Myanmar Blog » Articles » Interviewed with heros who saved 169 passengers from Sinking ship

Interviewed with heros who saved 169 passengers from Sinking ship

    လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး

    Photo credit linneain.thit လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး —————————— ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ်စီးနှင့် ၀က်သားတင်ဒိုင်နာတိုက်မိ၍ သေဆုံးသူနှစ်ဦးအနက်

    shwedarling.com/blog

    Love Stories of newly Wed Actress!

    ကြော်ငြာတစ်ခုရိုက်ဖို့မိုးယုစံကိုငှါးရင်းနဲ့ပတ်သက်ပြီး ဒီဦးလေးကြီးနက်ခင်ခဲ့တယ်…  နောက်ဆုံး ဦးလေးကြီး စေတနာရက်ရောမှု့အားကြောင့်  မိုးယုစံအဖေအမေအဒေါ်က ပါ မိုးယုစံနဲ့ဦးလေးကြီးကိုအောင်သွယ်ပေးကြတယ်…. တန်ဖိုးကြီးပစ္စည်းတွေချူစား     အိမ်ပြင်ခိုင်း  ကားဝယ်ခိုင်းနဲ့ သူ့ကိုချစ်ရင်  ဦးလေးကြီးမိန်းမကိုကွာရှင်းပေးပါဆိုတဲ့တစ်ချက် လွှတ်အမိန့်ကြောင့်အချစ်နွံထဲမိနေတဲ့ဦးလေးကြီးကမိန်းမကို ကွာရှင်းခဲ့တယ်…   အပြစ်မဲ့တဲ့ကလေးနှစ်ယောက်ကကြားထဲ ကမိတစ်ကွဲဖတစ်ကွဲနေရတယ်…  အိမ်ပြင်ဖို့ပိုက်ဆံသိန်း တစ်ထောင့်ငါးရာ  စိန်တစ်ဆင်စာ တန်ဖိုးအမြင့်ဆုံးနာရီ လက်ဝတ်လက်စား

    shwedarling.com/blog

    An interview with a Burmese American Urban Pop Singer

    There was an interview with a Burmese American Urban Pop Singer Robin

    shwedarling.com/blog

    Birthday Donation of Yadanar Khin

    ၂၆.၃.၂ဝ၁၄ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ ကိုစိုးလှိုင်ဦး + ရုပ်ရှင်နှင့်

    shwedarling.com/blog

အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်မှုတွင် ခရီးသည် ၁၆၉ဦးကို ကယ်ဆယ်ခဲ့သူများနှင့်တွေ့ဆုံခြင်း

hero

မတ်လ ၁၃ ရက်တွင်နစ်မြုပ်ခဲ့သော အောင်တံခွန်(၃)သင်္ဘောစီး ခရီးသွား ၁၆၉ ဦးကို ငါးဖမ်းစက်လှေနှစ်စီးဖြင့် ကယ်ဆယ်ခဲ့သည့် အုန်းချောင်းရွာမှ ရေလုပ်သားငါးဦးကို တွေ့ရစဉ်။ ၎င်းတို့ငါးဦးမှာ မိသားစုနှစ်စုမှ တော်စပ်သူများဖြစ်သည်။ (ဓာတ်ပုံ − အောင်သစ်လွင်)

အောင်တံခွန်(၃)သင်္ဘော နစ်မြုပ်မှုတွင် ခရီးသည် ၁၆၉ ဦး ကယ်ဆယ်လိုက်နိုင်ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ မည်သို့ကယ်ဆယ်လိုက်သည်ကို ပြည်သူများအား အသေးစိတ်ရှင်းမပြသော်လည်း တပ်မတော်သားများက ကယ်ဆယ်ရေးလုပ်ကိုင်နေသည့်ဓာတ်ပုံများ ဝေဝေဆာဆာ ဖော်ပြခဲ့သလို၊ တပ်မတော်သားများ အစိုးရဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ သို့သော် အမှန်တကယ် ကယ်ဆယ်ခဲ့သူ ၅ ဦး၏ အကြောင်းကိုမူ သတင်းမထုတ်ပြန်ပေ။ သင်္ဘောနစ်မြုပ်သည့် မြောက်ကြိမ်ကျွန်းအနီးတွင် ငါးရှာနေသည့် မိသားစုနှစ်စုမှ သားအဖတော်စပ်သူ ရေလုပ်သား ငါးဦး၊ ပင်လယ်ထဲတွင် ပုံစံမျိုးစုံဖြင့် ပေါလောပေါ်နေသူများ၊ ငယ်သံပါအောင် အော်ဟစ်နေသူများကို ငါးဖမ်းစက်လှေငယ်နှစ်စီးဖြင့် တစ်ညလုံး ကယ်ဆယ်ခဲ့သည်။ နံနက်မိုးလင်းမှသာ အစိုးရမှ ကယ်ဆယ်ရေးရေယာဉ်များက မြောက်ကြိမ်ကျွန်းသို့ လာရောက်ကာ အသက်ရှင်ကျန်ရစ်သူများကို ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးထဲမှ ဦးသန်းအောင်နှင့် ဦးကျော်ဆန်းမြင့်တို့နှစ်ဦးကို ၎င်းတို့နေထိုင်ရာမြေပုံမြို့နယ် အုန်းချောင်းကျေးရွာသို့ 7 Day Daily က သွားရောက်မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဦးကျော်ဆန်းမြင့်၏ သားနှစ်ဦးနှင့် ဦးသန်းအောင်၏ သားတစ်ဦးတို့မှာလည်း ကယ်ဆယ်ရေးကို အတူလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

hero-2
အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်တဲ့ဖြစ်စဉ်မှာ ခရီးသည်တစ်ရာကျော်ကို အစ်ကိုတို့ကယ်နိုင်ခဲ့တယ်လို့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်။ တကယ်ပဲ အစ်ကိုတို့ကယ်နိုင်ခဲ့တာလား။ အစ်ကိုတို့နဲ့အတူ ဘယ်သူတွေပါသေးလဲ။ ဘယ်နှဦးလောက် ကယ်နိုင်ခဲ့တာလဲ ဆိုတာသိပါရစေ။

ဦးသန်းအောင် – ကျွန်တော်တို့ သားအဖနဲ့ ကိုကျော်ဆန်းမြင့်တို့ သားအဖ စက်လှေနှစ်စီးနဲ့ ခေါက်တုံ့ခေါက်ပြန်သယ်ပြီး အနီးဆုံး နေရာဖြစ်တဲ့ မြောက်ကြိမ်ကျွန်းကိုပို့ခဲ့တာပါ။ စုစုပေါင်း ၁၆၉ ယောက် ကျွန်တော်တို့ကျွန်းပေါ် ပို့နိုင်ခဲ့တာပါ။ သင်္ဘောစမြုပ်တဲ့ နေရာကရော ကမ်းဘက်ကို ကူးလာခဲ့တဲ့သူတွေပေါ့။

သင်္ဘောမှောက်တာကို ဘယ်လို စသိခဲ့တာလဲ။

ဦးသန်းအောင် – ကျွန်တော်တို့က မြောက်ကြိမ်ကျွန်းနားမှာ ပိုက်ချ နေတာပါ။ သင်္ဘောက မီးထိုးလိုက်တာတွေ့လို့ လမ်းမှားဝင်လာတယ်ထင်ပြီး ဝင်မလာဖို့ ဓာတ်မီးနဲ့ထိုးပြီး အချက်ပြပါတယ်။ နောက်ပြီးရပ်နေတော့ ကျောက်ချနားမယ်လို့ထင်ခဲ့တာပါ။ ပျက်တယ်လို့လည်း မထင်ဘူးလေ။ ခဏနေတော့လူတွေ အော်သံကြားလို့ မှောက်ပြီဆိုတာသိရတာပါ။

ဘယ်လိုကြားရတာလဲ။

ဘယ်လိုအသံထွက်လာမှန်း ပြောလို့မတတ်ပါ။ လူတွေအားလုံး တစ်သံတည်း အကျယ်ကြီး ထွက်လာတာ။

ကယ်ဆယ်ရေး ဘယ်လိုလုပ်ခဲ့တာလဲ။

ဦးသန်းအောင် – ကျွန်တော်တို့နဲ့ နီးတဲ့ မြောက်ကြိမ်ကမ်းနားကို သယ်ပါတယ်။ စက်လှေက ဆယ်ယောက်လောက်ပဲတင်လို့ရတာပါ။ ပထမအကြိမ် ဆယ်ယောက်လောက်တင်ပြီး နောက်ထပ် ဆက်တိုက်ဆက်တိုက် သယ်တာပါ။ ဆယ်ယောက်ပါချင်လည်းပါတယ်။ နည်းရင်လည်းနည်းတယ်။ လေမငြိမ်လို့ လှေမှောက်မှာလည်းစိုးရပါတယ်။ လှိုင်းကြီးပါတယ်။

ဦးကျော်ဆန်းမြင့် – ကျွန်တော်တို့က သားအဖသုံးယောက်ပါ။ ကျွန်တော်တို့တွေအတူတူ ငါးဖမ်း နေတာပါ။ တွေ့တာလည်း အတူတူပါပဲ။ ပစ္စည်းတွေက ရေထဲမှာ ပြန့်ကျဲနေတော့ စက်လှေနဲ့လူတွေ ထိကုန်မှာစိုးလို့ ဝင်မတိုးရဲဘူး။ စက်လှေမှာကြိုးချည်၊ ကျွန်တော် တို့ခါးကိုလည်း ကြိုးချည်ပြီးဆွဲတင်ခဲ့တာ။

လူတွေကို စကယ်တဲ့အချိန်နဲ့ အားလုံးကယ်ပြီးတဲ့အချိန် ဘယ်လောက်ကြာခဲ့လဲ။

ဦးကျော်ဆန်းမြင့် – သင်္ဘောက ၈ နာရီလောက် စမှောက်ပြီး ၁၂ နာရီလောက်အထိ ကျွန်တော်တို့ ငါးယောက် အသွားအပြန်လုပ်ပြီး ကယ်နေကြတာပါ။

အဲဒီလို လုပ်နေတာကို ရွာက လူတွေသိကြလား။

ဦးကျော်ဆန်းမြင့် – မသိကြပါဘူး။ ရွာနဲ့သင်္ဘောမှောက်တဲ့ နေရာက ဝေးတယ်။ စက်လှေနဲ့ နှစ်နာရီလောက် သွားရပါတယ်။ ကျွန်တော်တို့က မြောက်ကြိမ်ကျွန်းမှာညအိပ်ပြီး ငါးရှာနေကြတာပါ။

စကယ်တဲ့ အချိန်မှာ ရေထဲက လူတွေကို ဘယ်လိုပုံစံနဲ့တွေ့ခဲ့လဲ။

ဦးသန်းအောင် – အဝတ်အစားတွေလည်းမရှိပါဘူး။ ကျွန်တော်တို့အဝတ်တွေကိုချွတ်ပြီး ပေးခဲ့ရပါတယ်။ ကျွန်တော်တို့မှာပါတဲ့ စောင်တွေကိုဖြတ်ပြီး မိန်းကလေးတွေကိုပေးရပါတယ်။ ယောက်ျားလေးတွေကိုလည်း ပေးရတယ်။ ကမ်းနားကိုရောက်တာနဲ့ သူတို့မှာ အဝတ်မှမပါကြတော့တာ။ မိန်းကလေးတွေကများတာပေါ့။ ယောက်ျားလေးတွေက နည်းပါတယ်။

ဘယ်အချိန် ကယ်ဆယ်ရေးရပ်လိုက်တာလဲ။

ဦးသန်းအောင် – ညဥ့် ၁၂ နာရီ လောက်မှာ ရပ်လိုက်တာပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်ကို ပတ်ရှာလိုက်ပါသေးတယ်။ ရေထဲမှာ လူတွေမရှိတော့ပါဘူး။ ကယ်တာရပ်ပြီးတော့ ကျွန်းပေါ်မှာတစ်ညလုံး မီးဖိုပြီးနေပါတယ်။

အဲဒီတစ်ညလုံး ဘယ်သူနဲ့အဆက်အသွယ်ရပါသလဲ။

ဦးကျော်ဆန်းမြင့် – မရပါ။ ဖုန်းလည်းမရှိပါဘူး။ အဲဒီမှာဖုန်းလိုင်းလည်းမမိပါဘူး။

သူတို့တွေက ဘာပြောကြလဲ။

ဦးကျော်ဆန်းမြင့် – ကျေးဇူးတင်ကြောင်းပြောပါတယ်။ သင်္ဘောကလည်း ဦးကပေါက်ထွက်ပြီး မြုပ်ပါတယ်ပေါ့။ ယောက်ျားတွေက ရေခပ်ထုတ်ရပြီး နောက်ဆုံးကျတော့ ဦးပိုင်းကနေမြုပ်တာပါ လို့ပြောပါတယ်။ မိသားစုတွေပါသွားတဲ့လူတွေက ပြောလို့မတတ်ဘူးပေါ့နော်။ ငိုနေကြတယ်။

ဆွဲတင်လိုက်တဲ့ လူတွေမှာ အသက်ကယ်ဝတ်စုံ ဝတ်ထားတာ တွေ့လား။

ဦးသန်းအောင် – မရှိပါ။ မရှိတဲ့လူများပါတယ်။ အဝတ်ထုပ်တွေ၊ ဝါးတွေဖက်ထားတဲ့သူတွေပဲတွေ့ ပါတယ်။ အများဆုံးအော်လိုက်တဲ့သူကိုပဲ လိုက်ဆွဲတင်ရတာပါ။ ရေနစ်တဲ့သူထက် ရတာကိုပဲ ဆွဲတင်ရတာပါ။ အသံကြားတဲ့နေရာပဲလိုက်ရတာ။ ကျွန်တော်တို့ သေချာမခွဲခြားတတ်ပါဘူး။

ကယ်ဆယ်မိတဲ့သူတွေထဲမှာ အသက်အငယ်ဆုံးနဲ့ အသက်ကြီးတဲ့သူ ခွဲပြောပေးလို့ရပါလား။

ဦးကျော်ဆန်းမြင့် – နှစ်လသားလောက်ကလေးလေးက အငယ်ဆုံး၊ အသက်အကြီးဆုံးက (၈၂)နှစ်အရွယ် အဘိုးကြီးပါ။

အစ်ကိုတို့ကယ်ထားတဲ့သူတွေကို မြောက်ကြိမ်ကျွန်းကနေ ဘယ်သူတွေလာခေါ်သွားတာလဲ။

ဦးသန်းအောင် – အာဏာပိုင်တွေက မိုးလင်းမှရောက်တာပါ။ မိုးလင်း ၇ နာရီလောက်မှာ ရဲတွေက စက်လှေအကြီးသုံးစီးနဲ့ လာတာပါ။

သူတို့တွေက အစ်ကိုတို့ကို ဘာပြောသွားသေးလဲ။

နှစ်ဦးစလုံး – ဘာတစ်ခွန်းမှ မပြောပါဘူး။

ဦးကျော်ဆန်းမြင့် – သူတို့တွေက ဟိုမေးဒီမေးလုပ်နေတာ။ ပေါ်လာတဲ့အလောင်းတွေကို သယ်နေကြတာပေါ့။ ကျွန်တော်တို့ကိုတောင် ဂရုမစိုက်နိုင်ပါဘူး။

ရေနစ်နေတဲ့သူတွေ တစ်ရာကျော် ကယ်နိုင်ခဲ့တဲ့အပေါ် ဘာများ ပြောချင်ပါလဲ။

ဦးသန်းအောင် – ဝမ်းနည်း၊ ဝမ်းသာပါပဲ။ ဝမ်းနည်းတာက သားသမီးသုံးယောက်ပါခဲ့ပြီး တစ်ယောက်မှမရခဲ့တဲ့သူတွေ သူတို့ကိုမြင်တာနဲ့ ဝမ်းနည်းပါတယ်။ ဝမ်းသာတာက ကျွန်တော်တို့ရော ရွာသားတွေရောပေါ့။ တစ်ခါမှ ဒီလိုမကယ်ခဲ့ဖူးဘူးဆိုတော့လေ။

ရခိုင်မှာဆွဲနေတဲ့သင်္ဘောတွေ ကြံ့ခိုင်မှုအားနည်းတယ်လို့ပြောနေကြတဲ့အပေါ်မှာကော ဘာပြောဖို့ ရှိလဲ။

ဦးကျော်ဆန်းမြင့် – ကျွန်တော်တို့က နောက်ထပ်ဒီလိုမဖြစ်စေလိုပါ။ ဒီထက်ကောင်းတာတွေပဲ သုံးစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
credit to 7daydaily

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Interviewed with heros who saved 169 passengers from Sinking ship digg:Interviewed with heros who saved 169 passengers from Sinking ship spurl:Interviewed with heros who saved 169 passengers from Sinking ship wists:Interviewed with heros who saved 169 passengers from Sinking ship simpy:Interviewed with heros who saved 169 passengers from Sinking ship newsvine:Interviewed with heros who saved 169 passengers from Sinking ship blinklist:Interviewed with heros who saved 169 passengers from Sinking ship furl:Interviewed with heros who saved 169 passengers from Sinking ship reddit:Interviewed with heros who saved 169 passengers from Sinking ship fark:Interviewed with heros who saved 169 passengers from Sinking ship blogmarks:Interviewed with heros who saved 169 passengers from Sinking ship Y!:Interviewed with heros who saved 169 passengers from Sinking ship smarking:Interviewed with heros who saved 169 passengers from Sinking ship

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter