Myanmar Blog » Articles, Asia Entertainment, Beauties & Hunkies & Couples » True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel

True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel

မနက်​က ကိုဖြိုးမင်းသိန်း ဆူး​လေ ရှန်​ဂရီလာမှာ အာဏာ ပြ​နေတယ်​ ဆိုတဲ့  သတင်းကို လူ​ပြော များ​နေလို့ သွားကြည့်​ မိတယ်​။ SMEs​တွေ ကိစ္စ ​ဆွေး​နွေးပွဲ လုပ်​တဲ့ အချိန်​မှာ မီးပျက်​ သွားလို့ ဟိုတယ်​က တာဝန်​ရှိသူ တစ်​​ယောက်​ကို ​ခေါ်ပြီး ​ပြော​နေပုံ ရတယ်​။ ​ပြော​နေသံက ​ဒေါသ တကြီး ဟိန်း​ဟောက်​ ​နေတဲ့ပုံ​တော့ မ​ပေါက်​ပါဘူး။ ဒါ​ပေမယ့်​ လူ​တွေက ဝန်​ကြီးချုပ်​ လမ်း​ကြောင်း မီးမပျက်​ ရဘူး ဆိုတဲ့ စကားလုံးကို အစာမ​ကြေပုံ ရပါတယ်​။

နောက်​ထပ်​ နည်းနည်း ထပ်​စုံစမ်း ကြည့်​​တော့ သတင်း ထဲမှာ မပါတဲ့ အချက်​ တစ်​ချို့ သိလာတယ်​။ ​ဆွေး​နွေးပွဲမှာ ထိုင်းနိုင်​ငံက ဘဏ်​လုပ်​ငန်းရှင်​​တွေ ပါတယ်​။ သူတို့က မြန်​မာနိုင်​ငံက SMEs ​တွေကို အ​ထောက်​အပံ့ ​ပေးဖို့ လာစနည်းနာ ​နေတာ။ သူတို့ ​ရှေ့မှာ မျက်​နှာ မပျက်​ ​စေချင်​လို့ အ​ရေးကြီးတဲ့ အချိန် မို့လို့ မီးပျက်​လို့ မရဘူး ဆိုတာ YESB ကို ကြို​ပြော ထားပုံပါ။ ရန်​ကုန်​ ဝန်​ကြီးချုပ်​က ဟိုတယ်​မှာ မယားငယ်​နဲ့ အိပ်​​နေတုန်း မီးပျက်​လို့ ​ဟောက်​စား လုပ်​သွားတာ မဟုတ်​ဘူး။ နိုင်​ငံတကာ လုပ်​ငန်းရှင်​​တွေ စိတ်​ပျက်​ပြီး ရင်းနှီး မြှုပ်​နှံမှု မလုပ်​​တော့ဘူး ဆိုရင်​ နစ်​နာမှာ ကိုယ့်​ပြည်​တွင်းက လူတွေပဲ နစ်​နာမှာ။

နောက်​ထပ်​ အချက်​ တစ်​ချက်​က မီးပျက်​ချိန်​ဟာ နာရီဝက်​​လောက်​ ကြာတဲ့ အတွက်​ ​ဆွေး​နွေး​ပွဲကို ရပ်​ထား ရသတဲ့။ စဉ်းစား ကြည့်​​ပေါ့​လေ။ မြို့လယ်​က နိုင်​ငံ တကာ အဆင့်​မီ ဟိုတယ်​ကြီးမှာ ဝန်​ကြီးချုပ်​ရဲ့ ​ဆွေး​နွေးပွဲကို အဲဒီ​လောက်​ ရုပ်​​ပေါက်​​အောင်​ လုပ်​တာ။ လုပ်​တဲ့သူ လွန်​သလား။ ​ပြောတဲ့လူ လွန်​လား ဆိုတာ။ ဟိုတယ်​ တာဝန်​ရှိသူကို ​ခေါ်​ပြော ရတာလည်း အဲဒါ ​ကြောင့်​ပဲ။

လက်​ရှိ အ​ခြေအ​နေမှာ ကိုဖြိုးမင်းသိန်းဟာ ​ဒေါ်​အောင်​ဆန်း စုကြည်​ ပြီးရင်​ လူထု အာရုံစိုက်​ အခံရဆုံး ပုဂ္ဂိုလ်​ပဲ။ ချစ်​တဲ့သူ​ရော မုန်းတဲ့သူပါ များတဲ့အတွက်​ သူ့အ​ကြောင်းဆို လူစိတ်​ဝင်​စားတယ်​။ ဒါကို ခုတုံး လုပ်​ပြီး အချက်​ အလက် အ​ပြည်​အစုံ မပါဘဲ လိုတဲ့ ​နေရာ​လေး ကွက်​ရိုက်​ပြီး ဖွ​သွားတာပဲ။ မီဒီယာ သမား အချင်းချင်း အပြစ်​ မတင်​ချင်​ ​ပေမယ့်​ အင်​အား ​ကောင်းတဲ့ မီဒီယာ ​တွေကပါ အခု​လို လူပြိန်းကြိုက်​​တွေ လုပ်​လာတာကို စိတ်​ပျက်​ မိတယ်​။

Credit to Zin Thaw Naing

Another thought;

ကျွန်တော်ကတော့ ဆူးလေ ရှန်ဂရီလာ ညစ်တယ်လို့ ပဲထင်တယ်။

ထင်ရတဲ့ အကြောင်းတွေ ရှိတယ်…

၁) ရှန်ဂရီလာ ဟိုတယ် တာဝါ အသစ်ဆောက် ထားတာကို ဦးဖြိုးမင်းသိန်း တက်လာတော့ အထပ်ပိုဆောက် ထားတာတွေ ၊ ကားပါကင် မလုံလောက်တာတွေ ကို ပြန်ဖျက်၊ ပြန်ပြင်ခိုင်းခဲ့တယ်..။

၂) ရှန်ဂရီလာ ဟိုတယ်ရှေ့ လူသွား ပလက်ဖောင်းကို ဟိုတယ်ဝင်းထဲ ထည့် ထားလို့ လူတွေ လမ်းပေါ်က ကားတွေကြား လမ်းလျှောက်
နေရလို့ အဲဒီဝင်း ကိုပြန်ဖျက် ခိုင်းပြီး လူသွားလမ်း ပလက်ဖောင်း ရ
အောင် ပြန်လုပ်ခဲ့တယ်။

၃)  ဟိုတယ် တစ်ခုမှာ မီးပျက်ရင် စက္ကန့်ပိုင်း အလွန်ဆုံး မိနစ်ပိုင်း ခန့်
သာကြာပြီး Backup မီးစက် နဲ့ မီးပြန်ပေးတာကို ဟိုတယ်ပွဲ တက်ဖူး သူတိုင်းသိတယ်။ ( အထူးသဖြင့် 5 Stars ဟိုတယ်ဆို ဝန်ဆောင်မှု ပိုကောင်း၊ ပိုမြန်တယ်)

၎) ဝန်ကြီးချုပ်တစ်ယောက် လာတက်တဲ့ပွဲဆို အရင်ခေတ်က ဟိုတယ် ဝန်ထမ်း၊ GM မပြောနဲ့ ဟိုတယ် ပိုင်ရှင် တောင် အနားမှာ
Stand By နေနေ ရတာ အခုက မီးပျက်ပြီးတော်တော် ကြာတာ
တောင် အကျိုးအကြောင်း လာပြောတဲ့ ဝန်ထမ်း မရှိဘူး ဆိုတော့….။

၅) ဝန်ကြီးချုပ်စကား ကို လှောင်တဲ့ အထဲမှာ မီဒီယာ သမားတွေ လည်း ပါနေတာ တော့ မဖြစ်သင့်ဘူးထင်တာပဲ…။

၆) ဒီကိစ္စ ကို ဆူးလေရှန်ဂရီလာ ဘက်က တရားဝင်ပြန်ရှင်း တာမျိုး
လုပ်သင့် သလို မီဒီယာ တွေလည်း ဖြစ်စဉ်ကို တစ်ပတ်လည်အောင်
စုံစမ်းမေးမြန်း သတင်းရေးတာမျိုး လုပ်သင့်တယ်။

၇) ဦးဖြိုးမင်းသိန်း လုပ်ဆောင်ချက် အချို့ အားနည်းချက်ရှိနိုင်ပေမယ့်
ညစ်ပတ်တဲ့နည်းနဲ့  နိုင်ငံရေးပုံဖျက်မှု ကိုတော့ လက်မခံနိုင်ဘူး။

Credit to Ye Naing Win

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel digg:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel spurl:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel wists:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel simpy:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel newsvine:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel blinklist:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel furl:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel reddit:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel fark:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel blogmarks:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel Y!:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel smarking:True stories behind Yangon PM vs 20 minutes black out of Yangon Sule Shandri-la 5 stars Hotel

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter