Myanmar Blog » Articles, Knowledge Base, Notes » ထမင်းဗူးပုံပြင်

ထမင်းဗူးပုံပြင်

    နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ

    ဓာတ်ပုံ- ကိုမြင့်ဦး နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ ————- ရေးသားသူ- ထွန်းခိုင် “သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း…” အနန္တသူရိယ ပုသိမ်မြို့၏အနောက်ဘက်ရှိ အနည်းငယ် မသေမသပ်ပုံစံပေါက်နေသော အိမ်လေးဆီသို့ မျှော်လင့်မထားသည့်

    shwedarling.com/blog

    Photos of the day

    shwedarling.com/blog

    Best dressed females at Myanmar Academy Awards Ceremony 2010

    Pictures from Planet: Academy

    shwedarling.com/blog

    Action movie of Khar & Htet Htet Tun

    shwedarling.com/blog

ထမင်းဗူးပုံပြင်

=========

ရန်ကုန်တက္ကသိုလ်ထဲမှာ နိုဝင်ဘာလကုန်မှာ လုပ်မယ့် Conference ၃ ရက် အတွက် ထမင်းဗူး ၁၀၀၀ လောက်မှာမယ်လို့ မစနိုးက ၆ လလောက် ကြိုပြောတယ်။ ထမင်းဟင်းတွေက အဆင်ချောပေမဲ့ ဗူးကိုဘယ်လိုဟာသုံးမလဲလို့ ရှာရတယ်။

စင်္ကာပူကသွင်းပြီး ရောင်းနေတဲ့ ဗူးတွေက အကောင်းစားတွေ၊ microwave နဲ့ နွှေးလို့ရတယ်၊ ကိုင်လိုက်ရင် မာမာတောင့်တောင့်၊ ဈေးကလည်း ၃၅၀။ ဗူး ၁၀၀၀ ဆိုတော့ ၃ သိန်းခွဲ၊ ဒါက အမှိုက်ပုံးထဲပစ်လိုက်ရမှာ။

နှမြောတတ်တဲ့စိတ်ကြောင့် ဒါကိုဘယ်လိုလုပ်ရင်ရမလဲလို့ စဉ်းစားတယ်။ အသိတစ်ယောက်က အိန္ဒိယကသွင်းလာတဲ့ သတ္တုဗူးတွေဆိုလို့ စုံစမ်းတော့ ဈေးကြီးတယ်။

ကိုယ့်ပြည်တွင်းက အထူစားကျောင်းသုံးထမင်းဗူးတွေကြည့်ပြန်တော့လည်း လိုချင်တဲ့ ပုံစံမျိုးမဟုတ်၊ ဈေးကလည်းမကိုက်ပြန်ဘူး။

စင်္ကာပူထမင်းဗူးကိုပဲ ဒီမှာ ထုတ်လို့မရဘူးလားလို့ အသိတယောက်ကစုံစမ်းပေးတာ လတွေသာကြာသွားတယ်၊ ဘာမှမထူးဘူး။ ဒီဈေးကွက်က မသေးဘူး။ စင်္ကာပူကနေ ဂိုထောင်ကြီး ၃ လုံးနဲ့ သွင်းထားတာကိုတွေ့တာ။

နိုဝင်ဘာရောက်သွားတာနဲ့ စင်္ကာပူထမင်းဗူးကိုပဲဝယ်လိုက်ရတယ်။ ဒါတောင်မလျှော့သေးဘူး။ ဗူးတွေကို အလဟသ မပစ်ရအောင် ပြန်ကောက်သိမ်းမယ်၊ ရေနွေးနဲ့ သေချာဆေးပြီး လူနာတွေထမင်းဝေရင် ပြန်သုံးမယ်။ ချိုင့်တွေမပါလို့ ကြွပ်ကြွပ်အိတ်နဲ့ ပေးမယ့်အစား ဗူးတွေပေးမယ်လို့ စဉ်းစားပြီး Conference နေ့မှာ ကိုယ်တိုင်လိုက်သွားတယ်။ အမှိုက်ပုံးထဲ ထည့်ပစ်လိုက်မှာစိုးလို့ အခန်းပေါက်ဝတွေမှာ အမှိုက်အိတ်အကြီးကြီးတွေ လိုက်ချိတ်တယ်။ ထမင်းစားချိန်ပြီးတာနဲ့ အိတ်တွေကားပေါ်တင်ဖို့ ကိုယ့်လူတွေကို မှာထားတယ်။

ဖြစ်ချင်တော့………..

တက္ကသိုလ်ထဲက အမှိုက်သိမ်းသမားတွေက ပွဲတွေ့သွားတာ။ ဗူးတွေထဲက ထမင်းကျန်တွေ သေချာသွန်ပြီး ကောက်တယ်။ စတီးဇွန်းတွေကို ၀မ်းသာအားရ ဖယ်သိမ်းကြတယ်။ ကိုယ်တွေမှာ စားပြီးသားထမင်းဗူးကို သူတို့နဲ့ ပြန်လုရမယ့်အဖြစ်။

ကဲ…… ကဲ……..

သူတို့ အဟောင်းဆိုင်မှာ ပိသာချိန်နဲ့ သွားရောင်းလိုက်လည်း ထမင်းစားစရာတော့ ရကြမှာပါလို့ တွေးရင်း လက်လျှော့လိုက်တယ်။ ဒါလည်း recycle ပါပဲလေ။

လူနာတွေကို ဗူးနဲ့ ပေးချင်တဲ့ ဆန္ဒမပြည့်သေးတော့ အမေ့ကို သွားပြီးမြူဆွယ်တယ်။ ကင်ဆာဆေးလာသွင်းတဲ့ ပြင်ပလူနာတွေ ချိုင့်မပါဘူး။ တန်ဖိုးသင့်ထမင်းလှူတာ ပေးလို့မရဘူး။ အဲဒါ တရုတ်ဗူးလေးနဲ့ လှူပါလား၊ တဗူးမှ ၁၅၀ ထဲ။ အမေ လူ ၁၀၀ စာလှူရင် သမီးက ဗူးဖိုး ၁ သောင်းခွဲစိုက်မယ်လို့။ အမေနဲ့ သူ့သူငယ်ချင်းနဲ့ ၁၇၀ စာ လှူဖြစ်သွားတယ်။ ဒါပေမဲ့ ဗူးတွေက တရုတ်လုပ် အပေါစားဆိုတော့ ပျော့စိစိနဲ့ အကိုင်မခံဘူး။ ဝေနေတုန်းမှာပဲ သိသွားတယ်။ ထမင်းဟင်း ဘယ်လောက်ကောင်းကောင်း၊ ဗူးမကောင်းတော့ အဆင်မပြေဘူးလို့။

နောက်ဆုံးတော့ စက်ရုံလုပ်ငန်းရှင်ဆရာတယောက်ကို မေးရတယ်။ ဆရာရေ – ဒီဈေးကွက်က အတော်ရှိနေတာ၊ ဒီမှာ ထုတ်တဲ့ ဗူးကောင်းကောင်းများ မရှိဘူးလားလို့။

ထဲထဲဝင်ဝင် သိတဲ့သူဆိုတော့ ဘာကြောင့်မလုပ်နိုင်ဘူးလဲဆိုတာ ပြောပြတယ်။

မီးမရတာ၊ အလုပ်သမားပြသနာ၊ ကုန်ကြမ်း မမှီ၊ အခွန် …. စသဖြင့်။

ချုပ်လိုက်တော့ တခါသုံးထမင်းဗူးကို ပြည်ပနဲ့ ယှဉ်မထုတ်နိုင်ဘူး တဲ့။

( နိုင်ငံတော်စာရင်းဇယားတွေမှာတော့ စီးပွားရေးညွှန်းကိန်းက အတက်ကို ပြနေတယ်ဆိုလား။ ကြီးပွားဦးမှာပါ။ ဟက် ဟက် )

ပြည်တွင်းဖြစ်ကိုသာ သုံးချင်တဲ့သူ

Recycle ကိုမှ နှစ်ခြိုက်တဲ့ သူ

တို့ရွှေပြည်ကြီးမှာတော့

နှမ လက်လျှော့နေလေတော့။

Credit to (Ma) Thanda Win

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:ထမင်းဗူးပုံပြင် digg:ထမင်းဗူးပုံပြင် spurl:ထမင်းဗူးပုံပြင် wists:ထမင်းဗူးပုံပြင် simpy:ထမင်းဗူးပုံပြင် newsvine:ထမင်းဗူးပုံပြင် blinklist:ထမင်းဗူးပုံပြင် furl:ထမင်းဗူးပုံပြင် reddit:ထမင်းဗူးပုံပြင် fark:ထမင်းဗူးပုံပြင် blogmarks:ထမင်းဗူးပုံပြင် Y!:ထမင်းဗူးပုံပြင် smarking:ထမင်းဗူးပုံပြင်

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter