Myanmar Blog » Articles, Knowledge Base, Myanmar/Burmese » ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ

ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ

    Pann Kyar Wut Hmone ပန်းကြာဝတ်မှုန် ebook

    စာရေးသူ= ခင်ခင်ထူး ရက်စွဲ= ၂၀၀၉ ခုနှစ်၊ လ စာမျက်နှာ= ၂၈၁ ဖိုင်အမျိုးအစား= PDF ဖိုင်ဆိုဒ်= 22.13 MB စာအုပ်အမည် ပန်းကြာဝတ်မှုံ အင်တာနက်မှဖတ်ရန်(Google Document) ဤနေရာတွင်နှိပ်၍ဖတ်ပါ။ ဒေါင်းလုပ်ရယူရန်(Multiply) ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။ ဒေါင်းလုပ်ရယူရန်(MEDIAFIRE.COM_Yephyo) ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။ ဒေါင်းလုပ်ရယူရန်(elibrary-NayAung) ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။ ဒေါင်းလုပ်ရယူရန်(Sagarwar) ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။ Re-shared from

    shwedarling.com/blog

    Cartoon of the day

    shwedarling.com/blog

    The 7 Secrets of Success

    The 7 Secrets of Success View more presentations from Hussein Hallak. The great enemy

    shwedarling.com/blog

    Htun Eaindra Bo to come to Taipei in October

    Myanmar singer Htun Eaindra Bo said she will be going to Taipei,

    shwedarling.com/blog

ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ

(က)
ဒေါ်ခင်ကြည်၏မှတ်ချက်
ဗမာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ရိုးသားဖြူစင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အရည်အချင်းထက်မြက်ခြင်း၊ စိတ်နှလုံးပြည့်ဝခြင်း အစရှိတဲ့ဂုဏ်ဒြပ်အမြောက်အများရှိတဲ့ နိုင်ငံရေးသမားထဲမှာ ထိပ်ဆုံးကရပ်တည်နေသူကိုပြပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြရမှာဖြစ်ပါတယ်။ သူ.ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၂၀ ကျော်မှာ ကျောင်းသားခေါင်းဆောင်၊ အသက် ၃၀ ကျော်မှာအမျိုးသားခေါင်းဆောင်အဖြစ် ထိုးဖောက်တက်လှမ်းနိုင်တာနဲ.ပါတ်သက်လို. သူ.ပါရမီဖြည့်ဖက်လည်းဖြစ်၊ သူ.ရဲဘော်လည်းဖြစ်တဲ့ ဇနီးကောင်းဒေါ်ခင်ကြည်ပြောခဲ့တဲ့မှတ်ချက်တစ်ခုဟာ အင်မတန်မှတ်သားစရာကောင်းလှပါတယ်။ ဘာလဲဆိုရင် ဗိုလ်ချုပ်နားမှာဝန်းရံသူတွေဟာ အင်မတန်ထက်မြက်ပြီး ကိုယ်ကျိုးထက်နိုင်ငံအကျိုးကိုသာကြည့်ကြသူတွေ ဖြစ်တာကြောင့်ပါ တဲ့။ ဒါကြောင့်လည်း သခင်အောင်ဆန်းဟေ့၊ ဗိုလ်တေဇဟေ့ ဆိုပြီး သမိုင်းမှာထွန်းပြောင်ခဲ့တာပါ တဲ့။ Hard Truth လို.တောင်ပြောလို.ရမယ့် နောက်မှတ်ချက်တစ်ခုကတော့ ဗိုလ်ချုပ်ဟာစောစောသေသွားလို.သာ နာမည်မပျက်တာ ဆိုတဲ့စကားပါ။ အတူတူအဆင်းရဲခံခဲ့တဲ့ ကွန်မြူနစ်ပါတီကိုထုတ်ပယ်ပစ်တာနဲ. ဆိုရှယ်လစ်အုပ်စုရဲ. မူမမှန်တဲ့လုပ်ရပ်တွေအပေါ်အခြေခံပြီး ထွက်ပေါ်လာတဲ့စကားလုံးများ ဖြစ်ပုံရပါတယ်။

(ခ)
မျိုးရိုးနဲ.အရှိန်အဝါ
အချို.က ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်သမီးဆိုတဲ့အရှိန်အဝါကြောင့် ဒီလောက်အထိ လူထောက်ခံမှုရတယ်လို.ပြောကြတာနေရာအတော်များများမှာ တွေ.ရပါတယ်။ ဗိုလ်ချုပ်သမီးဟာ ဗိုလ်ချုပ်အရှိန်အဝါတွေဟပ်နေတယ်ဆိုတဲ့အချက်ဟာ ငြင်းဖို.မလိုပါဘူး။ ရှင်ရာဟုလာရဲ.ဖြစ်ခြင်း၊ ပေဿနဒီကောသလရဲ.ဖြစ်ခြင်း၊ အင်ဒီရာဂန္ဒီရဲ.ဖြစ်ခြင်း၊ ရာဂျစ်ဂန္ဒီရဲ.ဖြစ်ခြင်း၊ ကိုရာဇန်အာကွီနိုရဲ.ဖြစ်ခြင်း၊ မဂ္ဂါဝါတီရဲ.ဖြစ်ခြင်းတွေနည်းတူ ဒေါ်အောင်ဆန်းစုကြည်ရဲ.ဖြစ်ခြင်းဟာလည်း မျိုးရိုးအားဖြင့်ယှဉ်ဖို.ခက်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အဲသလိုပြောဆိုနေကြတဲ့သူတွေ သတိလစ်သွားတဲ့သာဓကတွေအများအပြား ရှိနေပါသေးတယ်။ ဖခင်အရှိန်အဝါရတိုင်းသာဖြစ်ကြစတမ်းဆိုရင် ရဲဘော်သုံးကျိပ်ဝင်တွေထဲ အတိုင်းမသိတဲ့အခွင့်အရေးတွေကိုရလည်းရ၊ ကိုယ်တိုင်းလည်းဖန်တီးယူခဲ့တဲ့ သခင်ရှုမောင်ခေါ်တဲ့ ဗိုလ်နေဝင်းသားသမီးတစ်ယောက်တစ်လေတောင် ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်မရနိုင်တာဟာ သိပ်ထင်ရှားတဲ့သာဓကဖြစ်ပါတယ်။ ဒါကြောင့်လည်း မရှုစိမ့်တဲ့ စိတ်ယုတ်မာတွန်းပို.မှုနောက်ကိုလိုက်ပြီး “အောင်ဆန်း” ဆိုတဲ့အရှိန်အဝါကြီးကိုဖျောက်ပစ်ချင်လို. စစ်အစိုးရအဆက်ဆက် ရုပ်ပုံကိုဖယ်၊ သမိုင်းကိုမှိန်အောင်လုပ်၊ အသံပါမကြားရအောင်ပိတ်ဆို.၊ အောက်မေ့ဖွယ်တွေကိုဖျက်သိမ်း စတာတွေကိုအင်တိုက်အားတိုက်လုပ်ခဲ့ပေမယ့် နောက်ဆုံးတော့ အောင်ဆန်းစုကြည်ဟာ အောင်ဆန်းစုကြည် ပါဘဲလို.ပြောရတော့မယ့် အချိန်အခါကိုရောက်ရှိခဲ့တာဟာ ဘယ်လိုမှရှောင်လွဲမရတဲ့ပကတိအရှိတရားဖြစ်ပါတယ်။

(ဂ)

နိုင်ငံရေးလမ်းစဉ်
ကျနော်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ.နိုင်ငံရေးလမ်းစဉ်ကို အရင်တုန်းက သဘောလည်းမပေါက်ခဲ့သလို နှစ်လည်းမနှစ်သက်ခဲ့ပါ။ အပြုတ်တိုက်အပြတ်ရှင်းဝါဒနဲ.သာ မသိစိတ်ကယဉ်ပါးနေခဲ့တဲ့အတွက် ရန်သူလို.သတ်မှတ်သူကို ကျဆုံးစေချင်၊ သေကြေစေချင်၊ ပျက်စီးစေချင်တဲ့စိတ်ရှိတာ ကိုယ့်ကိုယ်ကိုတောင်သတိမထားမိခဲ့ပါ။ လူထုခေါင်းဆောင်ဟာ ကိုယ်ဖြစ်စေချင်သလိုမဖြစ်လာတဲ့အခါမှာ အားမလိုအားမရတွေဖြစ်၊ အပြစ်တင်ပြောဆိုတာတွေပါလုပ်ခဲ့မိတဲ့အထဲပါခဲ့တာ ဝန်ခံပါတယ်၊ နိုင်ချင်တာကိုးလေ။ ဒါပေမယ့်ကျယ်ပြန်.လှတဲ့အမြင်ရှိတဲ့ လူထုခေါင်းဆောင်ဟာ နိုင်ငံသားအားလုံးအပေါ် ရန်သူအဖြစ် တစိုးတစိမှ ရှုမြင်ခြင်းမရှိကြောင်း “သင်လို.ရတဲ့သူ၊ သင်လို.မရတဲ့သူ” ဆိုပြီးသာအုပ်စုခွဲလိုက်တာကို ပြတ်ပြတ်သားသားမြင်တွေ.လိုက်ရပါတယ်။ ဗမာ့တပ်မတော်ကစစ်ဗိုလ်တွေအတော်များများဟာ ငယ်စဉ်ကချို.တဲ့ကြပြီး လုပ်ပိုင်ခွင့်ရလာတဲ့အခါ သူခိုးလေး၊ သူခိုးလတ်၊ သူခိုးကြီးများအဖြစ် တိုင်းပြည်ဘဏ္ဍာကို ခိုးဝှက်အလွဲသုံးစားလုပ်ခဲ့ကြတာ လူသက်သေ၊ ပစ္စည်းသက်သေတွေနဲ.ပါ။ ဒါပေမယ့် သူတို.ဟာလည်း နိုင်ငံသားများသာဖြစ်တာကြောင့် သူတို.တွေကိုချေမှုန်းဖို.ကြိုးစားခြင်းဟာ မိမိခွန်အားကိုလည်းယုတ်လျော့ကျဆင်းအောင်လုပ်ခြင်းဖြစ်တာမို. အားလုံးပါဝင်နိုင်မယ့် နိုင်ငံတည်ဆောက်ရေးအခင်းအကျင်းကို ဖန်တီးခြင်းကသာလျင် သခင်ကိုယ်တော်မှိုင်းအသက်ထင်ရှားရှိစဉ်က အကြိမ်ကြိမ်အဖန်ဖန်အထပ်ထပ် ပြောဆိုဆုံးမခဲ့တဲ့ “သူမနာ ကိုယ်မနာ” ဝါဒနဲ.တစ်ထပ်ထဲကျပါတယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေလည်း အလွန်အမင်းစိတ်ကျဉ်းကြပ်မှုမရှိဘဲ တည်ဆောက်ရေးဖြစ်စဉ်မှာ ပါဝင်နိုင်ကြမယ့် လမ်းစဉ်လို.ပြောရင်မမှားနိုင်ပါဘူး။

(ဃ)
နိုင်ငံတကာထောက်ခံမှု
ဗမာ့သမိုင်းကိုသာမက ကမ္ဘာ.သမိုင်းကိုပါလှန်လိုက်ရင် နိုင်ငံတကာက တစ်ခဲနက်ထောက်ခံကြသော လက်ချိုးရေလို.တစ်ဖက်စာမပြည့်တဲ့နိုင်ငံရေးသမားတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိပ်ဆုံးနေရာကနေပါဝင်ပါတယ်။ အဲသလိုမျိုး ကမ္ဘာမှာပုံရိပ်ကောင်းဖို. ဆိုတဲ့ရည်မှန်းချက်ရှိခဲ့ရင်တောင် အဲဒီရည်မှန်းချက်အထမြောက်ဖို. ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်၊ ဒါပေမယ့်ရဖို.ကတော့ မကျိန်းသေပါဘူး။ ကမ္ဘာသူ ကမ္ဘာသားတွေထဲမှာ လူမျိုးအထွေထွေ၊ ကိုးကွယ်ယုံကြည်မှုအသီးသီး၊ နိုင်ငံရေးအယူအဆအမျိုးမျိုးနဲ.ဖြစ်ပါတယ်။ သူတို.ဟာ လေးကျွန်းတစ်မြင့်မိုရ်နဲ.လည်းမကြီး၊ အရင်မွေးလို.ကြီးတဲ့သူတွေကပြောတိုင်းလည်းလက်မခံ၊ လက်နက်ကိုင် အမိန်.ပေးလို.ထိုင်ဆိုထိုင်ထဆိုထသူများလည်းမပါကြပါဘူး။ သူတို.လေးစားတဲ့ခေါင်းဆောင်ဖြစ်ဖို. ပြန်ဝန်လို၊ အွန်လိုင်းဖိုရမ်တွေလို၊ သတင်းမီဒီယာလော်ဘီ တွေလိုနဲ. ပုံရိပ်တက်အောင်လုပ်ဖို.မဖြစ်နိုင်ပါဘူး။ မှတ်ကျောက်တင်ခံနိုင်တဲ့ နိုင်ငံရေးဖြတ်သန်းမှု၊ မြင့်မြတ်တဲ့စိတ်ထား၊ ခိုင်မာတဲ့ယုံကြည်ချက်မရှိဘဲ ရေတက်ငစင်ရိုင်းလိုမျိုးလုပ်ပြရုံနဲ. ကမ္ဘာကထောက်ခံလာအောင်လှည့်ဖျားဖို.မဖြစ်နိုင်ပါ။

(င)
ကိုယ်ရည်ကိုယ်သွေး
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ. အတွေးအခေါ်အယူအဆအကြည့်အမြင် အဲဒါတွေအားလုံးဟာ သူ.စကားလုံးနဲ.အမူအယာတွေမှာအမြဲထင်ဟပ်ပါတယ်။ အကြောင်းမဲ့စကား အကြောင်းမဲ့အပြုအမူတွေ သူ.ထံပါးမှာမတွေ.ရတာကိုက သူ.ရဲ.အံ့မခန်း ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်။ သူဟာ သတိကြီးပါတယ်၊ နားစွင့်ပါတယ်၊ ဆင်ခြင်ပါတယ်၊ တွေးတောပါတယ်၊ သုံးသပ်ပါတယ်၊ ခံစားပါတယ်၊ ခိုင်မာပါတယ်၊ ပြတ်သားပါတယ်၊ ရိုးသားပါတယ်၊ ဖြူစင်ပါတယ်၊ ဟန်ဆောင်မှုကင်းပါတယ်၊ ကျန်တာတွေ အများကြီးရှိပါသေးတယ်။ ဒါကြောင့်လည်း သူ.ကို Personal Assisination လုပ်ပြီးလုပ်ကြံလိုသူတွေဟာ မဟုတ်မတရားဇာတ်လမ်းတွေဆင်၊ သူ.စကားတွေကိုဖြတ်တောက်၊ သူ.မိန်.ခွန်းအနက်တွေကိုတစ်လွဲဖွင့်ခြင်းအားဖြင့်သာ ထိုးနှက်တိုက်ခိုက်နိုင်ကြခြင်းဖြစ်ပါတယ်။ အတိုက်အခိုက်ကိုယ်တိုင်ကိုက မရှိတဲ့ပုံရိပ်ယောင်ကို တိုက်ခိုက်ရတာဖြစ်ခြင်းမို. ထိရောက်ခြင်းလည်းမရှိဘဲ အချိန်တန်တော့ အမှန်တရားဟာဗူးပေါ်သလိုပေါ်ပြီး ကျဆုံးရစမြဲချည့်ပါ။ သူကိုယ်တိုင်ကလည်း သူ.ကိုမမှန်မကန်လုပ်ကြံလည်ဆည်တိုက်ခိုက်ခြင်းမှန်သမျှကို အမြဲလျစ်လျူရှုပြီး သူ.ဦးတည်ရာကိုအမြဲစိုက်စိုက်မတ်မတ်လျှောက်မြဲလျှောက်ဆဲပါ။ ဒီအရည်အသွေးဟာ တော်ရုံလူ သို.တည်းမဟုတ် တော်ရုံနိုင်ငံရေးသမားတွေမှာ လုံးဝ တွေ.မြင်ဖို.ခက်ခဲလှပါတယ်။ ဟံသာဝတီဦးဝင်းတင်ကိုယ်တိုင် ဒီအချက်နဲ.ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲချီးကျူးစကားဆိုဖူးပါတယ်။

နိဂုံးချုပ်အနေနဲ. လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုခုံးချင်းယှဉ်မယ်လို. ကြံလိုက်ကြတဲ့သူတိုင်းဟာ အထက်ပါအချက်ကြီးများ မိမိတို.သဏ္ဍန်မှာရှိ မရှိ နဖူးပေါ်လက်တင်ပြီး အကြိမ်ကြိမ်အဖန်ဖန်အထပ်ထပ် တွေးတောဆင်ခြင်သင့်ကြပါတယ်။ သူ.ကိုယှဉ်မယ်ဆိုရင် သူ.လောက်တော့ မြင့်ဖို.အနိမ့်ဆုံးအနေနဲ. လိုတယ်မဟုတ်လားလေ၊ ခြေဖျားထောက်ပြီး အကြံအဖန်နည်းနဲ. မြင့်အောင်လုပ်တာမျိုးက ရေရှည်ရပ်ဖို.ခက်တာကိုတော့ သဘောပေါက်ထားသင့်လှပါကြောင်းဗျာ … ။       ။

ကိုထင်
(၃၁) ဂျန္နဝါရီ ၂၀၁၆

Copied from Dr Khin Myint Oo

Credit to Seaman Nay Min Thu

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ digg:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ spurl:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ wists:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ simpy:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ newsvine:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ blinklist:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ furl:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ reddit:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ fark:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ blogmarks:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ Y!:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ smarking:ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter