Myanmar Blog » Asia Entertainment, Beauties & Hunkies & Couples » “လှည်းတန်းနေ ကျောင်းသူများနဲ့ မိန်းကလေးအားလုံးအတွက် “

“လှည်းတန်းနေ ကျောင်းသူများနဲ့ မိန်းကလေးအားလုံးအတွက် “

    Japanese Makeup

    shwedarling.com/blog

    Fashion: Pretty in dresses (May Kabyar)

    shwedarling.com/blog

    The difference between women & men

    shwedarling.com/blog

    ပြည်သူ့  ချဉ်ဖတ်

    ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရေးအရာရှိ ဗိုလ်ချုပ်စိုးရှိန် လယ်သမားများကို သေနတ်ဖြင့် ခြိမ်းခြောက် ရန်ကုန်၊ ဇူလိုင် ၁၇ ယခင်နအဖအစိုးရအကြီးအကဲ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ဟောင်း

    shwedarling.com/blog

“လှည်းတန်းနေ ကျောင်းသူများနဲ့ မိန်းကလေးအားလုံးအတွက် ”

လှည်းတန်းလူကူးဂုံးတံတားမှာ စုတ်စုတ်ပြတ်ပြတ် ကလေးတွေ မိန်းကလေးငယ်လေးတွေကို အတင်းလိုက်ဆွဲပြီး ပိုက်ဆံ့တောင်းကြတာ ၊ အဲဒီ့မှာ ဘုန်းကြီးယောင်ဆောင်ထားတဲ့ ဘုန်းကြီးအတုတွေ ဒကာမလေးလို့ အတင်းခေါ်ပြီး ဆွမ်းဖိုးဆို ပိုက်ဆံ့ညာတောင်းကြတာတွေ လူတိုင်းကြားဖူးပြီးသားဖြစ်မှာပါ ။ ဒီစာကို ရေးရခြင်းက လှည်းတန်းဂုံးတံတားနဲ့ အနီးဆုံးဖြစ်တဲ့ အများဆုံးဖြတ်ကူးနေကျဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသူများအတွက် ရည်ရွယ်ပါတယ်။

ဒီနေ့ကျောင်းဆင်းတော့ ထုံးစံအတိုင်းဂုံးတံတားပေါ်ဖြတ်ကူးတယ်။ City Express ဘေးဘက်ခြမ်း တံတားပေါ်က အောက်ကိုဆင်းဖို့ လှေကား သုံးထစ်လောက် နင်းအပြီးမှာ နောက်က အနီနဲ့ အနက်နဲ့ ကြားထားတဲ့ အင်္ကျီနဲ့ကလေးတစ်ယောက် အတင်းအော်လိုက်လာပါတယ်။ ကျွန်တော့ရှေ့မှာကာရပ်တော့ လှေကားပေါ်က ကျသွားလုလု အနေအထားပါ။ ကျွန်တော့ လန့်သွားတယ်။ အဲ့ကလေးပြေးဝင်လာတာထက် သူအောက်ကိုကျသေသွားရင် ပထမဆုံးကျွန်တော်အမှုပတ်ခံရမယ်။ ကျွန်တော့စိတ်ထင် အသက် ၄ နှစ်လောက်တော့ ရှိပြီထင်ပါတယ်။ လက်နှစ်ဖက်နဲ့ ကျွန်တော့ရှေ့က အတင်းကာထားပြီး မုန့်ဖိုးပေးပါ မုန့်ဖိုးပေးပါလို့ တောင်းပါတယ်။ ကျွန်တော်ကလေးချစ်ပါတယ်။ သနားလည်းသနားတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ ။ ဒါပေမဲ့ အဲ့ကလေးနောက်က သူများပိုက်ဆံ့ကို အတင်းတောင်းခိုင်းတဲ့ ခွေးလိုလူတွေကိုတော့ သဘောမကျလှဘူး ။ ကျွန်တော်လည်း ပြေပြေလည်လည်ပဲ မောင်လေး မမမှာ ပိုက်ဆံ့မရှိဘူး လို့ ၅ ခါတိတိ ယဉ်ယဉ်ကျေးကျေးရှင်းပြပါတယ်။ ဒါပေမဲ့ အဲ့ကလေးက အတင်းအတင်းကို လူဘက်ကို တိုးဝင်လာပါတယ် ။ ကျွန်တော့်အားနဲ့တွန်းလိုက်ရင် ရပေမဲ့ ကလေး လှေကားပေါ်ကလှိမ့်ကျလိမ့်မယ် ။ ဒါနဲ့ ခုနက ဆင်းခဲ့တဲ့ လှေကား သုံးထစ်ကို ပြန်တက်ပြီး တစ်ဖက်လှေကားအဆင်းက ဆင်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲ့ကလေးက ကျွန်တော့် အင်္ကျီစကို အတင်း အတင်းဆွဲပြီး ပိုက်ဆံ့မပေးရင် မပြန်ရဘူးဆိုတဲ့ပုံစံမျိုးနဲ့ ထပ်တားပြန်ပါတယ် ။ ကျွန်တော် အဲ့ကလေး လက်ကို ထိန်းဆွဲပြီး မောင်လေး အုပ်ထိန်းသူဘယ်မလဲ ခု ရဲစခန်းကိုတိုင်လိုက်လို့ရတယ်ဆိုတာ နားလည်လား။ မိဘတွေဘယ်မလဲ ။ ဘယ်သူက ဘယ်လိုတောင်းခိုင်းလို့ ဒီလောက်ဆိုးရွားနေလဲ စသဖြင့်မေးပါတယ် ။ ကလေးတစ်ယောက်ကို ဒီလိုဆက်ဆံရတာ စိတ်မကောင်းပါဘူး ။ လမ်းသွားလမ်းလာတွေ ကျွန်တော်တို့ ဒီလိုဖြစ်နေတာ ကိုမြင်ပေမဲ့ စိတ်မကောင်းစရာပဲ ။ ကျွန်တော့ကို မကူညီကြဘူး ။ မေးနေလျက်က ကလေးက ရိုင်းလာတယ် ။ ဒါပေမဲ့ ပိုက်ဆံ့လိုချင်တာကို မလျော့ဘူး ။ ထိန်းထားတဲ့ ကျွန်တော့လက်ကို လျော့လိုက်ပြီး တံတားပေါ်က ပြေးဆင်းမယ် အလုပ် ကျွန်တော့ နောက်ကျောဘက်ကို တစ်ချက် ရိုက်တာခံလိုက်ရတယ် ။ ရိုက်တာက အဲ့ကလေးပါ ။ ကျွန်တော့ အထင်တော့ သူတို့တွေမှာ အဖော်တွေရှိပုံရတယ် ။ မပေးရင် သူတို့ကိုပြောရင် တစ်ခုခုလုပ်ရင် ပြန်ခံလုပ်ဖို့ အဖော်အပေါင်းတွေ ရှိပုံရတယ်။ ခက်လှမ်းလှမ်းမှာလည်း သူ့လိုပုံစံတွေရှိတယ် ။ အရိုက်ခံလိုက်ရတဲ့ ကျွန်တော် ဘယ်လိုတုန့်ပြန်ရမလဲ ။ ကျွန်တော် ချက်ချင်း အဲ့ကလေးနောက်လိုက်ပြီး တ်ချက်ပြန်ရိုက်လိုက်တယ် ။ နောက်တစ်ခါဆို လန့်သွားအောင်ပါ ။ အတင်းအကျပ် မိန်းကလေးတွေကို ပိုက်ဆံ့မတောင်းအောင် ။ ကလေးကို ရိုက်ရတာ စိတ်မကောင်းပါဘူး ။ ဒါပေမဲ့ အတင်းလုပ်လာတဲ့ ဒီလို အခြေအနေမှာ ကျွန်တော့အနေနဲ့ တစ်ယောက်တည်း ဘယ်လိုတုန့်ပြန်ရမှန်းမသိဘူး ။ ဒါပေမဲ့ သေချာပါတယ်အဲ့ကလေးကို နာအောင်တော့ကျွန်တော် အားထည့်မရိုက်ခဲ့ဘူး ။ ဒါပေမဲ့ မျက်နှာနဲ့ အသံကို အမာဆုံးဖြစ်အောင်တော့ ကျွန်တော်နေခဲ့ပါတယ် ။ပြီးတော့ ခပ်မြန်မြန်ပဲ ပြေးဆင်းလာခဲ့တယ်။ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်က ပြောပြတာထက် ပိုဆိုးရွားပါတယ်။ ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ ကျွန်တော်စိတ်မကောင်းခဲ့ဘူး။ တကယ်စိတ်မကောင်းပါဘူး ။ ပြီးတော့ ကြောက်လည်းကြောက်သွားသလို သနားလည်းသနားခဲ့တယ် ။ မြန်မာနိုင်ငံမှာ ကလေးသူငယ်နဲ့ပက်သတ်ပြီး ဥပဒေလုံးဝရှိပါတယ် ။ ၁၉၉၃ ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆ ဂ အရ ကလေးကို သူတို့ကိုယ်ကျိုးအတွက် တောင်းရမ်းခိုင်းသည်ပဲဖြစ်စေ ၊ ကလေးတောင်းနေတာကို သူ့အုပ်ထိန်းသူက မတားမြစ်နိုင်သည်ပဲဖြစ်စေ ၊ ဘယ်လိုပုံစံမျိုးနဲ့ တောင်းခိုင်းသည်ပဲဖြစ်စေ ပြစ်မှုမြောက်ပြီး ထောင်ဒဏ်အထိချပစ်နိုင်အောင် ကြီးလေးပါတယ် ။ အဲ့တော့ ဒါရှိနေလျက်နဲ့ ဒီကိစ္စကို ဘယ်သူမှ ဘယ်လိုမှ မတားတော့ဘူးလား ။ တားလို့မရအောင်ပဲ ဥပဒေမဲ့နေပြီလား ။ မသိချင်ယောင်ဆောင်နေကြတာလား။ တကယ်ပဲမသိတာလား ။ မသိတော့တာလား ။ကျွန်တော်ဝမ်းနည်းမိတယ် ။ အထူးသဖြင့် ပိုက်ဆံ့အတင်းတောင်းခံရတဲ့ ငယ်ရွယ်တဲ့ကျောင်းသူတွေရယ် အကြောက်အလန့်လုံးဝမရှိတော့ဘဲ သေမထူးနေမထူးလို တောင်းနေတဲ့ ကလေးတွေရယ် ။ ဘယ်သူမှ ဘာမှ လုပ်မပေးနိုင်တော့ဘူးလား ။ နောက်တစ်ခါ ဒီနေရာမှာ ကျွန်တော်မဟုတ်တဲ့ နောက်မိန်းကလေးတစ်ယောက်ကို ဒီလို ဒီလိုတွေထပ်လုပ်ခဲ့ရင် ။ ဒီ့ထက်ဆိုးတာတွေဖြစ်လာခဲ့ရင် ။ ထားပါတော့ ။ ကျွန်တော်အတွေးလွန်နေတာပဲ ထားလိုက်ပါတော့ ။ ဒါပေမဲ့ အာလုံးပဲ သတိရှိရှိ ဖြတ်ကူးကြပါ။တကယ်လို့ အနည်းဆုံး ကျွန်တော့လို အတောင်းခံရရင် ဘယ်လိုလုပ်မလဲဆိုတာ ကြိုပြီးစဉ်းစားထားကြပါ။ ကျွန်တော်တို့အာလုံးနေတဲ့နေရာဟာ မလုံခြုံဘူး လုံးဝမလုံခြုံတော့ဘူးမို့ ဒီစာလေးရေးပြီး လက်လှမ်းမှီသလောက်တိုက်တွန်းလိုက်ပါရစေ။ ။

14.12.2017 (9:14PM)

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us: digg: spurl: wists: simpy: newsvine: blinklist: furl: reddit: fark: blogmarks: Y!: smarking:

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter