Myanmar Blog » Humor, Knowledge Base » Sony service center from yangon!

Sony service center from yangon!

ကဲ ပြောပြမယ်

ကျမရဲ့ Sony TV ၄၆ လက်မ ပါဝါမလာတော့လို့ Sony service center မှာသွားပြင်ပါတယ်

သူတို့ပြောတာ က အစ်မရဲ့ TV ဟာ ဘာပျက်တာလဲဆိုတာ သိရဖို့ (၇ ရက်)စောင့်ရပါမယ် စစ်ဆေးပေးပါမယ် နောက်ပြီးရင် ကျသင့်ငွေကို ပြောပါမယ် ( မပြင်ချင်ရင် စမ်းသပ်စစ်ဆေးခ ၅၂၅၀ သွင်းပြီးပြန်ထုတ် နိုင်ပါတယ်)တဲ့ ။ Ok ကောင်းပြီလေ သဘောတူလို့ ကျမ (၇ ရက်)သူတို့ဆီ ထားပေးပါတယ် ။ စမ်းသပ်ပြီးတော့ ဖုန်းဆက်လာတယ် အစ်မTV ကရှေ့က မှန်ပြား ကြီး ပျက်တာတဲ့ ပြင်မယ်ဆိုရင် TV တန်ဖိုးရဲ့ 80% ကုန်ကျမှာ မို့ မပြင်နဲ့တော့တဲ့ ။ အသစ်ဝယ်လိုက်ပါတဲ့😳အလို 😳အစတည်းက အပြင် ဆိုင်မှာ ပြင်လို့ရမှန်း သိပေမယ့် Original ပစ္စည်းပဲထည့်ချင်လို့ သူတို့ဆီ အပ်ခဲ့တာပဲ။ သူတို့ပြောမှ ကိုယ့်ပစ္စည်းကို ပစ်လိုက်ရတော့မလိုလို။ အဲ့တာနဲ့ စမ်းသပ်ခ ၅၂၅၀ ပေးပြီး TV ကိုပြန် ယူ >၃၄ လမ်းက ခင်ဇော်နဲ့ညီများ TV ပြင်ဆိုင် မှာ ပြကြည့်တော့ ၄၅ မိနစ် ထိုင်စောင့်ပါတဲ့ ။ပစ္စည်းလဲပေး လိုက်တာ ချက်ချင်းကောင်းသွားပါရောလား။

ဒီလိုပဲ ၅၂၅၀ နဲ့ စားနေတာ ဘယ်နှစ်လုံးရှိပြီလဲ?

စမ်းသပ်စစ်ဆေး တယ်ဆိုလဲ မှန်အောင် စစ်ဆေးပေးလေ😐မှန်ပြား ပျက်တယ်လို့ စစ်ဆေးပေးတယ်တဲ့😂

သူများပစ္စည်းကို လွှင့်ပစ် ရလောက်အောင်တော့ ၅၂၅၀ ယူပြီး မစစ်ဆေး ပေးကြပါနဲ့

ယုံလို့ လာအပ်တာ ယုံကြည်မှုကို ၅၂၅၀ ( အလုံးပေါင်းမြောက်များစွာ) နဲ့လဲယူနေတာ။ နယ်ကပို့ပြီး ပြင်တဲ့အလုံးတွေ တောင်တွေ့ခဲ့ရတယ်Service Center မှာ။ ဘယ်လိုတွေ လုပ်ပေးနေပါလိမ့်?သူတို့ဆီ လာပြတာ၅ ပြား ၁၀ ပြားတန် မဟုတ်ဘူးလေနော် ။ Sony. Bravia 46 ဘယ်လောက်တန်လဲ သူတို့သိပါတယ်

ဒါကို အသစ်ဝယ်လိုက်လို့ပြောထွက်တယ်နော်

၃၄ လမ်းမှာ ၇ သောင်းနဲ့ ပြင်ခဲ့တာ အခု Ok ပဲ

၅၂၅၀ ကတော့ အလိမ်ခံ လိုက်ရတယ်( စမ်းသပ်စစ်ဆေးခ တဲ့ကွယ်) အားလုံးသိအောင် ပြောပြတာပါ

တရားစွဲချင်လဲ လာစွဲချေ 😜ကိုယ့်ပစ္စည်း ကိုယ့်ဘာသာ သယ်ပို့ မစစ်ပေးဘဲ ၅၂၅၀ သွင်းပြီး ပြန်ယူခဲ့ရတာ😔နင်တို့စစ်ဆေးသလို TV မှန်ပြားသာ ပျက်တယ်ဆိုရင် ဟိုကလဲ ၇သောင်းနဲ့ မပြင်ပေးဘူးလေနော် 😬

Credit to (Ma) Su Myat

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Sony service center from  yangon! digg:Sony service center from  yangon! spurl:Sony service center from  yangon! wists:Sony service center from  yangon! simpy:Sony service center from  yangon! newsvine:Sony service center from  yangon! blinklist:Sony service center from  yangon! furl:Sony service center from  yangon! reddit:Sony service center from  yangon! fark:Sony service center from  yangon! blogmarks:Sony service center from  yangon! Y!:Sony service center from  yangon! smarking:Sony service center from  yangon!

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter