Myanmar Blog » Asia Entertainment, Beauties & Hunkies & Couples » Some stole Tin Zar Maw’s Underwear

Some stole Tin Zar Maw’s Underwear

    Interviewed with May Than Nu about Thingyan Moe Movie

    သရုပ်ဆောင် အကယ်ဒမီ မေသန်းနု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) နှစ်စဉ်နှစ်တိုင်း သင်္ကြန်အချိန်အခါ နီးလာပြီးဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း

    shwedarling.com/blog

    Prince William & Kate – A Royal Couple

    William and Kate: seen on holiday in Ibiza, Spain “William and Kate were

    shwedarling.com/blog

    Please support to BRT lite system!

    ကျောင်းက ပြန်တိုင်း ချော်တွင်းကုန်းအထိကို သက်တောင့်သက်သာရှိတဲ့ BRTကားတွေ စီးဖြစ်တော့ ပိုက်ဆံ ၃၀၀ပေးရုံနဲ့ လူ့စိတ်တော်တော်များများကို ဖတ်ခွင့်ရတယ်။ ကြိုတင်ငွေပေးကဒ် မရှိရင်လည်း

    shwedarling.com/blog

    Sai Sai Kham Hlaing’s interview for his movie `စိုင်းစိုင်းကို ချစ်တယ်´

    စိုင်းစိုင်းကိုချစ်တယ်ဇာတ်ကားရိုက်ဖို့ အများကြီးစွန့်စားရပါတယ် စိုင်းစိုင်းခမ်းလှိုင် ———————————————————- ဇာတ်လမ်း၊ ဇာတ်ညွှန်းထူး နွယ်အိမ်ရဲ့ဇာတ်ညွှန်းကို ဒါရိုက်တာ မောင်မျိုးမင်းရိုက်ကူးပြီး စိုင်းစိုင်း ခမ်းလှိုင်၊ ပိုင်ဖြိုးသု၊ မာရီနာ၊ မင်းဟိဏ်း၊ သတ္တိ၊

    shwedarling.com/blog

image

ဟွာလေ… ပြောစရာရှိတာပြောလိုက်တော့မယ်… အမေ့လည်းအသိပေးလိုက်ပြီမို့လို့..!!! ၂၇ရက်နေ့ညက Novotel Hotel မှာ ပွဲတစ်ခုဆိုတယ်.. နောက်ဆုံးပိတ်ဆိုရတာဖြစ်လို့ ဆိုပြီးပြန်ဆင်းလာတဲ့အချိန်မှာ ArtistRoom ထဲမှာလူတစ်ယောက်မှမကျန်ခဲ့သလို ကိုယ်ထားခဲ့တဲ့ ပိုက်ဆံလွယ်အိတ်တစ်လုံးလုံးလည်းမရှိတော့ဘူး… cctv checking လုပ်တော့  အဲ့ဒီ အခန်းထဲ camera မတပ်ထားဘူးဆိုပဲ!!! အေးပေါ့ .. ချွတ်ဟယ်ဝတ်ဟယ်တွေမလုံမခြုံဖြစ်မစိုးလို့ထင်ပါတယ် အမှန်ကတော့ အားလုံးက အိမ်သာခန်းထဲဝင်လဲကြတာပါ.. တပ်ထားသင့်ပါတယ်!! ဓာတ်သိပေါ့ ခိုးသူက…!!! ခုဘဝ မရှိလို့ခိုးတာက ရတဲ့ပစ္စည်းဘယ်လောက်ကြာအောင်စားရမလဲကွယ်!!! သံသရာတစ်ခုစာ နာမှာ မတွေးမိဘူးလား!!! အပြစ်ခံရတော့ မညည်းကြေးပေါ့!!! ၂၈မနက် London က မိသားစုဆီပြန်ရမယ့်ခရီးရှည်ဆိုတော့ လက်ကျန်မြန်မာငွေအနည်းအပါး နဲ့ ဖုန်း၂လုံး ( အဟောင်းတစ်လုံးထဲမှာက မေ့သမီးလော်ရဲ့ ပုံတွေ အမှတ်တရ )နဲ့ အသုံးအဆောင်ပစ္စည်းအနည်းအပါးပဲပါပါတယ်!!! အားလုံးပြန်ရချင်ရင် ၁၅သိန်းနဲ့၂၀ ကြားကုန်ရမှာပေမယ့် ခိုးသူက ငွေပြန်လုပ်တဲ့ခါကျ တန်သလောက်ဘယ်ရပါ့မလဲလေ!!! ပါသွားတဲ့ MK အိတ်နဲ့ DKNYမျက်မှန်က သူ့ချည်းသုံးလွန်းလို့ ချစ်ရတဲ့အစ်မတစ်ယောက်ဆိုမမြင်ချင်တော့ဘူးအဲ့ဒီအိတ်လို့ ပွစိနေသေး…!!!
ကံကောင်းချင်တော့ ခရီးသွားမယ့် passportအိတ်နဲ့တကွ အရေးကြီးသော့များစာရွက်စာတမ်းများ နိုင်ငံခြားငွေများအားလုံးကို ပွဲသို့ ချီမတက်ခင် အမေ့ကို အကုန်အပ်လိုက်ပြီ!!! ပြီးတော့ ကျွန်မတင်ဇာမော် က စိန်ရွှေငွေလက်ဝတ်ရတနာများမဆောင်တတ်မဝတ်တတ်ပါ!!!
London ပြန်ရောက်တော့မှ ရှာမတွေ့တော့လို့ ခိုးသူလက်ထဲပါသွားပြီယူဆရတဲ့  Driving Liscence ကတော့ သက်တောင့်သက်သာ အိမ်မှာကလေးထိန်းရင်း online ပေါ်က ၁၅မိနစ်လောက်အချိန်ယူပြီး ဖြည့်စရာရှိတာလေးတွေဖြည့်လို့ £20 ပေးလိုက်တာ လိပ်စာအသစ်နဲ့ပါ update Liscence က ၃ရက်နေတော့ အိမ်ရောက်လာပါရောလား ကွယ်တို့….!!!
ခိုးသူလက်ထဲပါသွားတဲ့ မြန်မာပြည်က မှတ်ပုံတင်အတွက်ကတော့ ဟိုလူဒီလူကယ်ပါပေါ့ ပြန်ရောက်မှ လျှောက်ရတော့မှာပ….!!! မိတ္တူတော့ရှိတယ်လေ…!!!
1kg လောက်လေးတဲ့( အထဲမယ် ရေသန့်ဗူး၊  အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊  မလျှော်ရသေးအတွင်းခံတစ်ထည်=ကျန်ခဲ့ရင်အမေလျှော်မိမစိုးလို့အဲ့ဒီနေ့ကနေရာတကာထည့်သွား၊ ဘယ်လောက်သုံးသုံးဘယ်တော့မှမကုန်တဲ့အလှပြင်ပစ္စည်းတိုလီမိုလီများ၊ မြန်မာငွေကျပ်၃သိန်းကျော်၊ ဖုန်း၂လုံး၊ မှတ်ပုံတင်+မြန်မာကားလိုင်စင်၊ phone power bank နဲ့ ယိုးဒယားရောက်တုန်းက ပျော်လွန်းလို့ဝယ်ခဲ့တဲ့ ဘတ်၁ရာဖိုး၃ရန်တန် fancy နားကပ်များပါတဲ့ )  ပိုက်ဆံအိတ်ကြီးကိုArtist Room ထဲ ကနေ တစ်အိတ်လုံးဆွဲပြီးခိုးသွားတဲ့ ခိုးသူကြီးရေ… တစ်သက်စားလောက်စရာမပါပေမယ့် သူတစ်ကာရဲ့ ပစ္စည်းဥစ္စာများ ခိုးယူခြင်းကြောင့် သူတစ်ပါးတို့ရဲ့နှလုံးသားများ လှုပ်ရှားဝမ်းနည်းစေမိတာက အလွန်အပြစ်ကြီးသကွဲ့.. ရပ်တန်းကရပ်နော့… မဟုတ်ရင် ရိုးသားစွာတောင်းစားကြတဲ့ သူတွေလောက်တောင်မှ မမြတ်ပဲ.. လောကအလယ် မေတ္တာအပို့ခံရခြင်းက ပိုလို့ ဆိုးတယ်ကွယ်… သံသရာက မလွတ်ခင် ငရဲတွေနဲ့ထပ်လို့ မတွေးဝံ့စရာပါကွယ်။။

Credit to Tin Zar Maw

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Some stole Tin Zar Maw's Underwear digg:Some stole Tin Zar Maw's Underwear spurl:Some stole Tin Zar Maw's Underwear wists:Some stole Tin Zar Maw's Underwear simpy:Some stole Tin Zar Maw's Underwear newsvine:Some stole Tin Zar Maw's Underwear blinklist:Some stole Tin Zar Maw's Underwear furl:Some stole Tin Zar Maw's Underwear reddit:Some stole Tin Zar Maw's Underwear fark:Some stole Tin Zar Maw's Underwear blogmarks:Some stole Tin Zar Maw's Underwear Y!:Some stole Tin Zar Maw's Underwear smarking:Some stole Tin Zar Maw's Underwear

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter