Myanmar Blog » Articles, Knowledge Base » “လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်”

“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်”

boy

“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်”

ကလေးနံမည်က မောင်ကျော်မင်းဦး အသက်က (၇)နှစ်အရွယ်
ဒီကလေးက အဖေအမေမွေးတုန်းက အကောင်းလေး အချောလေး
အခုတော့ ကလေးဟာ ပညာကိုတောင်ဖြောင့်ဖြောင့်တန်းတန်း မသင်နိုင်တော့ပဲ
ဦးနှောက်အာရုံကြောတွေထိခိုက်ပြီး စာသင်တာတောင် တစ်နှစ် နားလိုက်ရပါတယ်…

အဖေ အမေက ဦးတင်မော်+ဒေါ်နန်းမိုးငယ် ရှမ်းလူမျိုး မိသားစုတွေဖြစ်ပြီး
ပင်လုံမြို့ပေါ်မှာ နေထိုင်ကြပါတယ်…

၂၀၁၂ ခုနှစ်မှာ ကလေးက(၇)နှစ် ဒုတိယတန်းအရောက် ၊ သူပညာသင်ကြားတဲ့ ၊ ပင်လုံမြို့ ၊ အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှာဆရာမဖြစ်တဲ့ ဒေါ်လှမြိုင်ဟာ ကျောက်သင်ပုန်းကို မျဉ်းသားရာမှာ အသုံးပြုတဲ့ ၂” x ၁” သစ်သားချောင်းနဲ့ လက်ကို သုံးချက် ၊ ခေါင်းကို လေးချက်
တီးတယ်တဲ့ဗျာ…ကလေးကဘာအပြစ်လုပ်တယ်တော့မသိဘူး ဆော်ပလော်တီးလိုက်တာကတော့ငါးဖယ်တေသလို တေပလိုက်တယ်လို့ဆိုရမယ်ရပ်ကွက်ထဲက ကိုသံချောင်းတို့လင်မယားချင်း ရန်ဖြစ်တာတောင် အဲလောက်ဆော်တာ မတွေ့ဖူးပါဘူး…

အရိုက်ခံရပြီး နှစ်ရက်သုံးရက်မှာ ကလေးက ခေါင်းကိုက်တဲ့ဝေဒနာ မူးဝေတဲ့ဝေဒနာတွေ အပြင်းအထန်ခံစားရပြီး ပင်လုံ ပုဂ္ဂလိကဆေးရုံ လွိုင်လင်ခုတင်(၂၀၀)ဆေးရုံ ၊ အောင်ပန်း ခုတင်(၇၀၀)ဆေးရုံ အဲဒီကနေ တောင်ကြီး ထွန်းဆေးရုံ ၊ နောက်ဆုံးမှာတော့ ဆရာဝန်တွေ
အဆင့်ဆင့်က ရန်ကုန်အထူးကုတွေဆီသွားဖို့ ညွှန်ကြားကြပါတော့တယ်…

ကလေးရဲ့မိဘတွေက တစ်နေ့လုပ်တစ်နေ့စားတွေ ဆင်းရဲသားတွေ ၊ ဒီဖြစ်စဉ်ကြောင့် မိဘတွေဟာ ဆရာမ ဒေါ်လှမြိုင်ဆီ သွားတွေ့ကြပါတယ်
အဲဒီအချိန်ထိ မောက်မာတဲ့ဆရာမဟာ ငွေငါးသိန်းပေးမယ် ကျေနပ်ရင်ယူ မကျေနပ်လဲ ကြိုက်တဲ့နေရာသွားတိုင်လို့ ဆဲဆို အငေါ်တူးထည့်ပါတယ်..
ဒီအချက်ကိုကြည့်ပြီး ဆရာမဖြစ်သူရဲ့ လုပ်ရပ်နဲ့စိတ်နေသဘောထားကို ခန့်မှန်းနိုင်ပါတယ်…

ကလေးကတော့ ကျောင်းထုတ်ထားလိုက်ရတယ် … ကလေးရဲ့မိဘတွေက ငွေရေးကြေးရေးက မပြည့်စုံ ကလေးကို လောလောဆယ်ကုသဖို့တောင် ငွေတိုးချေးငှားပြီးကုသရ
စားဝတ်နေရေးအတွက်တစ်ဖက်က လုံးပန်းရတဲ့အထဲ ဆရာမရဲ့ ရင့်သီးရိုင်းစိုင်းမှုတွေကိုသည်းညည်းမခံနိုင် တစ်ဖက်မှာ ကလေးကမသက်သာဆိုတော့ သူတို့ဖက်မှာ
တရားဥပဒေတော့ရှိပါသေးတယ်ဆိုပြီး လွိုင်လင်ခရိုင်ဆိုတော့ ခရိုင်တရားရုံးမှာ တရားလိုလုပ်ပြီး ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ပါတယ်…

အခုခေတ်က အရင်ကလို ငွေများ တရားနိုင်တဲ့ခေတ် မဟုတ်တော့ပါဘူး ပြောင်းလဲသွားပြီ
ငွေနည်း တရားရှုံးတဲ့ခေတ်လို့ပဲ ဆိုရလေမလား လေးကြိမ်တိုင်တိုင်ရုံးချိန်းပြီး အမှုမစစ်ခဲ့ပါ ငါးကြိမ်မြောက်မှာ မကောင်းတတ်လို့စစ်ဆေးပြီး (၆)ကြိမ်မှာ ထပ်မံချိန်းဆိုပြန်ပါတယ်… (၇)ကြိမ်မြောက်မှာ ပင်လုံမြို့နယ်ခွဲဆရာဝန်ဆီကနေကလေး ပြင်းထန်တဲ့ဒဏ်ရာ မရှိ ၊ ထိခိုက်မှုမရှိကြောင်း ဆေးစာကို ဆရာမဒေါ်လှမြိုင်ဖက်ကနေ တင်ပြခဲ့ပါတယ် ကလေးကို စစ်ဆေးတာ ကုသတာ တစ်စုံတစ်ရာမှမရှိပဲဒီဆေးစာထွက်လာတော့ ကံဆိုးမသွားရာ မိုးကလိုက်လို့ရွာပြန်ပြီပေါ့…ဆရာဝန်တွေကပါ ဒေါ်လှမြိုင်ဖက်ပါတဲ့ ဆရာတွေ ငွေတွင်းထဲပဲ ၀င်ကုန်ကြပြီလားပဲ…

ဒီအတိုင်းသွားရင်တော့ မြေနိမ့်ရာလှံစိုက်ခံရမယ့်အခြေအနေမို့ နားလည်သိတတ်သူတွေရဲ့ အကြံပေးချက်နဲ့ ရုံးပြောင်းလျှောက်ထားလိုက်တာ လဲချားတရားရုံးကို ပြောင်းရွှေ့စစ်ဆေးဖို့ အမိန့်ကျလာပါတယ် တရားရုံးတွေ ရောက်တော့လဲ ဟိုကငွေညှစ် ၊ ဒီက ငွေညှစ်
စာရေးမတစ်ယောက်များဆို ၁၀၀၀၀ိ/ တောင်းတာ ၅၀၀၀ိ/ပဲ ပေးလို့ဆိုပြီးဒေ၀ဒတ်မြေမြိုသလို
လုပ်ပြနေလို့ ၅၀၀၀ိ ပြန်ရှာပြီး မနည်းပြန်ချော့မော့ပြီး ပေးခဲ့ရတယ်လို့ ကလေးမိဘတွေက ဆိုပါတယ်… အဲဒီ ရုံးပြောင်းတဲ့နေ့မှာပဲ တရားသူကြီးကသူ့ကို မတိုင်ဖို့ တိုင်ရင်တော့ အသေရေဖျက်မှုနဲ့ တရားစွဲမယ်လို့ ခြိမ်းခြောက်လိုက်သေးတယ်လို့ ကလေးရဲ့ မိခင် ဒေါ်နန်းမိုးငယ်ကဆိုပါတယ်..

ကလေးငယ်ရဲ့ တစ်ဘ၀လုံးကတော့ အညွန့်ကျိုးသွားရှာပြီ…. ကလေးမိဘတွေကတော့ တစ်သက်စာ စိတ်ဒဏ်ရာတွေ ရရှိသွားပြီ…
ဆရာမဒေါ်လှမြိုင်ကတော့ ဖင်ကော့ ရင်ကော့ တစ်ကျော့ကျော့နဲ့ ကျောင်းတက်မပျက် ရာထူးတောင်တက်မဲ့အနေအထား ဖြစ်လို့နေပါပြီ လောကကြီးက ဒီလိုပဲလား
မတရားမှုတွေ နေရာတစ်ကာမှာ ကြီးစိုးနေဦးမှာလား….

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးရဲ့မိဘတွေက ကလေးဟာ တစ်သက်လုံး လူကောင်းပကတိပြန်မဖြစ်နိုင်တော့ပေမယ့် ဒီလိုမတရားမှုတွေအတွက် ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကို
နိုင်ငံတော်သမ္မတ ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထံ သူတတ်နိုင်တဲ့နည်းလမ်းလေးတွေသုံးပြီး
သတင်းစကားပါးချင်နေတဲ့အတွက် မနေနိုင်တဲ့ ကျွန်တော်တို့လဲ တစ်ခြားဘာမှ မကူညီပေးနိုင် မတတ်နိုင်တဲ့အဆုံး Facebook ကိုသုံး ဗုံးတစ်လုံးအဖြစ် ပစ်ခွင်းလိုက်ရပါလေသတည်း…။

ကိုယ်ချင်းစာ နားလည်ပေးနိုင်ကြပါစေ…

credit to OAK HLA NGE

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” digg:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” spurl:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” wists:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” simpy:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” newsvine:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” blinklist:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” furl:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” reddit:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” fark:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” blogmarks:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” Y!:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်” smarking:“လက်သံပြောင်သူများနဲ့ ရင်သွေးငယ်တို့၏ အနာဂတ်”

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter