Myanmar Blog » Asia Entertainment, Knowledge Base, Myanmar/Burmese » Beware! Crazy Ooredoo from Myanmar

Beware! Crazy Ooredoo from Myanmar

Ooredoo အသုံးပြုသူ များ သို့  …..

image

              ကျွန်တော် မိန်းမ ရဲ့ သူငယ်ချင်း တစ်ယောက် က Ooredoo Sim Card နဲ့ Viber Activate လုပ်ပြီးတော့ သုံးတယ် .. ။ ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် Viber ကို ရုံးက Desktop ပေါ်မှာပဲ ၀င်သုံးဖြစ်ခဲ့ ပြီးတော့ အဲဒီ Sim card ကို ၄ လလောက် မသုံးဖြစ်ပဲ ပိတ်ထားမိလိုက်တယ် ..။ အဲဒီ Viber နဲ့ ပဲ သူငယ်ချင်းတွေ ဆွေမျိုးတွေ နဲ့ Group Chat လုပ်ထားပြီးတော့ စကားပြောလေ့ ရှိခဲ့ တယ်. ..။ ဒါပေမယ့် အဲဒီ Viber ကို လည်း သိပ်မသုံးဖြစ်ခဲ့ ဘူး .. ။ ပြသနာ က မနေ့ က မှ စပြီးတော့ သူ့ ရဲ့ Viber Account နဲ့ Group Chat မှာ တခြား တစ်ေ်ယာက်က ၀င်ပြောလာတယ် ..။ ဘယ်လောက်ထိလဲ ဆိုရင် Viber ထဲ က ဖုန်း နံပါတ်တွေ ကို Online ကနေ Chat တယ်  Call တယ် ..။ မနေ့ က Viber ကနေ ကျွန်တော် မိန်းမ ကို ဖုန်းခေါ်ြ့ပီးတော့  နေကောင်းလား  .. ဘာလုပ်နေတာလဲ .. သူ့ ကို မမှတ်မိဘူးလား ဆိုပြီးတော့ ယောက်ျား တစ်ယောက် အသံနဲ့ ပြောပါတယ်  ..။ ကျွန်တော့် မိန်းမ က ဘယ်သူလဲ လို့ မေးတော့ ဖုန်းချသွားပါတယ် ..။
             အဲဒါနဲ့ ကျွန်တော့် မိန်းမ က သူ့ သူငယ်ချင်း ကို ပြောတော့  သူ့ သူငယ်ချင်း က အဲဒီ ဖုန်းနံပါတ် ကို လှမ်းဆက်ပြီးတော့ စုံစမ်း တော့  ကောလင်း က ဖုန်းဆိုင် တစ်ခု က ဒီ Ooredoo Sim Card ကို ၀ယ်ပြီးတော့ သုံးနေတာပါ တဲ့  .။ သူမ က ဒါ ကျွန်မ ရဲ့  Sim Card ပါ … ရှင် သုံးချင်ရင် လဲ ကျွန်မ သူငယ်ချင်း တွေ ကို မနှောင့်ယှက်ပါနဲ့ လို့  မေတ္တာ ရပ်ခံ ခဲ့ ပါတယ်  .။ ဒါပေမယ့် ကျေးဇူးရှင် က သူ က ဗိုလ်ကြိး တဲ့ … သူ လုပ်ချင်တာ လုပ်မယ် .. မကျေနပ်ရင် ကြိုက်တဲ့ သူ တိုင် လို့  … သူမ ကို ပြန်ပြောပါတယ် ..။ ဒါနဲ့ ဒီနေ့ မနက် Ooredoo Operator ကို ဖုန်းဆက်ပြီးတော့ အကြောင်းစုံ ပြောပြီးတော့  မိန်းကလေး တွေ ကို ဒီ နံပါတ်နဲ့ လိုက် နှောင့်ယှက်နေ လို့  ဒီ ကဒ် ကို ပိတ်ပေးပါ လို့ တောင်းပန်တော့  … Operator က အစ်မ က ၄ လ လောက် မသုံးပဲ ထားလို့ ကျွန်တော် တို့ က ဒီ ကဒ် ကို တခြား သူ ဆီ ကို ရောင်းလိုက်တာပါ တဲ့  .။ အဲဒါနဲ့ သူမ က ဒါဆို ကျွန်မ က ဒီ ကဒ် နဲ့ တခြား Apps တွေ Personal Mail ကို Activate လုပ်ထားလို့ ကျေးဇူးပြုပြီးတော့ ပိတ်ပေးပါ ပြောတော့  .. အဲလို လုပ်လို့ မရဘူး တဲ့ ..။ လက်ရှိ သုံးနေတဲ့ သူ က ဦးစားပေးရမယ် တဲ့ ..။
                ဒါဆို ဘယ်လို လုပ်လို့ ရမလဲ ဆိုတော့  .. ရဲစခန်း ကို သွားတိုင်ပြီးတော့  ရဲစခန်း က စခန်းမှူး လက်မှတ် ပါမှ လိုင်းပိတ် ပေးလို့ ရမယ် တဲ့ ..။ ဒါနဲ့ အဲလို လုပ်ဖို့ အဆင်မပြေလို့ ပါ  … နောက်ပြီးတော့ ဒီ ကဒ် နဲ့   ရုံးလုပ်ငန်း တွေ ကို အဓိက အသုံးပြုခဲ့ တာ ဖြစ်လို့   မလိုလားအပ် တွေ ပြသနာ တွေ ဖြစ်လာမှာ စိုးးလို့  ဒီ ကဒ် ကို ပိတ်ပြီးတော့  ၀ယ်ထားမိတဲ့ ကဒ် ပိုင်ရှင် ကို တခြား နံပါတ် နဲ့ ကဒ် တစ်ခု ပြောင်းပေးပါ ပြောတော့   .. မရပါဘူး တဲ့  .. ။ ဒါနဲ့  ရှင်တို့ ဆီက တာဝန်ကျ မန်နေဂျာ နဲ့ စကားပြော ခွင့်ပေးပါပြောတော့  .. ဖုန်း လွဲပေးမယ် ဆိုပြီးတော့  ၅ မိနစ် လောက် Hold ထားပါတယ် ..။ ပြီးတော့ မှ ၂၄ နာရီ အတွင်း အစ်မ ကို အကြောင်းပြန်ပေးပါမယ် ဆိုပြီးတော့ ပြောပါတယ် ..။
                  ညနေ ကျတော့ ဖုန်း ၀င်လာပြီးတော့ သူတို့ က လိုင်း ကို ပိတ်ပေးလို့ မရပါဘူး .. တကယ်လို့ ပိတ်စေချင်ရင် ရဲစခန်းမှာ အကျိုးကြောင်း ပြောပြပြီးတော့ စခန်းမှူးး လက်မှတ် နဲ့ ထောက်ခံစာ ယူလာခဲ့ ပါ .. ဒါမှ ပိတ် ပေးလို့ ရပါမယ် တဲ့ ..။ ဒီ  Sim Card နဲ့  Activate လုပ်ထား တဲ့  အစ်မ ရဲ့ အရေးကြီး တဲ့  Apps တွေ Personal Mail တွေ ကို တော့  Deactivate လုပ်ထားလိုက်ပါ တဲ့  ..။ ကျွန်တော့် မိန်းမ နဲ့ သူ့ သူငယ်ချင်း က ဒီကိစ္စ တွေ ကို ပြောနေတုန်း မှာပဲ  .. Viber မှုာ ကျေးဇူးရှင် က ကျွန်တော့် မိန်းမ ကို  လှမ်း ဟိုင်း ပြီးတော့ အရေးမပါတာတွေ လာပြောနေလို့  . ကျွန်တော် က အဲဒီ နံပါတ် ကို Block လိုက်ပါတယ်  ..။
                  ကဲ  .. မိတ်ဆွေ တို့ စဉ်းစားကြည့်ကြပါ .. ။ Sim Card ကို ၀ယ်ထားပြီးတော့  မသုံးပဲ ပစ်ထားရင် လိုင်းပိတ် တယ် ဆိုတာ ကို လက်ခံ ပါတယ်..။ အခု ကျတော့ လက်ဝယ် Sim Card ရှိနေတဲ့ သူ ရဲ့ နံပါတ်ကို အခြား သူ တစ်ယောက် က ၀ယ်ယူသုံးစွဲလို့ ရတယ် ဆိုတာတော့  Privacy Security မရှိဘူးလို့ ခံစားရပါတယ် ..။ နောက်တစ်ခု က Operator Company အနေ နဲ့ 
မလုပ်သင့်ဘူး လို့ မြင်ပါတယ်  .။ MPT နဲ့  Telenor က အသုံးမပြုတာ ကြာတဲ့  Sim Card တွေ ကို လိုင်းပိတ်လိုက်တာပဲ  ကြားဖူးပါတယ်  .. တခြား တစ်ယောက် ကို ရောင်းစားတာတော့ မကြားဖူးပါ ..။   ပြီးတော့  ကျွန်တော့် မိန်းမ သူငယ်ချင်း က ဒီ ကဒ်ကို ရုံး လုပ်ငန်းမှာ အဓိက သုံးခဲ့ တာ ဖြစ်လို့  မလိုလားအပ်တဲ့ ပြသနာ တွေ ဖြစ်လာမှာ စိုး လို့  ပိတ်ပေးပြီးတော့ တခြား ကဒ်ပြောင်းပေးဖို့ ပြောတာ ကို လဲ တာဝန်ယူ ခဲ့ ခြင်း မရှိပါဘူး .။ ငွေကြေး  အကျိုးမြတ် တစ်ခု ကို သာ ကြည့်ပြီးတော့ User အတွက် နစ်နာ မှူ ကို  တာဝန် မယူပေးနိုင် တဲ့  Operator ကို ဆက်လက် သုံးစွဲဖို့  ဘယ်လို ယုံကြည်ရတော့ မှာလဲ …. ။

Credit to Htoo Yang

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Beware! Crazy Ooredoo from Myanmar digg:Beware! Crazy Ooredoo from Myanmar spurl:Beware! Crazy Ooredoo from Myanmar wists:Beware! Crazy Ooredoo from Myanmar simpy:Beware! Crazy Ooredoo from Myanmar newsvine:Beware! Crazy Ooredoo from Myanmar blinklist:Beware! Crazy Ooredoo from Myanmar furl:Beware! Crazy Ooredoo from Myanmar reddit:Beware! Crazy Ooredoo from Myanmar fark:Beware! Crazy Ooredoo from Myanmar blogmarks:Beware! Crazy Ooredoo from Myanmar Y!:Beware! Crazy Ooredoo from Myanmar smarking:Beware! Crazy Ooredoo from Myanmar

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter