Myanmar Blog » Asia Entertainment, Knowledge Base, Myanmar/Burmese » New Gov needs to look after Bagan!

New Gov needs to look after Bagan!

image

မြန်မာနိုင်ငံက ရှေးဟောင်းသုတေသန ဌာနဆိုတာက စီ အို ဘလက်ဒန် နှင့် တော်စိန်ခိုတို့ မရှိတော့တဲ့နောက်ပိုင်း အသက်မဲ့သွားတဲ့ အတိုင်းပါဘဲ။

လွတ်လပ်ရေးရပီးနောက်ပေါ့။ ခေတ်အဆက်ဆက် အစိုးရတွေဟာ ရှေးဟောင်းသုတေသန အပါဝင် ယဉ်ကျေးမှုအမွေနှစ်တွေအပေါ် လေးစားတန်ဖိုးထားခြင်းမရှိခဲ့ကြပါဘူး။ ဦးအောင်ဇေယျ လက်သုံးတော်ဓါး၊ နာမည်ကျော် ယိမ်းနွဲ့ပါဓါး စတဲ့ ရှေးဘုရင် အသုံးဆောင်တော်တော်များများ လက်သည်မပေါ်ပါဘဲ ပျောက်ဆုံးသွားခဲ့တာ  ဦးနေဝင်းခေတ်။ ပုဂံဘုရားရုပ်ပွားဆင်းတုတွေ အပျောက်အများဆုံးက စစ်အစိုးရခေတ်။

ခုတော့ NLD အစိုးရ ခေတ်။ ပုဂံဒေသ ယူနစ်စကို စာရင်းဝင်ဖြစ်ဖို့ ယူနစ်စကိုက ပညာရှင်တွေကိုယ်တိုင်က ဦးဆောင်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ ။ ပညာပေးအစီစဉ်တွေ ။ ရေတို ရေရှည် စီမံကိန်းတွေ စသဖြင့် ကူညီပန့်ပိုးပေးခဲ့တာ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်ကတည်းက။ တဖြေးဖြေး အရှိန်ရလာပြီးတဲ့နောက် ယူနစ်စကို စာရင်းဝင်ဖြစ်ဖို့ အခြေနေအတော်ကြီးကောင်းလာပြီ။

ဒါပေမယ့် အကြီးမားဆုံးပြသနာက ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုံ နယ်နိမိတ်အတွင်းက ဟိုတယ်တွေ။ သတ်မှတ်တားမြစ်ထားတဲ့ ဧရိယာထဲရောက်နေတဲ့ ဟိုတယ်တွေမနည်း။ အဲဒီအထဲမှာ ဆောက်ပြီးသားဟိုတယ်တွေပါတယ်။ဆောက်လက်စ ဟိုတယ်တွေပါတယ်။ ဦသိန်းစိန် အစိုးရလက်ထက် လက်ပူတိုက်ချပေးခဲ့တဲ့ ဟိုတယ်မြေနေရာတွေအတော် များများက တားမြစ်ဇုံထဲမှာ။ အတော်များများက မဆောက်ရသေးဘူး။ ဆောက်ဖို့ ပြင်နေပြီ။

ယူနစ်စကိုရဲ့ သဘောက ရှင်းရှင်းလေး။ သတ်မှတ်ထားတဲ့ အကွာဝေးအတွင်းရောက်နေတဲ့ ဟိုတယ်တွေကို ဖယ်ပေး။ ပြောင်းပေးစေချင်တယ်။ ဒါက ယူနစ်စကို စာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွက် မဖြစ်မနေလိုက်နာရမယ့် စည်းကမ်း။  ကမ်ဘောဒီးယားရဲ့ အန်ကောဝတ် နှင့် အင်ဒိုနီးရှားရဲ့ ဘောရောဗုဒ္ဓာ လည်းဒီစည်းကမ်းကို လိုက်နာရတာဘဲ။ ဥရောပဘက်မှာလည်း ဒီစည်းကမ်းအတိုင်းဘဲ။

ဒါပေမယ့် ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာနဆိုတာ ဟိုတယ်/ခရီး ဝန်းကြီးဌာနပြုသမျှ ဒီအတိုင်းထိုင်ကြည့်နေရတဲ့ ဘဝ။ ဟိုတယ်ဇုံတွေ ၊ ဟိုတယ်ဆောက်လုပ်ခွင့်တွေ ချပေးတဲ့တဲ့အခါ သင့်၏ ၊ မသင့်၏ ၊ ရှေးဟောင်းယဉ်ကျေးမှုဇုံနဲ့ လွတ်၏ တိုင်ပင်ညှိုနှိုင်းခြင်း မရှိ။  ပါမစ်ချပေးလိုက်ပြီဆိုမှ ဘယ်နေရာလဲဆိုပြီးပြေးကြည့် ရုံထက်ပို မတတ်နိုင်ခဲ့။

ဟိုတယ်/ခရီး ဝန်ကြီးဌာနကို ခါးပိုက်ဆောင်ထဲ ထည့်ထားနိုင်တဲ့ လုပ်ငန်းရှင်တွေ ၊ အဖွဲ့စည်းတွေ၊ ကန်ပနီတွေက ရှေးဘုရားတွေရှိတဲ့နေရာတွေကိုဘဲ တမင်ရွေးပြီး ဟိုတယ်ဆောက်လုပ်ခွင့်တွေရသွားကြတာ အရည်တွက်မနည်းပါ။ ဟိုတယ်/ခရီး ဝန်ကြီးဌာနကို ပိုင်တယ်ဆိုရင် ပုဂံရဲ့ ဘယ်နေရာကိုမဆို ဟိုတယ်ဖြစ်လာနိုင်တယ်လို့    ပြော ရမလို ဖြစ်နေတယ်။

အခု ပုဂံဒေသ ယူနစ်စကို စာရင်းဝင် ကမ္ဘာ့ယဉ်ကျေးမှုအမွေနှစ် စာရင်းဝင်ဖြစ်ခွင့် ဆုံးရှုံးရခြင်းရဲ့
အဓိက တရားခံက ဟိုတယ်/ခရီး ဝန်ကြီးဌာနပါဘဲ။ ရှေး/သု ဌာနကတော့ ဘာနဲ့တူသလဲဆိုရင် ကိုယ့်သမီးကညာ မဒိန်းကျင့်ခံရတာကို လူမြင်မှာစိုးလို့ အိမ်တံခါးမကြီးပါ ပိတ်ပေးရတဲ့ မသန်မစွမ်း ဖခင်အိုကြီးနဲ့တူတယ်။

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ကွန်ဒိုဆောက်ဖို့ မြေကျင်းတူးရာကနေ ရှေးဟောင်း ဘုရင့်အုတ်ဂူတွေ့တဲ့အခါ မူလစီမံကိန်းကို ရပ်ပြီး ပြတိုက်အဖြစ် အသွင်ပြောင်းလိုက်တယ်။ စိုက်ပျိုးခင်းထဲရေတွင်းတူးရင်း ရှေးဟောင်း ဘုရင့်သင်္ချီုးင်းရာတွေ့တော့လည်း ပြတိုက်အဖြစ်အသွင်ပြောင်းပေးလိုက်ရတယ်။ ဒါတောင် နှစ်နေရာစလုံးက  ကွန်မြူနစ် အစိုးရလက်ထက်မှာ ဖြစ်သွားခဲ့တာ။

တရုတ်နိုင်ငံမှ မဟုတ်ပါဘူး  ရှေးဟောင်းသုတေသနဌာနဆိုတာ နိုင်ငံတကာမှာလည်း သူမတူတဲ့ အခွင့်အာဏာ ရရှိထားတဲ့ အဖွဲ့စည်းပါ။  ဘယ်လောက်အရေးကြီးတဲ့ ပရောဂျစ်ဖြစ်နေပါစေ ရှေးဟောင်းယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အထောက်ထားတွေ ပေါ်ထွက်လာပြီဆိုရင်တော့ လုပ်နေတဲ့ စီမံကိန်းကိုရပ်ပြီး ရှေးဟောင်းသုတေသနကို
အပ်ရမြဲပါ။ ဘာဖြစ်လို့ဆို နိုင်ငံ နှင့် လူမျိုးအတွက် အမျိုးသားရေး လက္ခဏာဖြစ်လို့ပါဘဲ။

သိပ်အရှည်ကြီးပြောနေစရာမလိုပါ။ ရာစုနှစ် ထက်ဝက်လောက်အောင် ချောင်ထိုးခံထားရတဲ့ History, Culture and Art ကို အစိုးရသစ်အနေနဲ့တရေးတယူ ရှိစေချင်တယ်ဆိုတာပါဘဲ။

Credit to ဇေမျိုးလင်း ( ရှေးမြန်မာ Blogger)

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:New Gov needs to look after Bagan! digg:New Gov needs to look after Bagan! spurl:New Gov needs to look after Bagan! wists:New Gov needs to look after Bagan! simpy:New Gov needs to look after Bagan! newsvine:New Gov needs to look after Bagan! blinklist:New Gov needs to look after Bagan! furl:New Gov needs to look after Bagan! reddit:New Gov needs to look after Bagan! fark:New Gov needs to look after Bagan! blogmarks:New Gov needs to look after Bagan! Y!:New Gov needs to look after Bagan! smarking:New Gov needs to look after Bagan!

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter