Myanmar Blog » Asia Entertainment » Words from Alex

Words from Alex

    Please stop using chemical to catch fish/cricket!

    “ပုရစ် ရောင်းတယ်….. ပုရစ်´´ လို့ သံရှည်ဆွဲအော်လိုက်တဲ့ အသံစူးစူးလေးတစ်ခု ကွန်ပျူတာ စာစီစာရိုက်လုပ်နေတဲ့ ကျွန်တော့် ဆိုင်ခန်းထဲကို တိုးဝင်လာပါတယ်။ မနက်

    shwedarling.com/blog

    Moh Moh Myint Aung vs May Than Nu

    Moh Moh Myint Aung and May Than Nu were once the golden

    shwedarling.com/blog

    What the hell?

    shwedarling.com/blog

    Fashion: Christina’s style

    Credit: Phoewa.com Technorati Tags: asian, fashion, style, shopping, clothes

    shwedarling.com/blog

Alex

ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ရိုးသားဖို့ကအဓိကပါ
အဲလက်စ်

=========================================
လူသန်းပေါင်းခြောက်ဆယ်ထဲ မှာအောင်မြင်ကျော်ကြားတဲ့သူ တစ် ယောက်ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ကိစ္စရပ်ပါ။အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ် ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူတို့ကဘယ်လို အကြောင်းအရာ တွေပေါ်မှာအသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ စိတ်ဝင်စားစ ရာပါပဲ။

ပရိသတ်တွေကြိုက်နှစ်သက် ရတဲ့အကြောင်းအရင်းကဒီလိုပါ
————————————————————
ကျွန်တော့်ကို ပရိသတ်တွေက ဘာကြောင့်ကြိုက်တာလဲဆိုတော့ ကျွန်တော်ခံစားတဲ့အတိုင်း ပရိသတ် ကိုတင်ဆက်တဲ့အခါမှာ အဆင်ပြေ တယ်။ သီချင်းရေးပြီးတော့ဆိုတဲ့ အခါ သိချင်တဲ့နည်းပညာတွေ၊ ဆို ပုံဆိုဟန်တွေကို ကျွန်တော်က အဓိ ကမထားဘဲနဲ့ ကျွန်တော့်သီချင်း တစ်ပုဒ်ကိုခံစားပြီးပဲဆိုတယ်။ ခံစား တဲ့အတိုင်း၊ ဖြစ်နေတဲ့အတိုင်းပဲဆို လိုက်တယ်။ ကျွန်တော်ဆိုလိုက်တဲ့ အတိုင်း ကျွန်တော့် Vocal က သီ ချင်းတစ်ပုဒ်မှာ Perfect မဖြစ်ဘူး။ အမြဲတမ်းအမှားကင်းစင်ပြီး Perfect ဖြစ်တဲ့သီချင်းမျိုးဆိုတာ ကျွန် တော်ဆိုခဲ့တဲ့သီချင်းပုဒ်ရေရာကျော် ထဲမှာရှိတာရှားပါတယ်။ လက်ချိုးရေ လို့ရပါတယ်။ Perfect ဖြစ်တာဆိုလို့ သုံးလေးငါးပုဒ်လောက်ပဲရှိမယ်။ ဒါကြောင့် သီချင်းတစ်ပုဒ်ကိုဆို တိုင်း Mood နဲ့ပဲဆိုခဲ့တာပါ။ သီ ချင်းဆိုတဲ့ပုံစံ၊ သီချင်းရေးတဲ့ပုံစံပါ။ အဓိကကတော့ ကိုယ်ခံစားတာကို ဆိုတယ်၊ ရေးတယ်၊ ရိုးရိုးသားသား ပဲတင်ဆက်ခဲ့တယ်။ အဲဒီအတွက် ကြောင့်မို့ ပရိသတ်တွေက သူတို့ ရဲ့ခံစားချက်နဲ့ တိုက်ဆိုင်သွားတဲ့ အချိန်မျိုးမှာသဘောကျမယ်လို့ ထင်ပါတယ်။

အနုပညာအလုပ်အပြင် တ ခြားကျွမ်းကျင်တဲ့အလုပ်တွေရှိ တယ်
——————————————————————-
အနုပညာအလုပ်အပြင် တ ခြားကျွမ်းကျင်ပြီးဝါသနာပါတာက မော်တော်ကားတွေကို လှလှပပ လေးဖြစ်အောင်ပြင်ဆင်ရတာမျိုး တွေသဘောကျတယ်။ ပြီးတော့ အိမ်အတွင်းရော၊ အပြင်ရော လှလှ ပပလေးပြင်ရတာ၊ ဆောက်ရတာ ကိုသဘောကျတယ်။ ပြီးတော့ ကျွန် တော် ဟင်းချက်ရတာကိုကြိုက် နှစ်သက်တယ်။ တစ်ခါတလေ အိမ် မှာ ကျွန်တော်ဟင်းချက်တယ်။ ကျွန်တော့်ကလေးတွေဆိုရင် ကျွန် တော်ဟင်းချက်တာကိုအရမ်းသ ဘောကျတယ်။ ပြီးတော့ သူများကို ဓာတ်ပုံရိုက်ပေးရတဲ့ Cameraman လုပ်ရတာကိုလည်း ကြိုက်တယ်။ ဓာတ်ပုံရိုက်တဲ့အခါ လူကိုဓာတ်ပုံ ရိုက်တာထက် ရှုခင်းပုံတွေရိုက်ရ တာကိုသဘောကျတယ်။ ပြီးတော့ ကြည့်လိုက်ရင်ဘာမှန်းမသိတဲ့ ဓာတ် ပုံမျိုးကိုရိုက်ရတာပိုကြိုက်တယ်။

အောင်မြင်မှုနဲ့အတူ ပိုင်ဆိုင် ခဲ့ရတဲ့ဘ၀မှာ အရေးကြီးဆုံးက မိသားစုပါ
———————————————————————-
ကျွန်တော့်ဘ၀မှာ မိသားစုက တော့အရေးကြီးဆုံးပါပဲ။ ငယ်ငယ် တုန်းကတော့ အနုပညာကနံပါတ် တစ်ပေါ့။ အဲဒီလိုမျိုးထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ မိသားစုက ကျွန်တော့်ဘ၀မှာ နံပါတ်တစ်အ ရေးကြီးဆုံးပါပဲ။ ကျွန်တော်တို့လေး ယောက်အတူတူရှိနေမှ ကျွန်တော် တို့ဘ၀ပြည့်စုံတယ်လို့ထင်ပါတယ်။
အောင်မြင်မှုတစ်ခုရရှိဖို့အ တွက် အဓိကလျှို့ဝှက်ချက်က
အဓိကကတော့ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ရိုးသားဖို့ကမရှိမဖြစ် ပါ။ ရိုးသားမယ် ပြီးရင် ကိုယ့်ကိုယ် ကိုယ်မညှာဖို့က အောင်မြင်ဖို့အ တွက် လျှို့ဝှက်ချက်ပါပဲ။ သီချင်း တွေရေးတယ်၊ သီချင်းတွေဆိုတဲ့ နေရာမှာပေါ့။

အောင်မြင်ခြင်းနဲ့ကျဆုံးခြင်း ဆိုတဲ့အရာနှစ်ခုကြုံတိုင်း ဘေး နားမှာအမြဲတမ်းရှိနေတာ မိသား စုပါပဲ
————————————————————–
ကျွန်တော်ဘာသီချင်းတွေရေး နေပါစေ မအိကဘယ်တော့မှ မ နှောင့်ယှက်ဘူး။ ပြီးတော့ ဘယ်သူ သူ့အကြောင်းပဲသီချင်းရေးပါစေ၊ သူစိတ်မဆိုးတတ်ဘူး။ အဲဒီလိုမျိုး နားလည်ပါတယ်။ အဲဒါလေးတစ်ခု နဲ့တင် ကျွန်တော့်အတွက်လုံ လောက်နေပါပြီ။ ပွစိပွစိဖြစ်နေ ရင်တော့ ကျွန်တော်ဘယ်လိုမှခံနိုင် မှာမဟုတ်ဘူး။ ကျွန်တော့်မိန်းမက အဲဒီလိုမျိုးမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်အောင်မြင်တဲ့အချိန်၊ ကျ ဆုံးတဲ့အချိန်တွေမှာ ကျွန်တော့်ဘေး နားမှာ အမြဲတမ်းရှိနေပေးတာက ကျွန်တော့်မိန်းမနဲ့ ကျွန်တော့်က လေးနှစ်ယောက်ပါပဲ။ လူဆိုတာက တော့ ကိုယ်လုပ်တာကို ကိုယ်ခံရမှာ ပဲလေ။ ကောင်းတာလုပ်ရင်လည်း ကိုယ်၊ ဆိုးတာလုပ်ရင်လည်းကိုယ်ပဲ ပေါ့။ အဲဒီအရာတွေအားလုံးကို မျှဝေခံစားပေးနိုင်တာက ကျွန်တော့် အတွက် ဒီသုံးယောက်ပဲရှိပါတယ်။ ဒီအတွက်လည်း ကျွန်တော့်မိသားစု အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

Credit to : 8 DAYS A WEEK ENTERTAINMENT
ကလောင် – ထွန်းမြင့်ဇော် ၊ ဓာတ်ပုံ – ခင်မောင်လတ် (Silver Image)

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Words from Alex digg:Words from Alex spurl:Words from Alex wists:Words from Alex simpy:Words from Alex newsvine:Words from Alex blinklist:Words from Alex furl:Words from Alex reddit:Words from Alex fark:Words from Alex blogmarks:Words from Alex Y!:Words from Alex smarking:Words from Alex

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter