“ယဉ်ကျေးမှုနယ်ချဲ့တာက စစ်တိုက်ပြီးနယ်ချဲ့တာထက်ပိုဆိုးတယ်ဆိုတဲ့ စာရေးဆရာမ မစန္ဒာနှင့်တွေ့ဆုံခြင်း” ကိုယ့်ဘက်က ကိုယ်ခံစွမ်းအားကောင်းနေရင် တော်ရုံတန်ရုံ အဖျားပိုးဝင်ရုံလောက်နဲ့ မဖျားပါဘူး။ အခုတော့ သူများဘက်က ယဉ်ကျေးမှုထိုးဖောက်ဝင်လာတာနဲ့ ကိုယ့်ဆီကယဉ်ကျေးမှု ဖျားနာနေရပြီဆိုတာက ကိုယ့်ဘက်က ကိုယ်ခံစွမ်းအားနည်းနေလို့ပဲဆိုတာ သိနိုင်ပါတယ်။ ဒီတော့ ကိုယ်ခံစွမ်းအားကောင်းအောင် ကြိုးစားကြဖို့ လိုပါတယ်။ ယဉ်ကျေးမှုထိုးဖောက်တဲ့အရှိန်က တောင်ကျချောင်းကြီးလို အရှိန်အဟုန် ပြင်းနေပါတယ်။ ဒီအချိန်မှာ မီဒီယာတွေက သိပ်ကိုအရေးကြီးတဲ့နေရာမှာ ရောက်နေတာပါ။ သူတို့ပေးလိုက်တဲ့ သတင်းတွေ၊ ဓာတ်ပုံတွေဟာ စာဖတ်ပရိသတ်အပေါ်မှာ အင်မတန်ကို လွှမ်းမိုးပါတယ်။ ကိုယ်ဖော်ပြလိုက်တဲ့ဓာတ်ပုံတစ်ပုံဟာ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတာကို မီဒီယာလောကသားတွေ ဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။ အမျိုးသားယဉ်ကျေးမှုလို့ လက်သီးလက်မောင်းတန်းပြီး အော်နေရုံသာမက လုပ်ရပ်တွေလည်း မှန်ကန်နေဖို့ အရေးကြီးပါတယ်။ Credit to : Eternal Light Magazine, January 2013