Myanmar Blog » shweDarling » 2017 ရဲ့ စာတစ်ပုဒ်

2017 ရဲ့ စာတစ်ပုဒ်

    လူရွှင်တော်မေတ္တာ ပြောပြတဲ့ အကြောက်တရား ၂ မျိုး

    ပန်းတနော်မြို့ အကယ်ချောင်းကျေးရွာမှာ အင်္ဂါနေ့က ကျင်းပပြုလုပ်တဲ့ တောင်သူလယ်သမားနဲ့ ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂ ညီလာခံကို လူရွှင်တော် မေတ္တာလည်း လာရောက်ပြီးတော့ အားပေးစကား

    shwedarling.com/blog

    Please protect Irrawaddy & Irrawaddy dolphin!

    သားကြီးမရေ အမျှအမျှ ကျွန်တော်များစွာစိတ်မကောင်းဖြစ်မိပါတယ် ၅/၁၁/၂၀၁၆ နေ့  ဧရာဝတီလင်းပိုင် လေ့လာရေးသွားစဉ်  လင်းပိုင် ဆရာကြီး ဦးမောင်လေးနဲ့အတူ  အင်ဒေါင်းရွာ အနီးမြစ်ပြင်ထဲ လှေငယ်တစီးနဲ့ သွားခဲ့ပါတယ် သူတို

    shwedarling.com/blog

    ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့ စတင်ထွက်ခွာ

    ရန်ကုန်၊ဇန်နဝါရီ၊ ၂၁။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေး အလံသယ်ဆောင်သည့်

    shwedarling.com/blog

    Hunkie of the day – Min Maw Koon

    Today’s hunkie is Min Maw Koon. Yes, he may be

    shwedarling.com/blog

၂၂ရက်နေ့က #Ooredoo တစ်သောင်းဖြည့်ရင်ငါးထောင် အပိုဆိုလို့ ဖြည့်လိုက်တယ်။ တကယ်ဆို ကိုယ်က လိုင်း ၃မျိုးလုံးသုံးနေတဲ့အတွက် #ooredoo တစ်မျိုးတည်းသုံးနေတာလည်းမဟုတ်ဘူး။ အဲဒီ ၅၀၀၀ အပိုဟာ အင်တာနက်ရော call ရောသုံးလို့ရတယ်တဲ့။ ကိုယ်က အဲဒီ #ooredoo ကို ဖုန်းခေါ်လေ့မရှိဘူး။ အင်တာနက်ပဲသုံးတာ။ package လည်းဝယ်ထားတာ။ 2G လောက်ကျန်တယ်။ ဟော ဒီမနက်ကျ message ဝင်လာတယ်။ အင်တာနက်သုံးနေတာ ၁၄၀ရှိပြီတဲ့။ လူလည်း အူကြောင်ကြောင်ဖြစ်သွားတယ်။ package တစ်ခုလုံးလည်းရှိတယ်။ Bonus ၅၀၀၀ လည်းရှိလျက်နဲ့ ဘာတွက် ၁၄၀ လဲ ဆိုပြီး bill စစ်တော့ တစ်ထောင်ကျော်ပဲကျန်တယ်။ ငွေတစ်သောင်း တစ်ထောင်ကျော်ကနေ တစ်ထောင်ကျော်ဆိုတော့ တစ်သောင်းလုံးပျောက်သွားတာ။ ဒါနဲ့ Bous ကြည့်တော့ Bonus ကလည်း ၇၅ကျပ်ကျန်သေးတယ်။ package စစ်တော့လည်း 600M ကျန်တယ်တဲ့။

ဥာဏ်မမီပါဘူး။ ကိုဝင်းမြင့်နဲ့ ကိုဝေးခေါင်ကဗျာဆုရတာကို ကိုမိုးဝေး ခါးကြီးထောက်ကိုခက်ထန်ကားကိုမီထားတဲ့ပုံတင်ထားတာထက် စဉ်းစားရခက်ပါတယ်။ bonus ကဖြတ်ရင် Bonus အရင်ကုန်ရမယ်။ ကုန်ပြီးရင် package ဆက်သွားရင် အဲဒီ package ကုန်ရမယ်။ ပြီးမှ ငွေဖြည့်ထားတာကို ဆက်သွားပေါ့။ ခုတော့ ဘာလုပ်လိုက်သည်မသိ။ သုံးလည်း မသုံးလိုက်ရပဲ ငွေတစ်သောင်း ပျောက်သွားတယ်။

မြန်မာပြည်မှာ လူဖြစ်ရတာ လူဖြစ်သိပ်ရှုံးတာပဲဆိုတာ အရမ်းမှန်တယ်။ ဘာမှ complaint တက်လို့ မရဘူး။ တက်စရာနေရာလည်း မရှိဘူး။ customer service သာဆိုတယ်။ customer ကို လူလိုဆက်ဆံရကောင်းမှန်းမသိတဲ့သူတွေနဲ့ချည်းတိုးရတာ များနေတယ်။ တစ်ခါ တစ်ခါ မြန်မာပြည်ပြန်ပြန်လာတိုင်း နေချင်စိတ်ပျောက်အောင် လုပ်နေသလို ခံစားရတယ်။ ပြန်လာတာ တစ်လမပြည့်သေးဘူး။ သားအမိ နှစ်ယောက် အင်တာနက်ဖိုး ဖုန်းဘေလ်က သိန်းချီနေပြီ။ ဟိုမှာဆို တစ်လ 200G ကို လန်ထွက်နေအောင်သုံးတာတောင် အဲလောက် မကျဘူး။ တစ်နေ့တစ်နေ့ message တွေကျ ပို့ပြီးသားလည်း ထပ်ထပ်ပို့တယ်။ ပြီးရင် အဲဒီ message တွေက အလကားပို့တာလည်း မဟုတ်။ ပြန်ဖြတ်တာ။ သူတို့အတွက် အရှုံးဆိုတာ ဘယ်မှာလဲ ..။ မတရားလုပ်သမျှ ငုံ့ခံ နေရရှာတဲ့သူတွေ (ကိုယ်အပါအဝင်) ပဲ သနားတာ။ ကိုယ့်တိုင်းသူပြည်သားတွေ ဒီလိုခံနေရလို့ အရေးတယူလုပ် စစ်ဆေး တာဝန်ယူပေးမယ့် အစိုးရမျိုးလည်းမရှိဘူး။

လူတွေကလည်း တနေ့ထက်တနေ့ စိတ်ဓာတ်တွေ တိုးတက်လာလိုက်တာ။ လစ်ရင် လစ်သလို လုပ်စားမယ်ဆိုတာချည်းပဲ။ ဆိုင်တွေသွား ဝယ်တာဖြစ်ဖြစ် စားတာဖြစ်ဖြစ် သိပ်သတိထားရတယ်။ ဈေးတွေပိုတွက်တယ်။ ပြန်စစ်ရင် မဖြေချင်ဘူး။ ဒီနေ့လည်း မုန့်ဝယ်တာ ။ ၅၈၈၆၀ ကျတာကို ၅၉ ၀၀၀ တဲ့။ အဲထဲမှာ အခွန်ကလည်း စားသုံးသူက ပေးရတာပါ။ ၅၈၈၆၀ နဲ့ ၅၉ ၀၀၀ ဟာ ပြောရင်တော့ ၂၅၀လောက်ပဲ ကွာတယ်ပေါ့။ ဒါပေမယ့် ၂၅၀ဟာလည်း ၂၅၀ပါပဲ။ ပြန်အမ်းစရာမရှိလို့ ဆိုတာက တစ်မျိုးပေါ့။ ခပ်တည်တည်နဲ့ ပိုတောင်းတာကတော့ အဆင်မပြေပါဘူး။ တောင်းစားရင်တောင် ၂၅၀ လောက်ဆို ပေးခဲ့လို့ရပေမယ့် အဲလို သက်သက်လုပ်တာကျတော့ ကိုယ်လိုလူနဲ့တွေ့တော့ ၈၅၀ အတိ တစ်ရွက်ချင်း ၅၀တန်က အစ ရှာပေးလိုက်တာနဲ့ တိုးတော့တာပေါ့။ ဒါက ဒီနေရာတွေတင်မကပါဘူး။ ဆိုင်တော်တော်များများဟာ ငွေ ၂၀၀ ထိ မအမ်းချင်ပဲ ဟိုဟာယူလိုက်ပါလား ဒီဟာယူလိုက်ပါလား လုပ်နေကြတာကလည်း စိတ်ပျက်စရာကောင်းပါတယ်။ ကားဂိတ်ကြေးတွေလည်း အဲလိုပါပဲ။ ၁၁၀ ပြေစာကို ၂၀၀ တောင်းတဲ့သူကတောင်းပါတယ်။ အဆင်မပြေရင် ၁၅၀ သို့မဟုတ် ၂၀၀ ပြေစာသာ လုပ်လိုက်ပါတော့လား။ ခုတော့ ၉ ၀ကို ဂိတ်ကလူတွေက ဆက်ကြေးတောင်းနေသလိုပဲ။ ကားတစ်စီး ၉ ၀ ပဲတွက် ။ တစ်နေ့ကို အစီး ၁၀၀၀ လောက်မက ဖြတ်နေတာ။ သူတို့ တစ်ရက်ဝင်ငွေလေးကို တွက်ကြည့်ကြပါဦးး။ မှန်မှန်ကန်ကန် ရိုးရိုးသားသား လုပ်စားနေသူတွေက သေအောင်ရှာနေရပြီး မရှက်တတ်သူ မရိုးသားသူတွေကျ ငွေရှာရလွယ်နေတဲ့ တိုင်းပြည်လို ဖြစ်နေတယ်။ အလုပ်တစ်ခုရပြီဆိုရင် မေးတဲ့မေးခွန်းကိုက အောက်ဆိုဒ်ရလား သက်သာလား ဆိုတာနဲ့စတယ်ဆိုမှတော့…

အနာဂါတ်ကြီးဟာဖြင့် သိပ်သာယာတာပဲ။ ကြက်တူရွေးနှုတ်တိုက်သင်ထားသလိုသာ Merry Christmas လိုက်ရတယ် မွေးနေ့တော်ဟာ ပျော်စရာ ဘာရှိလဲ။ ရိုးရှင်းတဲ့ပျော်ရွှင်ဖွယ်ရသတွေပျောက်ဆုံးနေတယ်။ လာဦးမယ် နောက်တစ်ပတ်လောက်ကျ Happy New Year လို့ အော်ကြဦးမယ်။ ဘယ်လိုအနာဂါတ်ဟာ ၂၀၁၈ မှာ ထိုင်စောင့်နေလဲ သိသိကြီးနဲ့ဟန်လုပ်ကြရဦးမယ်။

Credit to khin May Wynn

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:2017 ရဲ့ စာတစ်ပုဒ် digg:2017 ရဲ့ စာတစ်ပုဒ် spurl:2017 ရဲ့ စာတစ်ပုဒ် wists:2017 ရဲ့ စာတစ်ပုဒ် simpy:2017 ရဲ့ စာတစ်ပုဒ် newsvine:2017 ရဲ့ စာတစ်ပုဒ် blinklist:2017 ရဲ့ စာတစ်ပုဒ် furl:2017 ရဲ့ စာတစ်ပုဒ် reddit:2017 ရဲ့ စာတစ်ပုဒ် fark:2017 ရဲ့ စာတစ်ပုဒ် blogmarks:2017 ရဲ့ စာတစ်ပုဒ် Y!:2017 ရဲ့ စာတစ်ပုဒ် smarking:2017 ရဲ့ စာတစ်ပုဒ်

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter