Myanmar Blog » Articles, Asia Entertainment » Interviewed with Hein Wai Yan

Interviewed with Hein Wai Yan

hwYan

သရုပ်ဆောင်ဟိန်းဝေယံနှင့် တွေ့ဆုံခြင်း
………………………………………

အချစ်ဇာတ်ကားများနှင့် အောင်မြင်နေသော လူငယ်သရုပ်ဆောင် ဟိန်းဝေယံကို “အမုန်းမီးတောက်” ရုပ်ရှင်ဇာတ်ကားကြီး အစမ်းပြပွဲတွင် သူ၏လတ်တလော အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

Voice : အမုန်းမီးတောက် ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင် စရိုက်နဲ့ သရုပ်ဆောင်ရလဲ၊ ဇာတ်လမ်း ကကော ကိုယ်နဲ့လိုက်ဖက်ရဲ့လား။

HWY : ဒီကားမှာ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်ပုံစံက လူငယ်ပုံစံလေး ပါပဲ။ အဲဒီမှာ နှစ်ဖက်မိသားစုရဲ့ အငြိုး အာဃာတတွေကြောင့် ကျွန်တော်တို့လူငယ် တွေမှာ ခံစားရတဲ့ အပိုင်းလေးပါ။ ပြဿနာဖြစ်တဲ့ ပုံစံလေး ရိုက်ထားတာပါ။ ဒီကားလေး က Heavy ဒရာမာလေးပါ။ အမှန် တိုင်းပြောရရင် တစ်ကားလုံး တော်တော်လေး ကောင်းပါတယ်။အားလုံးက ဒါရိုက်တာကအစ စက်အဖွဲ့က အဆုံး အကုန်လုံး စိတ်ရောကိုယ်ပါ နှစ်ပြီးတော့ ကြိုးစားထားတဲ့ ကားလေးပါ။ ဒီကားလေးကို ကြည့်တဲ့အခါမှာ ကျွန်တော့် အနေနဲ့ အခန်းတိုင်းကို စိတ်ကျေနပ်မှု ရှိပါတယ်။

Voice : ခက်ခက်ခဲခဲ အပင်ပန်းခံ ရိုက်ရတဲ့အခန်းတွေ ရှိလား။

HWY : ကျွန်တော့်အနေနဲ့ကတော့ အခုချိန်ထိတော့ အခက်အခဲတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအနုပညာပေါ်မှာ လေးလေးနက်နက် ထားတယ်ပေါ့။ လွယ်လွယ်ကူကူ လုပ်ရတဲ့အလုပ် ဆိုတာတော့ မရှိပါဘူး။ ဒီကားလေးမှာဆိုလည်း အခန်းတိုင်းက ပျော်စရာဆိုလည်း ပျော်စရာမို့လို့၊ Drama ဆိုလည်း Drama မို့လို့ သူ့ရဲ့ Tempo လေးတွေအပေါ်မှာ ကျွန်တော့်အနေနဲ့ အရမ်းကို သတိထားပြီး လုပ်ရပါတယ်။ အခက်အခဲကတော့ ခုချိန်ထိတော့ အနည်းနဲ့အများတော့ ရှိပါတယ်။

Voice : အကယ်ဒမီ ၉ ယောက်နဲ့ အတူ သရုပ်ဆောင်ထားရတော့ ဒီကားမှာ အကယ်ဒမီ ရနိုင်မယ်လို့ မျှော်မှန်းနိုင်လား။

HWY : အဲဒီလိုမျိုးတော့ မရှိပါဘူး။ အနုပညာ အလုပ်ကို လုပ်တဲ့ နေရာမှာ ဘယ်တစ်ခုကိုမှ မျှော်ကိုး ပြီးတော့ လုပ်တာ မရှိပါဘူး။ အတတ်နိုင်ဆုံး ကြိုးစား ပြီးတော့ လုပ်ထားပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကို ကျေနပ်အားရတယ်။ ဘာကိုမှ မမျှော်ကိုးပါဘူး။

Voice : လူငယ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဘယ်လိုဇာတ်ရုပ် မျိုးကို ပိုပြီးတော့ သရုပ်ဆောင်ချင်လဲ။

HWY : သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အပေါ်မှာတော့ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ချင်ပါတယ်။ ဆက်ပြီးတော့လည်း လေ့လာသွားဦးမယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ။ ပရိသတ်တွေ အတွက်ကို မတူညီတဲ့ ဇာတ်လမ်းတွေကို ကြိုးစား သရုပ်ဆောင်ပြီးတော့ ဖြတ်သန်းသွား မှာပါ။

Voice : မာန်ထက်ချီ ထုတ်လုပ်ရေးက အခု တစ်နှစ်အပိတ်ခံထားရတဲ့ အပေါ်ရော ဘယ်လိုမြင်လဲ။

HWY : ကျွန်တော့်အနေနဲ့ အဲဒီ အပေါ်မှာ ထွေထွေထူးထူး ဘာမှ မပြောချင်ပါဘူး။ ဘယ်လိုမှလဲ ထင်ကြေး မပေးတတ်ပါဘူး။

Voice : အချစ်ရေးကရော။

HWY : အမှန်အတိုင်းပြောရရင် အနုပညာကိုပဲ ကျွန်တော့်အနေနဲ့ ပိုပြီးတော့ ချစ်နေပါတယ်။ ခုချိန်မှာ ကျွန်တော့်ရဲ့ စိတ်ထဲမှာ အနုပညာပဲ ရှိပါတယ်။

Voice : အရင်က ပရိသတ်တွေ ကြားမှာ တေးသံရှင်သရုပ်ဆောင် မိန်းကလေး နဲ့ ထွက်ခဲ့တဲ့ သတင်းတွေပေါ်ရော ဘယ်လို ဖြေရှင်းဖို့ရှိလဲ။

HWY : ကျွန်တော့်အနေနဲ့ ကောလာဟလတွေကိုတော့ ကောလာဟလ လို့ပဲ မှတ်ပါတယ်။ အဲဒီအပေါ်မှာတော့ ကောလာဟလဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကိုယ့်အနေနဲ့ စိတ်ထဲမှာတော့ ဘာမှမခံစားရပါဘူး။
(ဟန်သူထွန်း)
Credit to : The Voice Weekly

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Interviewed with Hein Wai Yan digg:Interviewed with Hein Wai Yan spurl:Interviewed with Hein Wai Yan wists:Interviewed with Hein Wai Yan simpy:Interviewed with Hein Wai Yan newsvine:Interviewed with Hein Wai Yan blinklist:Interviewed with Hein Wai Yan furl:Interviewed with Hein Wai Yan reddit:Interviewed with Hein Wai Yan fark:Interviewed with Hein Wai Yan blogmarks:Interviewed with Hein Wai Yan Y!:Interviewed with Hein Wai Yan smarking:Interviewed with Hein Wai Yan

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter