင်းသို့ မည်သည့်အကြောင်းရင်းနှင့်မဆို လာရောက်ကျန်းမာရေးစစ်ဆေး၊ ကုသ၊ ခွဲစိတ်မှုများအတွက် မြန်မာနိုင်ငံဆေးကောင်စီတွင် ကုသခွင့်ရှိသော လိုင်စင်လျှောက်ထားရန် ပြဋ္ဌာန်းထား ပြီးဖြစ်သည်။

မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ အခန်း(၁၄)၊ ပုဒ်မ-၄၁ အရ နိုင်ငံခြားသား ဆရာဝန်များ လိုင်စင်မဲ့ ဆေးဝါးကုသ ပါက ထောင်ဒဏ် ငါးနှစ် သို့မဟုတ် ငွေဒဏ်ကျ ခံနိုင်ကြောင်း မတ်လ ၁၁ ရက်တွင် မြန်မာနိုင် ငံဆေးကောင်စီက ကြေးမုံ သတင်းစာတွင် အတိအလင်းကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

သို့သော် ကုခွင့် လိုင်စင်လိုချင်သော နိုင်ငံခြားသား ဆရာဝန်အနေဖြင့် အမှန်တကယ် ဆရာဝန်ဖြစ်ရန် နှင့် သက်ဆိုင်ရာ နိုင်ငံများက ထုတ်ပေးသော ကုသခွင့် လိုင်စင်ကို ထပ်မံ စစ်ဆေးပြီးမှသာ လိုင်စင်ထုတ်ပေးမည်ဖြစ်ရာ ဆရာဝန် အတု အယောင်များ အနေဖြင့် လိုင်စင် လွယ်လွယ်ကူကူ ရယူနိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံဆေးကောင်စီတွင် နိုင်ငံခြားသားဆရာဝန်များ ဆေးကုသခွင့် လိုင်စင်ရရှိရန် ဒေါ်လာ ၁၅၀၀ ခန့်အထိ ကုန်ကျပြီး တခြားနေထိုင်စရိတ်များပါ ထည့်တွက်ပါက ငွေကျပ်သိန်း ၄၀ ခန့် ကုန်ကျသဖြင့် အချို့သော အဖွဲ့အစည်းများသည် နိုင်ငံခြားသားဆရာဝန်များအတွက် ဆေးကုသခွင့်လိုင်စင် လျှောက်ထားခြင်းမရှိဘဲ ကျန်းမာရေးစစ်ဆေးခြင်းများ ကုသပေးခြင်းများ ကို ပြည်တွင်း ဆရာဝန်များ၏ အမည်ကို ခံယူထားသော ဆေးခန်းများတွင် ၀င်ရောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူပင် မြန်မာပြည်တွင်း၌ လူနာများကို ကုသသော ဆေးဝါးများမှာ အစားအစာနှင့်ဆေးဝါး မှတ်ပုံတင် ရှိရန် လိုအပ်သည်။ အဆိုပါ “နယူးဟောင်ကောင်” နှင့် ” ခေတ်မှီ” ဆေးခန်းက ကုသနေသော ဆေးဝါးများမှာ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လိုင်စင်ရော အစားအသောက်နှင့် ဆေးဝါး လိုင်စင်ပါ ရယူထားခြင်း မဟုတ်ဘဲ တရုတ် ဆေးဝါးများသာဖြစ်ကြောင်း ကုသမှု ခံယူထားသော လူနာများက အခိုင်အမာဆိုကြသည်။

တာဝန်ရှိသူများ အနေဖြင့် မြန်မာပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပါလှသော ဆေးရုံ ဆေးခန်းများကို သေချာ တိကျစွာ စစ်ဆေးပြီးမှသာ လုပ်ငန်း လိုင်စင် ထုတ်ပေးရန် နှင့် ရိုက်စား ဆေးခန်းများ နှင့် အမည်ခံ ဆရာဝန်များကို ဥပဒေနှင့် အညီ ပြင်းပြင်းထန်ထန် စစ်ဆေးပေးရန် လိုအပ်နေသေးကြောင်း လူနာများက ဆိုသည်။

ဇော်လွင်ဝင်း
၁၃၇၅ ခုနှစ် နှစ်ဆန်း ၂ ရက်နေ့..

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် digg:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် spurl:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် wists:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် simpy:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် newsvine:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် blinklist:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် furl:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် reddit:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် fark:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် blogmarks:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် Y!:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန် smarking:မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန်

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter