Myanmar Blog » Beauties & Hunkies & Couples » Actor Ye Tike Released from Jail

Actor Ye Tike Released from Jail

    67th Martyrs’ Day

    ☆ အကယ်၍များ ☆ ————— အကယ်၍များ ••• ၁၉၀၀ ပြည့်နှစ် မေ ၁၆ ရက်နေ့တုန်းက သာယာဝတီခရိုင် အုတ်ဖိုဆိုတဲ့ မြို့လေးမှာ မြေပိုင်ရှင်ဦးဖိုးကြူနဲ့ဇနီးဒေါ်ပန်း

    shwedarling.com/blog

    Food Photography: Kimchi

    shwedarling.com/blog

    Behind the Scene of Yar Pyei Hnin Si

    Kyaw kyaw Myo Nant Zarchi Lin credit to Thant Sin Aung

    shwedarling.com/blog

    Thinzar wint kyaw

    shwedarling.com/blog

image

ရဲ တိုက် ။
*********
zarni zeya

ပေါ်ပင် အကြောင်း လေး ပါပဲ ။ ဖတ်ကြည့် စေချင် ပါတယ် ။

မနေ့ က ရဲတိုက် လွတ် ပါတယ် ။ အရင် ကတည်း က ဘုကျ ကျ စတိုင်
မျက်လုံး တွေ ထဲ အားထဲ့ သရုပ် ဆောင် တတ် တဲ့ သူ့ ကို သဘော ကျ ပါတယ် ။
ဦးကျော်ဟိန်း ကိုယ်စား ရ သလို လဲ ခံစားရ တယ် ။ သူ့ ဘဝ ကောက်ကြောင်း
က လည်း ဦးကျော် နဲ့ ခပ်ဆင်ဆင် ရယ် ။

လွတ်လာ ကတည်း က ဒီ ကလေး ဘယ်တော့ ပလပ် ကျွတ် မလဲ လို့ ရင်တမမ
လိုက်ကြည့် နေမိတယ် ။ ခက်တာ က ကျနော် တို့ တိုင်းပြည် မှာ သရုပ်ဆောင်
တွေ ကို နောက်က ဘက်ကပ် ပေး မယ့် မန်နေဂျာ ကောင်းကောင်း မရှိတာ ပါပဲ ။

မင်းသား မင်းသမီး ဆိုတာ က သရုပ်သာ ဆောင်တတ် ကြတာ အများစု က
လူတွေ နဲ့ ထိတွေ့ ဆက်ဆံ နည်းတွေ အားနည်း ကြ ပါတယ် ။ ခံစားချက် ဦးစား
ပေးတတ် ကြတာ ကိုး ။ စာဖတ် ချိန် လဲ သိပ်မရ တာ ပါမှာ ပေါ့လေ ။

ဒီနေရာ မှာ မန်နေဂျာ တွေ ရဲ့ အခန်း က အရေး ပါလာ ပါတယ် ။
မြန်မာ ပြည် က မန်နေဂျာ ဆိုတာ က မင်းသား မင်းသမီး ကားရက် လိုက် ချိတ်
ပေး နောက်က လိုက် အခန့် မသင့် ရင် အထုပ် တောင် ဝင်ဆွဲ ပေးရ တဲ့ ဘဝ တွေ ။
မင်းသား မင်းသမီး တွေ အပေါ် မှာ သြဇာ မညောင်း ဘူး ။ ညောင်း လောက်
အောင်လဲ ဝမ်းစာ မပြည့် တဲ့ သူ ပဲ ခန့် တတ် ကြတာ ကိုး ။

ဘယ်လို နေ ဘယ်လို စား ဘယ် မသွား နဲ့ ဘယ် သူ နဲ့ မတွေ့ နဲ့ ဘာ စကား မပြော
နဲ့ ဘာ ဆို ဘာမှ အကြံ မပေး တတ် ကြ ပါဘူး ။ ဝင်းဦး နဲ့ ခင်သန်းနူ သရုပ်ဆောင်
တဲ့ မောင်တို့ ချယ်ရီ မြေ မှာ စိန်ဂျွန်း ဦးထွန်းရွှေ ကြီး မန်နေဂျာ အဖြစ် သရုပ်ဆောင်
သွားတာ ကို အမှတ်ရ ကြ လိမ့်မယ် ထင် ပါတယ် ။

အဲ့ ဒီ ခေတ် က မြန်မာ ရုပ်ရှင် တွေ တင်ကျန် ရစ် တဲ့ အကြောင်း မှာ သူတို့ ရဲ့
စွမ်းဆောင် ချက်တွေ လည်း အဓိက ပါ ပါ တယ် ။

မင်းသား မင်းသမီး တွေ က အစ ထုတ်လုပ်သူ အဆုံး ပညာ ရှင် အခန်း ကို မှေးမှိန်
ထား ငါ တကော ကော နေ ကြ အုန်းမယ် ဆိုရင် ဆူလွယ် နပ် လွယ် ငွေ ရ လွယ်
တဲ့ ပေါကား တွေ နဲ့ လုံးထွေး ရစ်ပါတ် ချောက် ထဲ က တက် နိုင် ကြ အုန်းမယ်
မထင် ပါ ဘူး ။

ကျနော် ပြော ချင်တာ မြန်မာ့ ရုပ်ရှင် တခု တည်း မဟုတ် ပါ ဘူး ။
အားလုံး ပါ တယ် ။

အားလုံး သိ အားလုံး တတ်
လူ ချစ် နတ် ချစ်
ရုပ် က လည်း ဖြောင့်
ပညာ ဥာဏ် က လည်း ပြည့်
အနူပညာ လည်း ခံစား တတ်
ကလေး တွေ က လည်း ချစ်
လူကြီး တွေ က လည်း နှစ်သက် တဲ့

အရာရာ သိ အရာရာ တတ် ဘက်စုံ တော် တဲ့ သူ ဆိုတာ
ဆရာကြီး မင်းသိင်္ခ ရဲ့
ဆားပုလင်း နှင်းမောင် ပဲ ရှိ ပါတယ် ခင်ဗျား ။

Credit to (Sayar) Zarni zeya

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Actor Ye Tike Released from Jail digg:Actor Ye Tike Released from Jail spurl:Actor Ye Tike Released from Jail wists:Actor Ye Tike Released from Jail simpy:Actor Ye Tike Released from Jail newsvine:Actor Ye Tike Released from Jail blinklist:Actor Ye Tike Released from Jail furl:Actor Ye Tike Released from Jail reddit:Actor Ye Tike Released from Jail fark:Actor Ye Tike Released from Jail blogmarks:Actor Ye Tike Released from Jail Y!:Actor Ye Tike Released from Jail smarking:Actor Ye Tike Released from Jail

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter