Archive for February, 2017

Page 5 of 512345

IC fund raising show for Mandalay NLD

Friday, February 3rd, 2017

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် မန္တလေးတိုင်းဒေသကြီးရုံး ဖြစ်မြောက်ရေး ရံပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် မန္တလေးတိုင်းဒေသကြီးရုံး ဖြစ်မြောက်ရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းတွင် ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) ညနေ ၆ နာရီမှ စတင်ကာ ကျင်းပနေကြောင်း သိရပြီး Iron Cross တေးဂီတအဖွဲ့မှ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းတို့မှ ပါဝင်ဖျော်ဖြေခဲ့ကြောင်း သိရသည်။ ဖျော်ဖြေပွဲ လက်မှတ်များကို တစ်စောင်လျှင် ၂၀၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရပြီး လက်မှတ်ရောင်းရ ငွေများနှင့် အလျူငွေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် မန္တလေးတိုင်း ဒေသကြီးရုံး ဖြစ်မြောက်ရေးအတွက် […]

Mingalar Swan Kywe of Thinzar Nwe Win

Wednesday, February 1st, 2017

ကိုလှမျိုးမြင့် နဲ့သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းတို့က ယနေ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ မင်္ဂလာဆွမ်းကျွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ကတော့ သဉ္ဇာနွယ်ဝင်းမိခင်ရဲ့မွေးနေ့ ဖြစ်ပြီး မိခင်ရဲ့မွေးနေ့မှာ မင်္ဂလာဦးဆွမ်းကျွေးပွဲ ကို အမှတ်တရလက်ဆောင် အနေနဲ့ ပြုလုပ်ပေးရတဲ့အတွက် ၀မ်းသာပီတိဖြစ်ကြောင်း၊ အစစအရာရာ နားလည် သဘောတူပေးတဲ့ ခင်ပွန်းလောင်းကိုလည်းကျေးဇူးတင်ကြောင်း သူ့ရဲ့ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။ ကိုလှမျိုးမြင့် နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း တို့ရဲ့ စုလျားရစ်ပတ်မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၃ရက်နေ့ မှာပြုလုပ်မှာဖြစ်ပြီး ထိုနေ့ညမှာပဲ မင်္ဂလာညစာစားပွဲပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ Credit to Popular Journal

Welcomed back Htet Htet Tun

Wednesday, February 1st, 2017

Philippines နိုင်ငံ Mall of Asia Arena, Pasay, Metro Manila တွင် ကျင်းပပြုလုပ်ခဲ့သည့် ၆၅ ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင် National Costume Award ဆုရရှိခဲ့သော မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် Miss Universe Myanmar 2016 ထက်ထက်ထွန်းသည် ယနေ့ (ဇန်နဝါရီ ၃၁ ရက်) ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ Credit to ဓာတ်ပုံ – နေဝန်းထက်/eleven Media

Page 5 of 512345

You are currently browsing the All Things Myanmar Burmese weblog archives for February, 2017.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter