Myanmar Blog » Articles » The Tragic story of Aung Ta Khon-3 Sinking

The Tragic story of Aung Ta Khon-3 Sinking

    Find Your Road To Success

    Find Your Road To Success By Mark Tern Why someone reaches success and someone

    shwedarling.com/blog

    အာဆီယံ- အိန္ဒိယကားပြိုင်ပွဲ(၂၀၁၂)

    အာဆီယံ- အိန္ဒိယကားပြိုင်ပွဲ(၂၀၁၂) ပြိုင်ပွဲတွင်ပါဝင်သော မြန်မာ အသင်းမှအနုပညာရှင်များ( ဝေဠုကျော်၊ကိုပေါက်၊မေသဉ္ဖာဦး၊ဆုပန်ထွာ)အန္ဒရယ်ကင်းစွာပန်းဝင်ခဲ့ပြီးဆုတွေလဲယူခဲ့နိုင်ခဲ့ပြီ။ Credit to: Richelle Ko

    shwedarling.com/blog

    Mr. & Miss. Teen International 2016

    ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Mr.Teen International2016 နဲ့ Miss Teen International 2016 မှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့

    shwedarling.com/blog

    Fashion with Nan Su Yati Soe

    Nan Su Yati Soe told us she is interested in fashion and

    shwedarling.com/blog

ကျွန်တော်တို့ အကုန်လုံးကို သင်္ဘောသားတွေက သတ်လိုက်တာ

============

This tragic story presented by
အောင်သစ်လွင် (7Day News Journal)
=======

pic
ကျောက်ဖြူဒေသခံ ကိုဆန်းဝင်း

မတ်လ ၁၃ ရက် ညက စစ်တွေ- တောင်ကုတ်ပြေးဆွဲသည့်အောင် တံခွန်(၃) ခရီးသည်တင် နှစ်ထပ်သင်္ဘောတိမ်းမှောက်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူများ၏ အလောင်း ၃၆ လောင်း ပြန်လည်ဆယ်ယူရရှိကာ အသက်ရှင်လျက် ပြန်တွေ့သူ ၁၆၉ ဦးရှိခဲ့သည်။ အစိုးရက သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်းနှင့် ခရီးသည် ၂၂၅ ဦးပါဝင်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း အသက်ရှင်လျက် ပြန်လာသူများနှင့် ဒေသခံများကမူ ခရီးသည်သုံးရာခန့် လိုက်ပါလာနိုင်ကြောင်း သုံးသပ်ကြသည်။ ယင်းသင်္ဘော တိမ်းမှောက်မှုတွင် ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံခဲ့ပြီး စတုတ္ထတန်းကျောင်းသူ သမီးတစ်ဦးနှင့် န၀မတန်းကျောင်းသူ တူမတစ်ဦး အသက်ဆုံးရှုံးခဲ့ရ သည့် ကျောက်ဖြူဒေသခံ ကိုဆန်းဝင်းအား မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး- မိသားစုဝင် ဘယ်နှယောက်နဲ့ စီး လာတာလဲ။

ဖြေ- မိသားစုဝင် လေးယောက်နဲ့ ပါ။ သမီးတစ်ယောက်ရယ်၊ တူမ နှစ်ယောက်ရယ်၊ ကျွန်တော်ပါ ပါ သေးတာပေါ့။ အားလုံးလေး ယောက်။ သမီးက လေးတန်းတက်မယ်။ တူမတစ်ယောက်က ကိုးတန်းဖြေထားတယ်။ နောက် တစ်ယောက်က ငါးတန်းတက် မယ်။ တူမတစ်ယောက်ပဲ ကျန်ခဲ့ တယ်။ သမီးအရင်းကတော့ ပြန်မ တွေ့သေးဘူး။ တူမတစ်ယောက် ကတော့ အလောင်းတွေ့လို့ အိမ် မှာထားတယ်။

မေး- ဖြစ်စဉ်ကို ပြောပြပေးပါလား။

ဖြေ- ကျွန်တော်တို့ ကျောက်ဖြူက ထွက်တာက ညနေ ၄ နာရီခွဲ လောက် ထွက်တယ်။ ကုန်က တော့ တအားပါတယ်အစ်ကိုရေ။ မတရားတင်ထားတာ။ ထွက်တဲ့အချိန်ကလည်း ၄ နာရီကျော်လောက်ဆိုတဲ့အတွက် အချိန်က မမှန်တော့ဘူးလေ။ နောင်တော် (သင်္ဘောနစ်မြုပ်ရာနေရာ) ဖြတ်ဖို့အချိန်နဲ့ ညမှောင်နေပြီ အဲဒီမှာ။

မေး- ပုံမှန်ထွက်တာ ဘယ်အချိန်သတ် မှတ်ထားလဲ။

ဖြေ- ပုံမှန် ၁ နာရီကျော်လောက်ရောက်ရင် ၁ နာရီလောက် ထွက် တယ်။ နောက် ၄ နာရီကျော်ရောက်ရင် ၄ နာရီလောက် ထွက်တယ်။ တစ်ခါတလေတော့လည်း မထွက်ဘူးဆိုရင် ကျောက်ဖြူမှာ ညအိပ်တယ်။ အချိန်မမှန်ဘူး။ နောင်တော်ကို ကူးတဲ့အချိန်မှာ မှောင်နေပြီ။ လှိုင်းကထလာတယ်။ ထလာတဲ့အချိန်မှာ ခရီးသည်တစ်ယောက်ကပြောတယ်။ ပစ္စည်း တွေ တအားများနေတယ်။ ကုန်းပတ်မှာ။ ကုန်းပတ်က ပစ္စည်းတွေကို မြစ်ထဲကို နည်းနည်းလွှင့်ပစ်လိုက်ပါပေါ့။ အဲဒီလိုပြောတယ်။ အဲဒီလိုပြောတာကို သင်္ဘောသားတစ်ယောက်က ပြောတယ်။ လွှင့်ပစ်တဲ့ကောင်ကို တရားစွဲမယ်လို့ ပြောတယ်တဲ့။ သင်္ဘောက မောင်းနေတယ်။ မောင်းနေတဲ့အချိန်မှာ သင်္ဘောသားတစ်ယောက်က ကျွန်တော်တို့ကို လာပြောတယ်။ ခရီးသည်ငါးယောက် ခြောက်ယောက် လောက်လာပြီး ဒီမှာ ခေါင်းပိုင်းမှာ ရေ၀င်နေတယ်။ ၀င်နေတဲ့ရေကို ထုတ်ဖို့ ကျွန်တော်တို့ကို ကူညီပေးပါလားပေါ့။ ကျွန်တော်တို့က သွားပြီး ရေထုတ်တယ်။ ဘူးနဲ့ခပ်ပေးတယ်။ ရေက တအားဝင်လာ တယ်။ မနိုင်ဘူး။ မနိုင်တဲ့အချိန်မှာ သင်္ဘောသားအထက်က တစ်ယောက်က ပြောတယ်။ သင်္ဘောအရှေ့ပိုင်းမှာ ထုံးအိတ်ငါးဆယ်လောက်ပါလာတယ်။ အဲဒီ ထုံးအိတ်ငါးဆယ်လောက်ကို မြစ်ထဲကို သွန်ချလိုက်ဆိုလို့ ကျွန်တော်တို့ လူငါးယောက် ခြောက်ယောက်လောက်က လွှင့်ပစ်တယ်။ လွှင့်ပစ်ပြီးတော့ သင်္ဘောရဲ့ အလယ်ကို သွားတဲ့အချိန်မှာ သင်္ဘောအလယ်မှာ ဆီပုံးတွေရှိတယ်။ ကျွန်တော်တို့က ဆီပုံးတွေကို ပစ်ချလိုက်တယ်။ ရေက၀င်နေပြီ။ လှိုင်းထလာလို့ရှိရင် သင်္ဘောဘောင်ကို ရေက ကျော်ဝင်နေပြီ။

မေး- အဲဒီလိုအခြေအနေမှာ သင်္ဘော ၀န်ထမ်းတွေက သတိပေးတာမျိုး ရှိလားဗျ။

ဖြေ- အဲဒီအချိန်ထိ သင်္ဘောသား တွေက အရေးပေါ် ဘာမှအသိမ ပေးဘူး။ ကျွန်တော့်မှာလည်း ကလေးက သုံးယောက်ပါတယ်။ ကျွန်တော်က အခန်းထဲမှာထားခဲ့ တာ။ ကျွန်တော်က ရေ၀င်လို့ ရေ ကိုစုပ်တယ်။ ပစ္စည်းတွေထုတ် တယ်ဆိုတာ သင်္ဘောတစ်စီးလုံး အတွက် စိုးရိမ်ပြီးလုပ်နေတာ။ အဲ ဒီလိုဖြစ်မယ်လို့မထင်ဘူးပေါ့အစ် ကိုရာ။ သင်္ဘောမှာ အသက်ကယ် ပစ္စည်းကဘာမှမရှိဘူး။ ကျွန်တော် အရေးပေါ်ပစ္စည်းသွားရှာတဲ့အခါ ဘောကွင်းသုံးလေးခု တွေ့တယ်။ အဲဒီသုံးလေးခုက လည်း ခရီးသည်တွေက ယူထားပြီးပြီ။ ကျွန်တော် မရခဲ့ဘူး။

ကျွန်တော်က စားအုန်းဆီပုံးကို ပင်လယ်ထဲသွန်ချပြီး ပုဆိုးနဲ့စည်းတယ်။ အသက်ကယ်ပစ္စည်းလုပ်မှာပေါ့။ အဲဒီအချိန်မှာ သင်္ဘောသားတစ်ယောက်က ကျွန်တော့်ကို အသက်ကယ်အင်္ကျီနှစ်ထည်ပေးတယ်။ အဲဒီနှစ်ထည်ကလည်း သူတို့ဝတ်လို့ ပိုတဲ့ဟာထင်တယ်။ ကျွန်တော်ကတော့ ရေစုပ်နေတဲ့အချိန်မှာ အသက်ကယ်အင်္ကျီမရှိဘူး။ ကျွန်တော်ထင်တာက အပေါ်ကယူခဲ့တာ။ သူတို့အခန်းကယူခဲ့တာ။ ယူပေးတာဆိုတာလည်း ကျွန်တော်နဲ့ သူနဲ့က အတူတူ အလုပ်လုပ်နေတဲ့အခါကျတော့ သူ ကျွန်တော့်ကို ယူပေးတာ။ ကျွန်တော်က တစ်ထည်ဝတ်လိုက်တယ်။ ကျန်တဲ့တစ်ထည်ကိုကိုင်ပြီး အပေါ်ထပ် ကျွန်တော့်အခန်းကိုသွားတဲ့ အချိန်မှာ သင်္ဘောက စောင်းသွားပြီ။ ကျွန်တော့်တူမတွေ၊ သမီးတွေလည်း မတွေ့လိုက်ရဘူး။ ပေါ်လာတဲ့အချိန်မှာ ကျွန်တော့်တူမတစ်ယောက်က ကျွန်တော့် အနောက်မှာ ပေါ်လာတယ်။ အဲဒီတူမနဲ့ ကျွန်တော် အသက်ရှင် ကျန်ခဲ့တယ်လေ။ ကျွန်တော်တို့ တစ်နာရီလောက် ရေထဲမှာ အသက်ကယ်ဘောနဲ့ ဖော့နေရတာ။ တစ်နာရီလောက် ရေထဲမှာခံနေရတယ်။ တစ်နာရီလောက်အကြာမှာ ဟွန်ဒါလေးတွေနဲ့ ပိုက်သည်တွေက လာကယ်ကြတာ။

မေး- သင်္ဘောမမြုပ်ခင် ဖုန်းနဲ့ ဆက် သွယ်ပြီး အကူအညီမတောင်းခဲ့ ကြဘူးလား။

ဖြေ- ဖုန်းလိုင်းမမိဘူး အဲဒီမှာ။ ကျွန်တော်တို့ အဆက်အသွယ်ရ တာလည်း ငပသုန်က လူတွေက သင်္ဘောမှောက်တယ်ကြားလို့ သူ တို့ လိုက်လာကြတယ်။ လိုက်တဲ့ အခါမှာ သူတို့ ဖုန်းပါလာလို့ ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ် ရတာပါ။ သင်္ဘောသားတွေက ကျွန်တော်တို့ကို အသိပေးရမယ်လေ။ သင်္ဘောက ဒီလိုဒီလိုရှိနေပြီ။ ခရီးသည်တွေ သတိထားကြပါ။ အဲဒီလို သတိပေးရမယ်။ ဥသြဆွဲရမယ်။ နောက်ပြီး ဥသြဆွဲရင် အဲဒီ အနီးအနားက လှေတွေလာ ရင် ကျွန်တော်တို့ အဲဒီလောက် မဆိုးဘူး။ အခုက ကျွန်တော်တို့ကို ကြိုတင်အကြောင်းကြားခြင်း ဘာ မှမရှိဘူး။

မေး- စဖြစ်တဲ့အချိန်နဲ့ ကယ်ဆယ်ရေး ရောက်တဲ့ အချိန်ဘယ်လောက် ကွာလဲ။ အစိုးရပိုင်းက လာကူတာ ဘယ်အချိန်လဲ။

ဖြေ- တစ်နာရီလောက် ကွာပါ တယ်။ ရွာသားတွေ လာကယ်တာ ပါ။ ကယ်ဆယ်ရေးအပိုင်းက တော့ အစ်ကိုရေ မိုးလင်းမှ သူတို့အလောင်းလာကောက်တာ။ ည ပိုင်းမှာ ဘယ်ရောက်မလဲ။ ဟွန်ဒါ သမားတွေ ကျေးဇူးတင်ရမယ်။ ဟွန်ဒါသမားတွေ ကယ်လိုက်လို့ ကျွန်တော်တို့ လူပေါင်းတစ်ရာ ကျော် အသက်ရှင်တာ။

မေး- အခု ဖြစ်တာက ည ၈ နာရီခွဲမှာ စမှောက်တယ်။ ၉ နာရီခွဲလောက် မှာ ဟွန်ဒါသမားတွေရောက်လာ တယ်ပေါ့။ အဲဒီ တစ်ညလုံးမှာ ပင်လယ်ထဲက လူကို ဘယ်လိုပြန် ဆယ်ကြလဲ။

ဖြေ- တစ်ညလုံးတော့ ပင်လယ် ထဲမှာ ဆယ်ကြတာ အချိန် သုံးနာရီ၊ လေးနာရီကြာတယ်။ အဲဒီမှာ ဟွန် ဒါလေးငါးစီးလောက်နဲ့ ရှာတာ။ ပတ်ရှာတာ အဲဒီမှာရှိတဲ့လူတွေ အကုန်လုံးကတော့ ဟွန်ဒါသမား တွေတင်သွားတယ်။ ကျွန်တော်တို့စာရင်းကောက်တာ ၁၆၈ ယောက် လို့ ပြောတယ်။ အစိုးရပိုင်းက တော့ မိုးလင်းလို့ အလောင်းလာ ကောက်တာကတော့ ၈နာရီ၊ ၉နာရီမှ ရောက်လာတယ်။

မေး- အစိုးရက ထုတ်ပြန်တာမှာ သင်္ဘောပေါ်မှာ လူ ၂၁၄ ယောက် ပါတယ် ပြောတယ်။ အစ်ကိုတို့ မျက်မြင်အပိုင်းကောဗျ။ သင်္ဘောပေါ်မှာ ဘယ်နှယောက်လောက် ပါနိုင်လဲ။

ဖြေ- ကျွန်တော်တို့ မှန်းတာက တော့ လူပေါင်း သုံးရာလောက်ပါ တယ်။ အစ်ကိုစဉ်းစားကြည့်လေ။ ကျွန်တော်တို့ အသက်ရှင်တာက လူပေါင်း ၁၇၀။ အလောင်း တွေ့တာ ကျွန်တော်တို့ ဒီကျောက်ဖြူမှာတောင် သုံးဆယ်ကျော်၊ အဲဒီမှာတင် ၂၀၀ လောက်ရှိနေပြီလေ။

မေး- သင်္ဘောမမှောက်ခင် အစ်ကိုတို့ တွေ ထုံးအိတ်တွေ၊ ဆီပုံးတွေ ရေ ထဲပစ်ချတဲ့အချိန်တွေမှာ သင်္ဘောပေါ်မှာပါတဲ့ ကလေးတွေ၊ လူကြီး တွေနဲ့ ဘယ်လိုဖြစ်နေလဲ။

ဖြေ- ကလေးတွေကတော့ မျက်လုံး ကလယ်ကလယ်နဲ့ စိုးရိမ်နေကြတာပေါ့ အစ်ကိုရာ။ သူတို့ကလည်း အသက်ဆုံးမှာ ကြောက်နေကြတာ။ သင်္ဘောပေါ်မှာက ရေတွေ အကုန်လုံးပြည့်နေကြပြီ။

မေး- အစ်ကိုကိုယ်တိုင် ရေထဲမှာ တစ် နာရီလောက် ကြာခဲ့တယ်ဆိုတော့ အဲ့ဒီအချိန် ဘေးပတ်ဝန်းကျင်မှာ တခြားခရီးသည်တွေကို ဘယ်လို ပုံစံနဲ့ မြင်ခဲ့ရလဲ။

ဖြေ- သူတို့က ရရာပစ္စည်းကို ကိုင်ထားကြတယ်။ ကယ်ပါကယ်ပါနဲ့ အော်နေကြတာပေါ့။ ကြည့်နေ ရင်းမြုပ်သွားတဲ့သူတွေလည်း ရှိ တယ်။ ကျွန်တော့်အောက်မှာ ခြေထောက်နဲ့ စမ်းမိတာတင် တော်တော်များတယ်။

မေး- အခုလို ဖြစ်သွားတဲ့အပေါ် အစ်ကို့အမျိုးသမီးကော ဘာပြောလဲ။

ဖြေ- ကျွန်တော့် အမျိုးသမီးက တော့ အရူးတစ်ပိုင်းဖြစ်နေပြီ။ ကျွန်တော်လည်း ဘယ်လိုပြောရ မလဲ။ ကျွန်တော့်ရဲ့ မိန်းမက အမှု ထမ်းဆိုတော့ မြေပုံမှာကျနေ တယ်။ စာမေးပွဲပြီးလို့ ကျောင်း ပိတ်တဲ့အချိန်မှာ မြောက်ဦးကို ဘုရားဖူးဖို့ လာခဲ့ပါဆိုလို့ ညီအစ် မသုံးယောက်ကို ကျွန်တော်ခေါ် သွားတာ။ ကျွန်တော်တို့ ဒီလိုဖြစ် ရတာ သင်္ဘောက ၀န်အဆမတန် တင်လို့ဖြစ်ရတာ။အဓိကကတော့ မြန်မာ့ရေကြောင်းမှာ တာဝန်ရှိတာ။

မေး- အခုဖြစ်စဉ်နောက်ပိုင်း မြန်မာ့ရေ ကြောင်းတာဝန်ရှိသူတွေနဲ့ တွေ့ ပြီးပြီလား။ စကားပြောဖြစ်တာမျိုး ရှိလား။

ဖြေ- သူတို့ကို ကျွန်တော်ကြည့် လည်း မကြည့်ချင်ဘူး။ ကျွန်တော်တို့ကို သတ်လိုက်တာ အဲဒီသင်္ဘောသားတွေ။ ရေစိမ့်နေတဲ့ အချိန်မှာ သင်္ဘောသားတစ် ယောက်က ကျွန်တော့်ကို ပြော တယ်။ အစ်ကိုတို့မှာတဲ့ လမ်းသိ တဲ့သူ။ တက်မကိုင်တဲ့သူ မရှိဘူး လားပြောတယ်။ ကျွန်တော်က ပြောတယ်။ အစ်ကိုတို့ ဒီလောက် ညတိုင်းညတိုင်း သွားနေတဲ့ဟာ ကို အစ်ကိုတို့ လမ်းမသိလို့ ဖြစ်ပါ့ မလားလို့။ တက်မကိုင်လို့ မတတ် လို့ ဖြစ်ပါ့မလားလို့။ ကျွန်တော် ထင်တာကတော့ ကျွန်တော်တို့ ခရီးသည်ကို ကိုင်ခိုင်းမယ်။ တစ်ခု ခုဖြစ်ရင် ခရီးသည်တွေကို ထိုးချ မယ်ထင်တယ်။ သင်္ဘောသားတွေ အကုန်လုံးက အရမ်းမူးနေတယ် ပြောတယ် အစ်ကို။ သင်္ဘောအထဲမှာ ပါသွားတဲ့လူကလည်း အရမ်း မူးလို့ နှိုးလို့မရလို့ ကျန်ခဲ့တာလို့ အဲဒီလို ပြောသံကြားတယ်။ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော် တို့ကို သတ်လိုက်တာ သင်္ဘော သားတွေက အကုန်လုံးကို သတ်လိုက်တာလို့။ ကျောက်ဖြူက သင်္ဘောမန်နေဂျာတွေကလည်း ဒီပုံစံနဲ့ ဒီလမ်းကို ဒီအချိန်မသွားရဘူးလို့ သူတို့ဆုံးဖြတ်ရမယ်လေ။ ကျောက်ဖြူမှာ တစ်ညအိပ်လို့ ဘာမှလည်း အကြောင်းမထူးဘူး။ မနက်စောစောထွက်သွားရင် ဘာမှမဖြစ်ဘူး။ ဒီကျောက်ဖြူက သင်္ဘောနဲ့ ပတ်သက်တဲ့လူမှာ လည်း တာဝန်ရှိတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။

Credit to 7daydaily

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:The Tragic story of Aung Ta Khon-3 Sinking digg:The Tragic story of Aung Ta Khon-3 Sinking spurl:The Tragic story of Aung Ta Khon-3 Sinking wists:The Tragic story of Aung Ta Khon-3 Sinking simpy:The Tragic story of Aung Ta Khon-3 Sinking newsvine:The Tragic story of Aung Ta Khon-3 Sinking blinklist:The Tragic story of Aung Ta Khon-3 Sinking furl:The Tragic story of Aung Ta Khon-3 Sinking reddit:The Tragic story of Aung Ta Khon-3 Sinking fark:The Tragic story of Aung Ta Khon-3 Sinking blogmarks:The Tragic story of Aung Ta Khon-3 Sinking Y!:The Tragic story of Aung Ta Khon-3 Sinking smarking:The Tragic story of Aung Ta Khon-3 Sinking

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter