Myanmar Blog » Articles, Asia Entertainment, Knowledge Base » Please protect your enviroment!!

Please protect your enviroment!!

image

လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကစပြီး ပျက်ဆီးယိုယွင်းလာပြီဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီတို့ကို စွန့်ခွာပြီး အများစု (ငွေကြေးတတ်နိုင်သူတွေရော၊ ငွေကြေး အနည်းငယ်သာသုံးစွဲနိုင်သူတွေရော) ဟာ မြိတ်ကျွန်းစုဘက်ကို ခရီးဆန့်လာခဲ့ကြတယ်…

ဘယ်သူတွေကြောင့်၊ ဘာတွေကြောင့် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း တဟုန်ထိုး တိုးတက်လာတယ်ဆိုတာ ပဏာယူပြီး မပြောလိုတော့…

အခုပြောချင်တာက ဒီလိုမျိုး ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးလာတာနဲ့အမျှ မြိတ်ကျွန်းစုရဲ့ ဘဘာဝအလှတွေဟာ စပြီး အထိအခိုက်တွေရှိလာခဲ့တယ်…

ငွေဆောင်၊ ချောင်းသာက အကျင့်တွေ မြိတ်ကျွန်းစုကို ယူလာကြတယ်…

Snorkeling တွေသွားတယ်… Snorkeling Guide တွေကို ရေအောက်ထဲဆင်းပြီး Hard Coral တွေ ချိုးခိုင်း၊ ယူခိုင်းတယ်… Guide တွေက Ethic ထားပြီး မယူပေးရင် အတိုင်ခံရတယ်…

ဧည့်သည်နဲ့ ငွေမျက်နှာပဲ ကြည့်တဲ့ လုပ်ငန်းရှင်တွေက Guide တွေကို ဒါလေး ယူခိုင်းတာ ဘာဖြစ်လဲ… မယူပေးရကောင်းမလားဆိုပြီး ဆူပူကြိမ်းမောင်း… နောက်မခိုင်းတော့ဘူး…

ဒါနဲ့ ဒေသခံ Guide လေးတွေ ခမြာ ဝမ်းရေးကြောင့် ခေါင်းငုံ့ ကြိတ်မှိတ်…. နောက်များ ဧည့်သည်ကချိုးဆို ချိုးပေးလိုက်… ဖမ်းဆို ဖမ်းပေးလိုက်တွေ ဖြစ်ကုန်တယ်….

ကျွန်းတွေလျှောက်လည်တယ်…. ရေတွေကူးတယ်… ရေတွေငုပ်တယ်…

လှေပေါ်မှာ မနက်စာ နေ့လည်စာ စားတယ်…. အရက် ဘီယာ အအေး အပူ သောက်ကြတယ်…

ပြီးတော့ စားသောက်ပြီးတဲ့ ဖော့ဘူးတွေ၊ ပလပ်စတစ်ခွက်တွေ၊ ဘီယာဘူးတွေ၊ အရက်ပုလင်းတွေ၊ ရေသန့်ဗူးတွေ၊ ရေပိုက်တွေ အကုန် ပင်လယ်ထဲ ပြစ်ချသွားတယ်…

(ကျွန်တော်အပိုပြောတယ်ထင်ရင် သွားကြည့်လိုက်ပါ… အသည်းပုံကျွန်း၊ မြင်းခွာကျွန်း အနီးတဝိုက်မှာ ရေပေါ်ဘောလောပေါ်နေတဲ့ အမှိုက်တွေကို ခင်ဗျားတို့ တွေ့ပါလိမ့်မယ်)

အခု မြင်နေရတဲ့ပုံကတော့ ခရီးသွားတွေအကြား အသဲပုံကျွန်းဆိုပြီး သိပ်နာမည်ကြီးတဲ့… ကျွန်းလည်ခေါင်မှာ Lagoon ရှိတဲ့ Cock’s Comb Island ရဲ့ကျွန်းလည်က ရေအိုင်ထဲမှာ အမှိုက်တွေ တောင်လိုရာလို ပုံနေတဲ့ ပုံပဲ ဖြစ်ပါတယ်…

ကျွန်တော်တို့ Scuba Diving မလုပ်ခင် ကျွန်းထဲ ခဏဝင်တုန်း ရိုက်ခဲ့တာ ဖြစ်ပြီး… ကျွန်တော်က ရေထဲ တစ်ဝက်လောက်နစ်နေတဲ့အတွက် High Angle မရပဲ အမှိုက်တွေရဲ့ ပုံ သေသေချာချာ မပေါ်လွင်ဘူး ဖြစ်သွားတယ်…

ဒီရက်ပိုင်းရောက်ဖို့ သွားဖို့ရှိတဲ့သူတွေရှိရင် ကြည့်ကြည့်လိုက်ပါ… ခင်ဗျားတို့ ကိုယ်တိုင်တွေ့ပါလိမ့်မယ်…

မနှစ်က ကျွန်တော်ပထမအကြိမ်ရောက်ခဲ့တုန်းက သန့်ရှင်းကြည်လင် လှပေနေတဲ့ ဒီနေရာလေးဟာ အခုတစ်နှစ် အတွင်းလောက်မှာတင် အမှိုက်ပုံဘဝ လုံးလုံး ရောက်ခဲ့ပါတယ်…

ဒါတင်မက အရင်က ဂူဝက ဝင်လိုက်တာနဲ့ ခြေချစရာ မရှိရက်လောက်အောင် ရေတိမ်တိမ်လေးမှာတင် Hard Coral Soft Coral တွေနဲ့ ပြည့်နေတဲ့နေရာဟာ…

အခုအတွင်းပိုင်းတော်တော်ရောက်တဲ့အထိ ဘာ Hard Coral Soft Coral မှ မရှိတော့ပဲ သဲပြင်အတိဖြစ်သွားပါပြီ…

ဒါဟာ တစ်နှစ်ကျော် ၂ နှစ်အတွင်းသာ ရှိပါသေးတယ်…

ဆိုတော့…

ခရီးသွားလုပ်ငန်းတွေ မဖွံ့ ဖြိုးရင်နေပါ… ဒီနိုင်ငံရဲ့ သဘာဝအလှတရားတွေ လူမသိ သူမသိ ပျောက်ချင်လည်း ပျောက်သွားပါစေတော့…

ခင်ဗျားတို့ရဲ့ အကျင့်ဆိုး အကျင့်ယုတ်တွေ မဖျောက်ဖျက်နိုင်သေးသ၍ ကျေးဇူးပြု ပြီးတော့ အဖိုးမဖြတ်နိုင်လောက်အောင် လှပနေတဲ့ ဒီ မြိတ်ကျွန်းစုလေးရဲ့ အလှအပတွေနဲ့ ဂုဏ်သိက္ခာတွေကို ဒုတိယငွေဆောင်၊ ဒုတိယချောင်းသာ ဖြစ်အောင် ထပ်ပြီး လာမဖျက်ဆီးကြပါနဲ့လို့ မေတ္တာရပ်ခံလိုက်ပါတယ်…

Credit to Ko Black

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Please protect your enviroment!! digg:Please protect your enviroment!! spurl:Please protect your enviroment!! wists:Please protect your enviroment!! simpy:Please protect your enviroment!! newsvine:Please protect your enviroment!! blinklist:Please protect your enviroment!! furl:Please protect your enviroment!! reddit:Please protect your enviroment!! fark:Please protect your enviroment!! blogmarks:Please protect your enviroment!! Y!:Please protect your enviroment!! smarking:Please protect your enviroment!!

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter