Archive for January, 2018

Page 1 of 512345

“ဗမာကျွန် ဆိုပဲ”

Thursday, January 18th, 2018

“ဗမာကျွန် ဆိုပဲ” ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်မိတယ် တကယ်ပဲကျွန်ရုပ်ပေါက်နေပြီလား။ ကျနော်ရခိုင်တစ်ဦးပါ ၁၁/ ကို ကိုင်ဆောင်ပြီးတစ်နိုင်ငံလုံးဘယ်နားနေနေဘယ်နေရာသွားသွား အမှီအခိုကင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနေတဲ့ လွတ်လပ်အမှီအခိုကင်းIndependentဖြစ်နေတဲ့ရခိုင်တစ်ဦးပါ။ ကျနော် ဘယ်သူ့ကျွန်မှမဟုတ်ဘူး မွေးကတည်းကလွတ်လပ်တဲ့လူသားတစ်ဦး ကျနော့် မိဘတွေလည်းကျွန်တွေမဟုတ်ကြဘူး ဒီတော့ကျနော်လည်းကျွန်မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ်ကျွန်လို့ဘယ်တုန်းကမှမတွေးမိဘူး သူတို့ပြောမှ ကျွန်လုံးလုံးဖြစ်ရတယ် မျိုးချစ်အမည်ခံမျိုးနှစ်တွေကိုတောင်းပန်ပါတယ် ကိုယ့်လူမျိုးကို ကျွန် ကျွန် ဆိုပြီး ဂုဏ်သိပ်မတင်ကြပါနဲ့တော့။ ၂၁ရာစုမှာနေပြီး ၁၈ရာစုကို တမ်းတ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုလွမ်းပြနေတာကို နိုင်ငံရေးလုပ်တယ်လို့ထင်နေကြတဲ့သူတွေကြောင့်ခက်နေတာ ဒီလိုလူတွေကြောင့်အမုန်းတရားကိုသာကြီးထွားလာစေတယ် ကိုယ့်ဒေသတိုးတက်ရာတိုးတက်ကြောင်းကိုမပြောပဲ အမုန်းတရားမှိုင်းတွေနဲ့၂၁ရာစုကိုဘယ်လိုရင်ဆိုင်မလဲ ကျေးဇူးပြုပြီး ၂၁ရာစုလူငယ်တွေကို၂၁ရာစုအကြောင်းပဲပြောပေးကြပါ။ ပြောကြစတမ်းဆို ကျွန်ပြုတဲ့ခေတ်က သခင်တွေကကျွန်မျိုးကို တန်းတူထားလို့လား ရခိုင်ကသာဗမာကျွန်ဆိုရင် အကယ်ဒမီနေတိုးဆိုတာ ဖြစ်လာပါ့မလား အကယ်ဒမီခန့်စည်သူဖြစ်လာပါ့မလား အဆိုတော်သားငယ်ဆိုတာကောဖြစ်လာမလား မင်းသားနေထက်လင်းလည်းမရှိတော့ဘူး ရတနာမိုင်လည်းမရှိတော့ဘူး ဦးစံသာအောင်လည်း ပါမောက္ခမဖြစ်တော့ဘူး ဒေါက်တာဖေမြင့်လည်းပြည်ထောင်စုဝန်ကြီးမဖြစ်တော့ဘူး ဦးအောင်လှထွန်းလည်း ဒုဝန်ကြီးမဖြစ်တော့ဘူး …………………။ ရခိုင်ညီအစ်ကိုအပေါင်းတို့ […]

အောင်မင်္ဂလာကားဝင်း ကဓားပြ များ

Wednesday, January 17th, 2018

စိုးရိမ်စရာကောင်းတာကို သိသင့်တယ် ထင်လို့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ အောင်မင်္ဂလာကားဝင်းက စိုးရိမ်စရာဖြစ်လာ ————————————————— ** မင်းမဲ့တိုင်းပြည်ကဲ့သို့ဖြစ်နေသော ရန်ကုန် အောင်မင်္ဂလာကားဝင်း အဝင်ပေါက်က ၃ ချပ်လိမ် ** သို့/ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တကွ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အရာရှိများ ခင်ဗျာ အောင်မင်္ဂလာကားဝင်း အဝင်ပေါက်YBS ၁၇၊ YBS ၃၅ ကားဂိတ်တွင် မနက် ၂ နာရီမှ မနက် ၅ နာရီအချိန်တိုင်းအများပြည်သူတို့အား လိမ် လည်လှည့်ဖျားပြီး အုပ်စုလိုက် အဖွဲ့လိုက် ညစ်ပတ်ကာ တောနယ်မှ ရန်ကုန်မြို့ပေါ်သို့ ဈေးဝယ်တက်လာသော မိန်းကလေးငယ်များ၊ အဒေါ် အရွယ်များအားမထိုးချင်ပါဘူး၊ မသိပါဘူး၊မထိုးပါဘူးပြောလဲမရ အတင်း ထိုးခိုင်းပြီး အတင်းစားတယ် စားတယ်ဆိုကာ တောနယ်ကဈေးဝယ်ဖို့ ချွေးနှဲစာလေးတွေ စုေ​ဆောင်းလာသမျှကို ပေါ်တင်ဓားပြတိုက်သလို နေ့စဉ်တိုက်ယူနေသည်မှာ အချိန်ကာလအတော်ကြာနေပါပြီ ။ […]

သိပ် ဆိုးတဲ့ သူ

Monday, January 15th, 2018

သူလေ တွေ့တာနဲ့ခြေထောက်ကိုလှမ်းကိုင်တာဘဲ အို ..လွှတ် လွှတ် ..အခုလွှတ် လို့ ပြောလဲ မရဘူး။ အရမ်းကြိုက်တာဖဲ ရင်အုံကနေ ခြေထောက်အထိ ပစ်ရက်စရာမရှိဘူးတဲ့ ပြီးတော့ စိမ်ပြေနပြေ ခြေထောက်ကို သွားလေးနဲ့ ကိုက်တယ်။ လျာနဲ့ယက်တယ် ..အိုလံပစ်အားကစားပွဲတွေမှာ မီးရှုးတိုင် ကိုင်လာတဲ့သူလို ခြေထောက်ကို လက်နှစ်ဖက်နဲ့ သေချာ ကိုင်ထားတယ် တလက်လက်တောက်နေတဲ့ သူ့ မျက်လုးံတွေက ခြေထောက်ကို သေချာစိုက်ကြည့်နေရင်း ရုတ်တရက် မိုးချူန်းသံလို ဒေါသတကြီး အော်လိုက်တယ် ဒီမှာ အမွှေးတချောင်း ကျန်သေးတယ် နင့်ကို အမွှေးတွေပြောင်အောင်နှုတ်ပါ ငါ သတိပေးထားတယ်မဟုတ်လား .. စိန်စိန်ကမန်းကတန်းငုံ့ကျိလတ်တယ် .. မီးသတ်ပိုက်လောက်ရှည်တဲ့ အမွှေးတချောင်းဟာ ကပ်သီးကတ်သတ် ဘယ်လိုကျန်ခဲ့ မှန်းမသိဘူး… “ခြေထောက်မှာအမွှေးတွေရှိတာ ဘာနဲ့တူလဲ သိလား လူတွေကိုစော်ကားနဲ့ တူတယ် […]

Page 1 of 512345

You are currently browsing the All Things Myanmar Burmese weblog archives for January, 2018.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter