Myanmar Blog » Articles, Knowledge Base » တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ အခုထက်ပို ပွင့်လင်းစေချင်တယ်။

တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ အခုထက်ပို ပွင့်လင်းစေချင်တယ်။

တစ်ခါတရံ NLDအစိုးရကို အားမရဘူး။
အခုထက်ပို ပွင့်လင်းစေချင်တယ်။

အဲ့လိုပြောလို့ အစိုးရဘာတွေခိုးနေလဲလို့မထင်လိုက်နဲ့။
အခုက ဘာနဲ့တူနေလဲဆိုတော့
ဘယ်လောက်ဒုက္ခရောက်ရောက် သားသမီးကို အသိမပေးဘဲ  ကြိတ်ဖြေရှင်းနေတဲ့ မိဘတွေလိုပဲ။
မိသားစု ဆင်းရဲနေလား ချမ်းသာနေလား ကြွေးတွေ ဘယ်လောက်ဝိုင်းနေလဲ သားသမီးကို အသိမပေးတော့
သားသမီးက လိုချင်တာမရတဲ့အခါ
လိုချင်တာကို မပေးနိုင်တဲ့အခါ ငြိုငြင်လာရော။
ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီး ဖြစ်သမျှ အကုန်တင်ပြပြီး တစ်သားတည်းဖြစ်အောင်
ဒုက္ခတွေကို နားလည်အောင် ဝိုင်းတွန်းလာအောင် လုပ်ရမယ့်အစား  ပြည်သူကို သားသမီးလို သဘောထားပြီး
ရှေ့ကရင်စီးခံ၊ ပြည်သူက ကလေးဆိုးတွေလို
ငိုယိုတောင်း၊ မကျေမနပ်တွေဖြစ်လာ။

သိနေတော့လည်း တယ်စိတ်မသက်သာလှဘူး။
အစိုးရက လုပ်ပိုင်ခွင့်ထဲက ပြည်သူကို များများသိအောင် အသိပေးစည်းရုံးရမှာ မစည်းရုံးတော့
လှိမ့်ဆဲနေတာ မခံချင်တဲ့ ကိုယ်တွေက ဝင်ပြော
မတင်ရွှေဖြစ်၊ တစ်ဖက်ပိတ်လော်ဘီလို့ အပြောခံရ၊

ကဲ. . .ဝဋ်ရှိသမျှပဲ
သိနေတော့လည်း မနေနိုင်ဘူး
ပြောရမှာပဲ။

လက်ရှိမြန်မာနိုင်ငံဟာ ပြည်တွင်းပြည်ပ ကြွေးဘယ်လောက်ရှိတယ် ထင်သလဲ။
၂၅ဘီလီယံရှိတယ်။ ဘီလီယံနော် . . .
မြန်မာငွေမဟုတ်ဘူး US Dollar 💲
အတိုးချည်းပဲ တစ်နှစ်ကို ဒေါ်လာသန်း၂၀၀ကျော် ဆပ်ရတယ်။
အတိုးချည်းပဲနော်. . . အရင်းမပါဘူး။

ဒီကြွေးမြှီအားလုံးဟာ ၂၀၁၁-၁၂ ကနေစပြီး
အဲ့ဒီ့အစိုးရ လှည့်ပတ်ချေးယူသွားတဲ့ ငွေတွေချည်း ဖြစ်ပါတယ်။
ဒါဟာ အပြစ်ဖို့ နောက်ကြောင်းပြန်အပြစ်ပြောနေတာ မဟုတ်ဘူး။
ဖြစ်သွားခဲ့တဲ့ကိစ္စဟာ အခုထိပါလာနေတဲ့အတွက်
အခုထိရှင်းနေရသေးတဲ့အတွက် အခြေအနေကို ပြောပြမှ ဖြစ်မှာမို့ ပြောပြနေတာပါ။
လက်ရှိNLDအစိုးရဟာလည်း ဒါကို ထုတ်ပြောပြနေရင်
နောက်ကြောင်းပြန်အပြစ်ဖို့နေသလို ဖြစ်မှာစိုးလို့
ကိုယ်တာဝန်ယူထားတဲ့ အစိုးရတာဝန်ကို ခါးစီးခံနေတယ်လို့ပဲ ထင်မြင်ပါတယ်။

ဒီ​ချေး​ငွေ​တွေကို ဘယ်​​နေရာမှာသုံးခဲ့သလဲဆိုတာကို
သတင်း​ထောက်​​တွေက ​ငွေ​ချေးယူစဉ်​က အဓိကတာဝန်​ရှိသူဖြစ်​ခဲ့တဲ့ သမ္မတရုံးဝန်​ကြီး ဦးစိုးသိန်းကို ​မေးမြန်း​တော့ ပြန်​လည်​​ဖြေကြားမှု မရှိဘူးလို့ BBCသတင်းထောက် ကိုအောင်သူရရဲ့ သတင်းမှာ ဖတ်ရပါတယ်။

ငွေချေးယူစဉ်က နိုင်ငံခြားငွေ ငွေလဲနှုန်းဟာ
မြန်မာငွေ ၈၀၀ကျော်သာရှိပြီး အခုချိန်မှာတော့
မြန်မာငွေ ၁၂၀၀ကျော် ဖြစ်နေတဲ့အခါ
တစ်ဒေါ်လာကို ငွေ၄၀၀ကျပ်ကွာပါတယ်။
ဘီလီယံနဲ့ချီတဲ့ ငွေတွေကိုဆို ဘယ်လောက်ကွာမလဲ
စိတ်မှန်းနဲ့သာ တွက်ကြည့်တော်မူကြပါ။

လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေက​တော့ လွှတ်​​တော်​မှာ
ဒီအ​ကြွေး​တွေပြန်​ဆပ်​ဖို့အတွက်​..
– အခွန်​ဘဏ္ဍာတိုး​ကောက်​ဖို့
– ​ငွေစက္ကူအသစ်​​တွေ ထပ်​မရိုက်​ဖို့
– ​ငွေလွှဲနှုန်း တည်​ငြိမ်​​အောင်​လုပ်​ဖို့
– နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှု​တွေ ဝင်​လာ​အောင်​လုပ်​ဖို့
– ပို့ကုန်​တင်​ပို့မှု​တွေ ပိုမိုတင်​ပို့နိုင်​​အောင်​ လုပ်​ဖို့
စသဖြင့်​ ​ဆွေး​နွေးကြတယ်

အစိုးရအ​နေနဲ့က​တော့ အ​ကြွေးပြန်​ဆပ်​ဖို့အတွက်
နိုင်​ငံ​တော်​သမ္မတရဲ့ ကာလလတ်​​ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာမှာ​တော့
+ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်​မှ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်​ထိ စီမံကိန်း​ရေးဆွဲပြီး
+ ပြည်​တွင်းပြည်​ပသို့ ​ငွေတိုက်​စာချုပ်​များ ထုတ်​​ဝေ​ရောင်းချခြင်း အပါအဝင်
+ အချက်​ ၁၄ ချက်​ပါဝင်​တဲ့ စီမံကိန်း​ရေးဆွဲထားတယ်လို့
သိရပါတယ်။

အတိုချုပ်ပြောရရင် အခု NLDအစိုးရတက်လာတဲ့ ၉လတာကာလအတွင်းမှာ
ပြည်ပအကြွေး မြန်မာငွေ ၁၅၉၃ဘီလီယံ ဆပ်ပြီးခဲ့ပါပြီ။
မြန်မာပြည်လူဦးရေနဲ့ ပျမ်းမျှ စားလိုက်ရင်
အရင်အစိုးရလက်ထက်မှာ တစ်ဦးကို ငါးသိန်းကြွေးတင်ခဲ့ရာကနေ
အခုအစိုးရလက်ထက်မှာ နှစ်သိန်းသုံးသောင်းပဲ ကြွေးကျန်ပါတော့တယ်။

ဒါတွေ ဘာလို့ပြောနေသလဲဆိုတော့
NLDအစိုးရလက်ထက် အခွန်တွေ တိုးကောက်တယ်
ဘာဖြစ်တယ် ညာဖြစ်တယ် . . .
ပိတ်ရက်တွေလျှော့တယ်. . .  ဘာညာ
မကျေနပ်တဲ့ အသံတွေ တောက်လျောက်ထွက်လာကြလို့
နားလည်အောင်ရှင်းပြတဲ့သဘောပါ။

ပြည်သူတွေအနေနဲ့ ရနေတဲ့ အခွင့်အရေးတွေ လျော့သွားရင် မကျေမနပ်ဖြစ်ကြတာ သဘာဝပါ။
မကျေမနပ်မဖြစ်နဲ့ တားခွင့်မရှိပါဘူး။
သူတို့မှာ အခွင့်အရေး အပြည့်အဝရှိပါတယ်။
ဒါပေမယ့် ဘာကြောင့် ဒါမျိုးတွေ ဖြစ်နေလဲ ရှင်းပြဖို့ လိုပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးမှု အရမ်းနောက်ကျနေပြီ
ကြွေး ပတ်လည်ဝိုင်းနေပြီ
ငွေရနိုင်တဲ့ သယံဇာတအရင်းအမြစ်တွေဟာလည်း နှစ်ရှည်စီမံကိန်းတွေနဲ့ ရောင်းချခံထားရပြီးပြီ။
လုပ်ပိုင်ခွင့်နေရာ အတော်များများဟာလည်း စာအုပ်စိမ်းကြီးနဲ့ ချုပ်ကိုင်ခံထားရတယ်။
အစိုးရအနေနဲ့ အားကိုးစရာ ပြည်သူပဲ ရှိပါတော့တယ်။

ပြည်သူတွေအနေနဲ့ ကြိုစားကြရမယ်
ခက်ခဲမှုတွေ ရင်ဆိုင်ကြရမယ်
အပျော်အပါးတွေ လျှော့ကြရမယ်
မခိုးတဲ့ အစိုးရတစ်ရပ်ကို ပိုင်ဆိုင်နေပြီ
အနစ်နာခံကြိုးစားလိုက်ကြရင် ပြန်လည်ဦးမော့လာနိုင်မှာပါ။

ဘယ်ဖွံ့ဖြိုးပြီး နိုင်ငံမှ နတ်ရေကန်ထဲ ပစ်ချလိုက်သလို ဖြစ်မလာဘူး။
တံငါရွာလေးကနေ နှစ်ငါးဆယ်အတွင်း တဟုန်ထိုး တိုးတက်လာတဲ့ စင်္ကာပူကျွန်းနိုင်ငံလေး တည်ခါစမှာ
သူတို့နိုင်ငံသားတွေ ဘယ်လိုရုန်းခဲ့ရသလဲ
ဒုတိယကမ္ဘာစစ်မှာ ပြာပုံဖြစ်ခဲ့ရတဲ့ ဂျပန်ဟာ အခုလို အင်အားကြီးနိုင်ငံဖြစ်လာအောင် သူတို့နိုင်ငံသားတွေ ဘယ်လိုရုန်းခဲ့ရလဲ နားလည်ကြဖို့ လိုပါတယ်။

ပြည်သူမှာချည်း တာဝန်ရှိနေတာ မဟုတ်ပါဘူး
အစိုးရဟာလည်း သူတို့အလုပ် သူတို့လုပ်နေပါပြီ။
မကျေနပ်တဲ့အခါ ဝေဖန်ကြမယ် ပြောကြဆိုကြမယ်. . .
ဘယ်သူကမြင်းခဲ့တဲ့ဗိုက်ကို ဘယ်သူက လှည်းကြိုးဝင်ထမ်းနေရသလဲ မြင်အောင်ကြည့်ကြပါ။
အနည်းငယ်ဖြစ်ဖြစ် အောင့်အီးသည်းခံပေးကြပါ။

လွတ်လပ်စွာ ပြောဆိုဝေဖန်မယ်
မကျေနပ်ရင် ဆဲပါဆဲလို့ရတယ်။
ဆက်အခိုးမခံရဖို့ NLDကိုသာ မဲပေးကြပါ။
ဘဘတွေလက်ထဲ နှစ်ခြောက်ဆယ်လောက်  မုဒိန်းကျင့်ခံခဲ့ရတဲ့ တိုင်းပြည်ကို NLDကို ဆယ်နှစ်လောက် စိတ်ရှည်လက်ရှည် ပေးပေါင်းခိုင်းလိုက်ပါ။
မောင်သိန်းဇော်လေသံနဲ့ပြောရရင်
ဒီ့ထက်ဆိုးလည်း ဒီလောက်မဆိုးတော့ပါဘူး။

ပြည်သူ့ကြိုးစားအနစ်နာခံမှုနဲ့
ပြာပုံထဲကရုန်းထနိုင်ခဲ့တဲ့ ဂျပန်က
မြန်မာနိုင်ငံတင်နေတဲ့ ကြွေးတွေကို
နိုဘယ်ဆုရှင် မျက်နှာနဲ့ လျှော်ပေးနေတဲ့အချိန်မှာ
မြန်မာနိုင်ငံက အချို့သော ပြည်သူတွေက ပိတ်ရက်ဆယ်ရက်ရဖို့ ဆန္ဒပြနေကြတာ မြင်တော့
ခပ်ယဲ့ယဲ့သာ ပြုံးမိပါတော့တယ်။

ခေါက်ရိုးကျိုးစိတ်ဓါတ်တွေ
ပြောင်းလဲချိန်တန်ပါပြီ။

Credit to ပန်​ဆယ်​လို

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ digg:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ spurl:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ wists:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ simpy:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ newsvine:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ blinklist:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ furl:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ reddit:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ fark:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ blogmarks:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ Y!:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။ smarking:တစ်ခါတရံ NLDအစိုးရကို အားမရဘူး။ 
အခုထက်ပို ပွင့်လင်းစေချင်တယ်။

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter