“ပလက်ဖောင်းမင်းသား” – ဆရာစိုးမင်း (ငွေစန်းရောင်)

Tuesday, June 18th, 2013

ကာလကတ္တားကို ရောက်ခဲ့တုန်းက ပဘက်ဖောင်းပေါ်မှာ ကြက်တွေငှက်တွေ အိပ်တန်းဝင်သလို နေထိုင်စားသောက်ကြတဲ့ သူတို့ဆီက လမ်းဘေးလူတန်းစားတွေကို တွေ့လိုက်ရတဲ့အခါ မှိုချိုးမျှစ်ချိုး မဟုတ်သော်ငြား တအံ့တသြ ရေးခဲ့မိတာ ခုချိန်မှာတော့ နောင်တရမိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ့်ဆီမှာ အဲသလို လူတန်းစားတွေ လက်ညှိုးထိုးမလွဲအောင် တွေ့လာရပြီကိုး။ ဝေးဝေးသွားကြည့်စရာကို မလိုဘူး။ ကိုယ့်ဆေးရုံရှေ့က ပလက်ဖောင်းပေါ်မှာ မိသားစုပေါင်းများစွာ ခိုမှီဝမ်းကျောင်းနေကြတာ ၀င်ပေါက်ထွက်ပေါက်တောင် မကျန်ချင်တော့ဘူး။ ၂၄/၇ ပတ်လည်အောင် ဆိုင်ကလေးတွေခင်းလို့ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်စားနေကြတာ စည်ပင်က လာရှင်းလည်းမရ။ ရဲ နဲ့ မောင်းထုတ်လည်း မရ။ ပစ္စည်းတွေ သိမ်းလိုက်ရင် ခွေးချေနဲ့ ကောက်ရိုက်ဖို့ ရွယ်ကြတယ်။ အပြင်ကမောင်းလိုက်ရင် အထဲကိုရောက်လာတယ်။ အထဲက ထုတ်လိုက်ရင် အပြင်ကိုထွက်သွားတယ်။ ခြံစည်းရိုးကလေး ဟိုဘက်ကိုကူးလိုက် သည်ဘက်ကိုကူးလိုက်နဲ့ ညောင်ပင်တစ္ဆေ ဝေလေလေ [...]

ဝိုင်းဝန်းစဉ်းစားပေးကြပါဦး – ကိုသောင်း (ပညာရေး)

Thursday, June 13th, 2013

ယခုတစ်လော ဂျာနယ်တွေ၊ စာစောင်တွေမှာ လက်ရှိ ပညာရေးစနစ် ဟာ နိုင်ငံတကာ အဆင့်မမီ ဖြစ်နေကြောင်း၊ နိုင်ငံတကာ အဆင့်မီ ပညာရေးဖြစ်အောင် ပြုပြင်သင့်ကြောင်း စတဲ့ ရှုထောင့်မျိုးစုံက ဆောင်းပါး အဖုံဖုံကို ဖတ်နေရပါတယ်။ စာပေ ပညာရှင်များ၊ စီးပွားရေး ပညာရှင် များ၊ နိုင်ငံရေးသမားများ၊ ပါမောက္ခများ၊ ပညာရေးဆိုင်ရာ လေ့လာ စူးစမ်းသူ များကလည်း မိမိတို့ အမြင်အရ အကြံ ပေးကြ၊ ဝေဖန်ကြ၊ ညှိနှိုင်း နေကြ တာတွေကိုလည်း ကြားနေ သိနေရပါတယ်။ မိဘပြည်သူ အားလုံးက မြန်မာ့ ပညာရေး အဆင့်အတန်းမြင့်အောင် ဝိုင်းဝန်းပြီး အပြုသဘောဆောင်သည့် အကြောင်းအရာတွေကို ဆွေးနွေးကြတာဖြစ်လို့ ကြိုဆို အားပေး ကျေနပ် မိပါတယ်။ စာရေးသူကတော့ အတွေးအခေါ် မြင့်မြင့်မားမား [...]

“အနာဂပ် အိ သာဂေါင်များ” – သင့်လူ

Wednesday, June 12th, 2013

ရေးသားသူ- သင့်လူ ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်းဆိုလားကလေးတွေကို ကျောင်းတက်ချင်အောင်မြှောက်ပေးသော ကဗျာကလေး တစ်ပုဒ်ကိုကျွန်ုပ်တို့ ကျောင်းနေစဉ်ကလေးဘ၀ကတည်းက အသံကုန် ကုန်းဖြဲဟစ်အော်ဆိုခဲ့ကြဖူးသည်။ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အတိုင်း ချီတက်ရာတွင် ထိပ်ဆုံးမှ ငါးပါးမှောက်ခဲ့သည်မှာ ကျွန်ုပ်တို့၏ ပညာရေးစနစ်ဖြစ်၏။ ကျွန်ုပ်တို့ ကျောင်းစတက်ချိန်မှာသူငယ်တန်းမှ လေးတန်းထိမြန်မာစာ၊ သင်္ချာ၊ ပတ်ဝန်းကျင်တည်း ဟူသော ဘာသာကြီးသုံးရပ်ကိုသာ သင်ကြားခံခဲ့ရပြီးအင်္ဂလိပ်စာကို မျက်မွေးထော်၍ပင် မော်မကြည့်ခဲ့ရ။ ငါးတန်းရောက်ခါမှ အေတူဇက်၊ အိုင် မီ မိုင် မိုင်း၊ အေ အီး အိုင် အို ယူ ကို ဟစ်အော်ရွတ်ဆို သင်ကြားခံရခဲ့သည့်ကျွန်ုပ်တို့၏ ဘ၀များမှာထိုအချိန်မှစ၍ အင်္ဂလိပ်စာကို နောက်မှရန်သူ လိုက်သလို ဒရောသောပါး သင်ကြားပေးခြင်းခံခဲ့ရပြီး သုံးနှစ်အကြာ ရှစ်တန်းစာမေးပွဲမှာ သိပ္ပံ-၀ိဇ္ဇာလိုင်းဟူ၍ [...]

Donation from Sayar Kaung for Burmese in Malaysia

Tuesday, June 11th, 2013

Wishing all the Burmese in Malaysia are in safe and sound! Take care ALL. Shwedarling Team.

Tint Tint Tun (aka) Sayalay Nanda Marlar

Sunday, June 9th, 2013

photo credit to : Min Kyaw Khine မြတ်ဗုဒ္ဓ၏ သမီးတော် တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင်သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။ ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား [...]

Academy Htet Htet Moe Oo’s family donation

Friday, June 7th, 2013

“အကယ်ဒမီ ထက်ထက်မိုးဦး မိသားစု၏ အလှူ ” ပီနန်ဆရာတော်ကြီးနှင့် နတ်စင်တစ်ရာဆရာတော်တို့၏ မတည်မှုဖြင့် သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးတို့ မိသားစုသည် မေလ ၂၄ ရက်နေ့က လပွတ္တာမြို့ရှိ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ်စေတီတော်မြတ်ကြီး၏ မုခ်ဦးအား ထက်ထက်မိုးဦးက ပန္နက်ရိုက်လှူဒါန်းခဲ့ပြီး ထက်ထက်တို့မိသားစုက ပြည်သူလူထုအားလုံးကိုယ်စား စားသောက်စရာများနှင့် လိုအပ်သောအဝတ်အထည်များကိုသွားရောက် လှူဒါန်းခဲ့ပါတယ်။ Credit to : Popular Journal

To check this year Matriculation results online

Friday, June 7th, 2013

အောင် စာရင်းကို Online မှာ ကြည့်ချင်ရင်…. ဒီ link မှာ နှိပ်လိုက်ပါ အောက်က ပုံအတိုင်း ထွက်လာရင် ကိုယ်ကြည့် ချင်တဲ့  စာစစ်ဌာန သင်္ကေတ နဲ့  ခုံအမှတ် ကို ၇ိုက်ထည့် လိုက်တာနဲ့  အောင်/မအောင် ကို သိရမှာပါ. All the best!

Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်

Monday, June 3rd, 2013

စန်းစန်းတစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။ သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူများအကြား အသိများသည့် Ecee 2 ဟု ခေါ်သော သန္ဓေတားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေတားဆေးအဖြစ်လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေးတစ်လုံးကိုသောက်ပြီးပြီဖြစ်သည့်အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက်လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ …………………… ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်းကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ “ရည်းစားဖြစ်ပြီး ၃ [...]

Interviewed with May Sweet

Sunday, June 2nd, 2013

သူပြောသော သူ့အကြောင်း May 11th, 2013 admin မော်ဒယ် – မေဆွိ ဓာတ်ပုံ- ကိုပြည့် (Candit) မေး – ယနေ့ခေတ် ဂီတရေစီးကြောင်းအပေါ် အစ်မရဲ့အမြင်က … ဖြေ – အစ်မတို့ခေတ်တုန်းက ပုံစံတွေနဲ့ အခုပုံစံ တွေက အရမ်းခြားနားသွားပြီလေ။ ဘာကြောင့်လဲ ဆိုတော့ အစ်မတို့ခေတ်တုန်းက တီးတာကို အရင်တီးထားပြီး နောက်မှ ကိုယ်ဆိုချင်မှသွားဆို တာမျိုး ရှိတော့ရှိခဲ့တယ်။ ဒါပေမဲ့ အစ်မတို့ရဲ့ ယုံကြည်ချက်က တီးဝိုင်းနဲ့ဆိုတဲ့အချိန်မှာ ဖြစ်လာ တဲ့ Feeling က မတူဘူးဆိုတာကို အရင်ကတည်း က ခံစားမိတော့ တီးဝိုင်းနဲ့တသားတည်းဖြစ်အောင် ဆိုတတ်တဲ့အကျင့်က ဟိုးတုန်းကတည်းက ရှိခဲ့ တယ်။ အခုအချိန်မှာတော့ သိပ်လည်းမလိုအပ် တော့ဘူးပေါ့လေ။ ဘာကြောင့်လဲဆိုတော့ [...]

R.I.P KAT

Saturday, June 1st, 2013

နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ယနေ့  ကွယ်လွန်သွားပါသဖြင့်  Shwedarling Team မှ မိသားစုနှင့် ထပ်တူဝမ်းနည်းရပါကြောင်း။ “မချစ်နဲ့တော့” ရေး – ကေအေတီ (ကွယ်လွန် ဇွန် ၂၀၁၃) ဆို – ကိုကိုမောင် (ကွယ်လွန် မေ ၂၀၁၃)

Baby Sone Sone

Friday, May 31st, 2013

ဆန်းဇလျန်း နှင့် တေးသံရှင် ဆုန်သင်းပါရ်တို့ရဲ့ ရင်သွေးလေးကို မေလ ၃၀ ရက်နေ့ က ၀ိတိုရိယ ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ သားယောကျာင်္းလေး ဖြစ်ပြီး ၆ ပေါင် ၇ အောင်စ ရှိပြီး မိခင်ရော ကလေး ပါ ကျန်းမာလျှက် ရှိကြောင်း။ photo credit to: Jewel Oo

“ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်” – ဆရာ စိုးမင်း (ငွေစန်းရောင်)

Thursday, May 30th, 2013

ဟိုးရှေးရှေးတုန်းက နယ်ချဲ့လက်အောက်က လွတ်လပ်ရေးယူပြီး နိုင်ငံသစ်ထူထောင်မလို့ လုပ်တဲ့အခါ တိုင်းရင်းသားတွေကို စည်းရုံးတော့ “ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်” ဆိုတဲ့ စကားလေးကို ပြောခဲ့ကြသတဲ့ကွယ်။ အဲဒီအချိန်တုန်းက တိုင်းရင်းသားတွေဆိုတာ ဗမာစကားကိုတောင် လေးလုံးကွဲအောင် ပြောတတ်တဲ့သူ ခပ်ရှားရှားရယ်။ ပြည်ထောင်စုဆိုတဲ့စကားတောင် ဘာပြောမှန်း မသိတဲ့သူတွေကို ဘယ်လို စည်းရုံးခဲ့သလဲဆိုတော့ “ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား တို့တိုင်းရင်းသားတွေဟာ တမြေတည်းနေ၊ တရေတည်းသောက်ကြတာမို့ ညီအကို မောင်နှမတွေ ဖြစ်တယ်။ အခွင့်အရေးမှန်သမျှ သာတူညီမျှ ရကြမယ်။ ဗမာက တစ်ကျပ်ရရင် ရှမ်းကလည်း တစ်ကျပ်ရရမှာပေါ့။” လို့ အာမဘဏ္ဍေ ခံခဲ့ကြသတဲ့။ အားကိုတို့ ပြောတဲ့စကားဆိုတော့ ဖိုးမူတို့လည်းယုံ၊ ဘောက်ဂျာတို့လည်းယုံ၊ အေခမ်းတို့လည်း ယုံခဲ့ကြတာ အားလုံး အသိပါပဲ။ အခုတော့ နှစ်ပေါင်း ၆၅ [...]

R.I.P Ko Ko Maung

Monday, May 27th, 2013

“နိုရာ နှင့် ချစ်သူသိစေ သီချင်းများဖြင့် ပရိတ်သတ်ကြား ရေးပန်းစားခဲ့သူ အဆိုတော်ကိုကိုမောင် ကွယ်လွန်” မေလ ၂၆ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်  ဘုရင့်နောင် တံတားအဆင်း တွင် ဆိုင်ကယ် မတော်မဆ ဖြစ်ပွားခဲ့သော အဆိုတော် ကိုကိုမောင် သည် ယနေ့ မေလ ၂၇ ရက် မနက် ၇ နာရီတွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက် နှင့် အာရုံကြော ဌာနတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ credit to Popular Journal “နိုရာ” – ကိုကိုမောင်

ပြည်သူ့ရင်ပြင်က ဆီးဂိမ်းအကြို လှုံ့ဆော်ပွဲကြီး

Sunday, May 26th, 2013

photo credit to (ဓာတ်ပုံ – အောင်အောင် / ဧရာဝတီ)

“ရိုးရာအစားအစာဖြင့် အောင်မြင်သူ”

Saturday, May 25th, 2013

“ရိုးရာအစားအစာဖြင့် အောင်မြင်သူ” …………………………………. (သန့်ဇင်ဦး) တိုင်းရင်းသားရိုးရာ အစားအစာကို ဇာတိမြို့တွင် ဆိုင်ငယ်တစ်ဆိုင်ဖြင့် ရောင်းချခဲ့ ရာမှ ရန်ကုန်မြို့တော်တွင်ပါ နာမည်ကျော်ကြားသော ရိုးရာအစားအစာဆိုင် အဖြစ် ဖွင့်လှစ်ရောင်းချ လာနိုင်သူ၊ စားသုံးသူ အများအပြားကြောင့် ဆိုင်ငယ်မှသည် ဆိုင်ကြီး၊ နောက်ဆိုင်ခွဲများ ဖွင့်လှစ်သည်အထိ အောင်မြင်အောင် ကြိုးပမ်းစွမ်းဆောင်ခဲ့သူမှာ မင်းလမ်း မုန့်တီနှင့် ပင်လယ်စာဆိုင်များကို အောင်မြင်စွာ စီမံအုပ်ချုပ်နေသူ ဒေါ်မေချို ဖြစ်သည်။ ဈေးရောင်းခြင်းမှာ အောင်မြင်တဲ့အမျိုး ရန်ကုန်မြို့တော်တွင် ရခိုင်မုန့်တီနှင့် ပင်လယ်စာ ကြိုက်သူများအကြား မသိသူ မရှိသလောက် ဖြစ်နေ သည်အထိ အောင်မြင်မှု ရရှိနေသော မင်းလမ်းမုန့်တီနှင့် ပင်လယ်စာ အရောင်းဆိုင်များကို ဦးစီးလုပ်ဆောင်နေသူ ဒေါ်မေချို၏ မွေးရပ်ဇာတိမှာ ရခိုင်ပြည်နယ် မြေပုံမြို့ ဖြစ်သည်။ မွေးချင်းသုံးယောက် အနက် အသက် [...]

မြန်မာ့  အကြော်စုံ နဲ့  ကမ်ဘာ ကိုလွှမ်းဖို့ ကြိုးစားနေတဲ့  Nang MeMe MoeSAT

Thursday, May 16th, 2013

ပျော်ချင်ရင် မီမီ facebook ကိုလာ ကဗျာလေးတွေလဲ ဖတ်၇မယ် အကြော်လေးတွေလဲ စား၇မယ် comment လေးတွေဖတ်ပြီး စိတ်ညစ်တာတွေ မေ့သွားစေရမယ် အပြင်ကမုန့်တွေမ၀ယ်စားဖြစ်ပါဘူး အိမ်မှာရောင်းတဲ့ အကြော်လေးရယ် ရေနွေးကြမ်းပူပူလေးရယ် စားရင်းသောက်ရင်း စိတ်ကူးလေးတွေယဉ်ရင်းနဲ့ …. မီမီတို့အိမ်က ထမင်းစားဝိုင်းလေးမှာ အမှတ်တရပေါ့.. အိမ်ကဆင်းရဲတော့ မီမီကိုကြည့်ပြီး မျက်နှာရှုံ့သွားကြမှာပဲနော် … နန်းမီမီမိုးစက် facebook page click here update News!

Ye` Lay is getting Married

Wednesday, May 15th, 2013

Ye` Lay’s future-dad-in-law သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ တစ်ဦးတည်းသောသမီး မအေးမြအောင်နဲ့ အဆိုတော်ရဲလေး မင်္ဂလာဆောင်မည် ========================================= ၆နာရီဆို အဖေရယ်ပြန် လာပေးပါ၊ မိုးချုပ်မှာကို အရမ်းပဲ ကြောက်နေခဲ့တာဆိုတဲ့ အိမ်သီချင်း နဲ့ ပရိသတ်တွေ တစ်ခဲနက်အားပေး ခြင်းခံခဲ့ရတဲ့ (ဦးခင်မောင်ထွန်း) – ဒေါ်ငြိမ်းငြိမ်းတို့ရဲ့ သားလတ် မောင်ရဲထွန်းမင်း(ခ) အဆိုတော် ရဲလေးဟာ နေပြည်တော်နေ ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒေါက်တာဝေေ၀ သာတို့ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်တဲ့ မအေးမြအောင်တို့ဟာ နှစ် ဖက်သော မိဘတို့ဝတ္တရားနဲ့အညီ ထိမ်းမြားမင်္ဂလာဆောင်နှင်းပြီး ဖြစ် ပါသဖြင့် ၁၈-၅-၂၀၁၃ရက် စနေနေ့ နံနက် ၁၀နာရီမှ ၁၂နာရီ အချိန်အထိ ရန်ကုန်မြို့ [...]

Mr.Guitar

Tuesday, May 14th, 2013

Credit to : (ko) Naymyo Say

Joke of the day

Tuesday, May 14th, 2013

credit to : ကာတွန်း လိုင်လုဏ်

၉ နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

Sunday, May 12th, 2013

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ။ ကဲ ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ်။ ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှုပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ် ပြကွတ် တစ်ခုလည်းဖြစ်သည်။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။ အစ်ကို – အစ်ကိုနဲ့ [...]

Myanmar Celebrity Family: Lu Min’s Family

Thursday, May 9th, 2013

Lu Min and Khin Sabei Oo and their daughter and son, photographed for an advertisement for Dumex Baby Formula Milk.

Interviewed with Hein Wai Yan

Wednesday, May 8th, 2013

သရုပ်ဆောင်ဟိန်းဝေယံနှင့် တွေ့ဆုံခြင်း ……………………………………… အချစ်ဇာတ်ကားများနှင့် အောင်မြင်နေသော လူငယ်သရုပ်ဆောင် ဟိန်းဝေယံကို “အမုန်းမီးတောက်” ရုပ်ရှင်ဇာတ်ကားကြီး အစမ်းပြပွဲတွင် သူ၏လတ်တလော အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။ Voice : အမုန်းမီးတောက် ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင် စရိုက်နဲ့ သရုပ်ဆောင်ရလဲ၊ ဇာတ်လမ်း ကကော ကိုယ်နဲ့လိုက်ဖက်ရဲ့လား။ HWY : ဒီကားမှာ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်ပုံစံက လူငယ်ပုံစံလေး ပါပဲ။ အဲဒီမှာ နှစ်ဖက်မိသားစုရဲ့ အငြိုး အာဃာတတွေကြောင့် ကျွန်တော်တို့လူငယ် တွေမှာ ခံစားရတဲ့ အပိုင်းလေးပါ။ ပြဿနာဖြစ်တဲ့ ပုံစံလေး ရိုက်ထားတာပါ။ ဒီကားလေး က Heavy ဒရာမာလေးပါ။ အမှန် တိုင်းပြောရရင် တစ်ကားလုံး တော်တော်လေး ကောင်းပါတယ်။အားလုံးက ဒါရိုက်တာကအစ စက်အဖွဲ့က [...]

Malaysia darkest day…505…World Magic Day

Monday, May 6th, 2013

photo credit to : Jordan Oki

facebook မှာနာမည်ကြီး နေတဲ့  Nicky

Saturday, May 4th, 2013

Nicky ရဲ့  ပထမဆုံး အားထုတ်မှု သီချင်း Nicky’s facebook click Here

Myo Kyawt Myaing got married

Thursday, May 2nd, 2013

Myanmar singer and songwriter Myo Kyawt Myaing married to his girlfriend Jan Jann at Judson Church yesterday. His wife is not from the Entertainment Industry. Shwe Darling team wishes you have a very happy marriage.

Madi & Friends Concert @ Haugh Performing Arts Center

Wednesday, May 1st, 2013

Photo credit to – Larry ML (Madi & Friends Concert)

Soe Thu and his daughter Angel

Tuesday, April 30th, 2013

Myanmar golden actor Soe Thu with his daughter Angel in Yangon.

လူသေသော်လည်း ……

Monday, April 29th, 2013

photo credit to : ဒီမို ဖက်တီး

Myat Kay Thi Aung

Sunday, April 28th, 2013

“မြတ်ကေသီအောင် အနေနဲ့ သင်္ကြန်အမှတ်တရ ဓာတ်ပုံအကြောင်း” မြတ်ကေသီအောင်က သင်္ကြန်အမှတ်တရအနေနဲ့ သူ့ ရဲ့ဖေ့စ်ဘုတ်မှာ အရင်တစ်ချိန်က သင်္ကြန်ပြက္ခဒိန် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးကို အမှတ်တရ အနေနဲ့ တင်ပြဖြစ်ခဲ့ ပါတယ်။ အရင်တစ်ချိန်က မမြင်ဖူးခဲ့တဲ့ ပရိသတ်တွေအတွက်သင်္ကြန်အလွမ်းပြေတင်ဖြစ်ခဲ့တာလို့ ပြောပြတဲ့ မြတ်ကေသီအောင်က “ဒီပုံလေးက တော်တော်တောင် ကြာနေပြီ။ ပြက္ခဒိန်အတွက် ရိုက်ကြတာ၊ ဆုလှိုင်နှင်း၊ နန္ဒာ လှိုင်နဲ့ ပရိုဂျူဆာရဲ့တူမတို့နဲ့ ၄ယောက်ရိုက်ကြတာ၊ သင်္ကြန် ဆိုတော့ အဝတ်အစားကို သင်္ကြန်ပုံစံဖြစ်အောင် ကိုယ့် ဘာသာစဉ်းစားရတာ။ အမှတ်တရက ဒီပုံမှာ အကုန်လုံးက ဆံပင်အရှည်တွေပဲ။ ဓာတ်ပုံ ရိုက်ပြီးပုံထွက်လာတော့မှ အဲဒါကို သတိထားမိကြတာ။ ဆင်တူလို ဖြစ်သွားတယ်။ အဲဒီခေတ်က မင်းသမီးတွေ ဆံပင်အရှည်ထားတဲ့ ခေတ်လေ။ အဲဒီတော့ အကုန်လုံးက ဆံပင်အရှည်တွေပေါ့။ ဒီပုံလေးကို [...]

လူရွှင်တော်မေတ္တာ ပြောပြတဲ့ အကြောက်တရား ၂ မျိုး

Saturday, April 27th, 2013

ပန်းတနော်မြို့ အကယ်ချောင်းကျေးရွာမှာ အင်္ဂါနေ့က ကျင်းပပြုလုပ်တဲ့ တောင်သူလယ်သမားနဲ့ ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂ ညီလာခံကို လူရွှင်တော် မေတ္တာလည်း လာရောက်ပြီးတော့ အားပေးစကား ပြောခဲ့ပါတယ်။ မိခင်၊ ဖခင်ရဲ့ကျေးဇူးကို သူဆပ်ခဲ့တယ်၊ အခု လယ်သမားကြီးတွေရဲ့ကျေးဇူးကို ပထမဆုံးလာဆပ်ခြင်းပါပဲ တဲ့။ သူပြောတဲ့အထဲက ရယ်မောစရာ၊ မှတ်သားစရာစကားလေးတွေကို ထုတ်နှုတ်တင်ပြရရင်…. “လူတွေများ အသစ်တီထွင်ရင် သိပ်သဘောကျတယ်၊ ကျနော်ဒီနေ့ ကားမောင်းလာရင်းနဲ့ တွေ့လိုက်တယ်၊ ရန်ကုန်တိုင်း။ အရင်အတိုင်းပဲပေါ့၊ ရန်ကုန်တိုင်းဆို ပြီးတာပဲ။ ဘာထပ်တိုးလာလဲ ဒေသကြီး ထပ်တိုးလာတယ်။ ဘာထူးလဲ။ ဒီအတိုင်းပါပဲ။ ဘာမှမထူးပါဘူး။ ထူးလာရင်တော့ ထပ်ထည့်လိုက်ပါ။ အရမ်း အကျိုးရှိပါတယ်။ မထူးဘဲနဲ့ နာမည်တွေလျှောက်တတ်နေရင် အလကားပါပဲ” “ကျနော်တို့လယ်သမားတွေ မှန်အောင်နေပါ။ မှန်မှန်ကန်ကန်နေပါ။ မှန်နေရင် လာထိရင် ပြန်ကန်လိုက်ရုံပါပဲ။ အမှန်သမားဟာ အကန်သမားလို့ သတ်မှတ်ပါတယ်” [...]

Soe Thu and Ma Gyi San

Friday, April 26th, 2013

ခင်စန်းဝင်း ချစ်သူများအတွက် credit to : Myanmar Model Girls

ဒီပုတ် ထဲ မှာ ဒီလို ရှားပါး ပဲ မျိုးလည်း ရှိပါသေးလား !

Thursday, April 25th, 2013

ဝန်ကြီးဌာန (၁၅) ခုမှာ အဂတိလိုက်စားမှု ၊ အလွဲသုံးစားမှု တွေ အထွဠ် အထိပ် ရောက်ပြီး ငွေကြေးကွာဟမှု ကျပ်သန်းပေါင်း သောင်းချီပြီး အကြီးမားဆုံး ဖြစ်လာတဲ့ အချိန်မှာ ဗိုလ်ချုပ်လွန်းမောင်လို (လာဘ်ထိုးပြီး ညှိလို့ မရတဲ့) စာရင်းစစ်ချုပ်လို လူမျိုး က ၀င်စစ်မယ်ဆိုရင် လင်ခရူဇာစီးနေတဲ့ ဘဘသူခိုးတွေ “ဂွိ” ဖို့ဘဲ ရှိတယ် .. ဒါနဲ့ဘဲ .. ရှုပ်ထွေးပြီး လျှို့ဝှက် နက်နဲ တဲ့ “စောရ သိုင်းလောကသားတွေ ” က .. “မိုးပေါ်သို့ ဂါဂါလုပ်” ဆိုတဲ့ နာမည်ကြီး သိုင်းကွက် ကို သုံး လိုက်တယ် ထင်ပါရဲ့ .. အားလုံး အေးဆေးဖြစ်သွား ပါတော့တယ် .. [...]

Ipad vs Paper

Wednesday, April 24th, 2013

Link from : Unusual Jokes

A moment with Thet Mom Myint

Tuesday, April 23rd, 2013

“မေတ္တာမပျက်ဘဲ နားလည်ပေးလို့ ဘဝကြီးဟာ ပျော်စရာကောင်းပါတယ် ဆိုသူ သက်မွန်မြင့်” သက်မွန်မြင့်က ပြင်ဦးလွင်မှာ ဗီဒီယို ၂ကားကို နေတိုး၊ ဒါရိုက်တာ ကျော်ဇောလင်းတို့နဲ့ ရိုက်ကူးဖို့ ပြင်ဦးလွင်မြို့ကို ရောက်ရှိနေပါတယ်။ ပထမကားဖြစ်တဲ့ ‘သရဲ တကယ် ရှိလား’ ရိုက်ကွင်းပေါ်မှာ သက်မွန်မြင့်ကို သရဲကားတွေရိုက်တုန်းက အမှတ်တရတွေရှိခဲ့ဖူးလား စမေးတော့ “သက်မွန်နဂိုကတည်းက သရဲဆို နည်းနည်းကြောက် တယ်၊မြင်တော့ မမြင်ဖူးဘူး။ ဇာတ်ကားတွေ ကြည့်ပြီး တွေးကြောက်တာ။ သရဲကား သိပ်မရိုက်ချင်ဘူး။ ဒီကားလေးက ဇာတ်လမ်းလည်း ကောင်းတာနဲ့ ရိုက်ဖြစ်တာ။ သရဲကား ရိုက်ရင် ဘုရားစာပိုရွတ်ဖြစ်တယ်။ ကိုယ်တိုင် သရဲခြောက်တာမခံရဖူးဘူး။သူများတွေ ကြုံတယ်လို့ ပြောတာပဲကြားဖူးတယ်” လို့ ပြောပါ တယ်။ မန္တလေးမှာ အောင်ပွဲခံသွားတဲ့ ‘စေတန်ရဲ့ကချေသည်’ ကားရိုက်တုန်းက ဒဏ်ရာတချို့ရခဲ့တယ်လို့ သိရတာကြောင့် [...]

“တေးဆိုလို့ ချော့ပါ့မယ်” – ဆရာစိုးမင်း (ငွေစန်းရောင်)

Monday, April 22nd, 2013

မနေ့တနေ့ကမှ ဘုရားသခင်ထံမှောက် ရောက်ရှိသွားလေသူ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်းကြီးကိုတကမ္ဘာလုံးက ပေးထားတဲ့ နံမယ်ကတော့ သံမဏိဘွားတော်ပါတဲ့။ တော်တော် အကြောမာမယ့် သဘောရှိတယ်နော်။သူ့အကြောင်းရိုက်ပြထားတဲ့ Iron Lady ကို ကြည့်လိုက်ရတော့ မာရီစထရိကြီးက ပါးစုံ့ကြီးဖောင်းဖောင်းနဲ့ခပ်မာမာထန်ထန် သရုပ်ဆောင်ပြတာတွေ့ရတယ်။ သက်တမ်းအကြာဆုံးဝန်ကြီးချုပ်လုပ်သွားတဲ့ သူ့လက်ထက်မှာမကြာခဏဆိုသလို နိုင်ငံရေးထိပ်တိုင်ရင်ဆိုင်မှုတွေ၊ အကြမ်းဖက်လုပ်ကြံမှုတွေ ရှိခဲ့တယ်။သူ့အနေနဲ့တော့ အကြမ်းဖက်သမားတွေကို ဘယ်တော့မှ အလျှော့ပေးလိုက်လျောရိုး ထုံးစံမရှိဘူးရယ်လို့ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် အဲသည်နံမယ်ရသွားသလား မသိပါဘူး။ ကိုယ်တို့အရှေ့တိုင်းမှာလည်း သူ့လိုပဲ ထက်ထက်ထန်ထန် အုပ်ချုပ်သွားတဲ့ ခေါင်းဆောင် မိန်းမသားတစ်ယောက် ရှိခဲ့ပါတယ်။ အင်ဒီယာဂန္ဒီလေ။မိန်းမတန်မဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားကြတာချီးကျူးပါတယ်။ ဘယ်ကြောက်မလဲ။ သူတို့မှာ စစ်တပ်ရှိတာကိုး လို့တော့ ပြောလို့ရတာပေါ့။ဒါပေမယ့် အဲသလို လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုကို လမ်းမှားမရောက်အောင် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်နဲ့ ညွှန်ကြားချက်တွေ ပေးဖို့ဆိုတာ လွယ်လို့လား။ [...]

Nine Nine’s family photo for water festival

Saturday, April 20th, 2013

credit to : Sandy Cho

မြန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော ဆရာဝန်

Friday, April 19th, 2013

မန်မာဆရာဝန်ဘွဲ့ ဆိုင်းဘုတ်တင် မြန်မာစကားမတတ်သော တရုတ်လူမျိုး ရိုက်စား ဆေးခန်း xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx လွန်ခဲ့သော ရက်ပိုင်းက ရန်ကုန်မြို့  လသာမြို့နယ် စဉ့်အိုးတန်းလမ်း အောက်ဘလောက် ရှိ ” ခေတ်မှီ ” ဆေးခန်း အကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ အမျိုးသမီး တစ်ဦး၏ ရင်ဖွင့်သံ တစ်ခု FB တွင် ပျံ့ နှံ့ခဲ့သည်။ ထို့အတူပင် သန်လျင်မြို့ နေ ဦးမောင်မောင် ဆိုသော လူနာတစ်ဦးကလည်း အဆိုပါ ဆေးခန်းနှင့် လုပ်ပုံကိုင်ပုံတူသော အမှတ် (147- A) ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တစ်ထောင်မြို့ နယ် ရှိ “နယူးဟောင်ကောင်” ဟု အမည်ရသော ဆေးခန်းတွင် ထိုအမျိုးသမီးကဲ့သို့ပင် ကြုံခဲ့ရသည်။ အဆိုပါ ဆေးခန်းများမှာ အထင်ကရ [...]

Is true about Sai Sai Kham Leng touching Thet Mom Myint?

Wednesday, April 17th, 2013

စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့် အား ပွေ့ချီနေ သည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည် ရှိ ကော်ဖီ ဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကား များခဲ့ကြကြောင်း သိရသည်။ ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင်ကိုမျိုးအောင်သန်းမှာ အနည်းငယ် မူးယစ်နေခဲ့ကြောင်း စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ ဘေးလူများက ၀ိုင်းဝန်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရသည်။ ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစရာ တစ် ရပ် ဖြစ်သွားခဲ့လေသည်။ သို.ပေမယ်.အထက်ပါအဖြစ်အပျက်ကို ရေးသားမှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေတယ်လို့ [...]

Please Vote! Aung San Suu Kyi Vs Lady GaGa

Tuesday, April 16th, 2013

Click here to Vote for Amay Suu At the moment Come on! People..We can do it for her. Click here to Vote for Amay Suu Let do this together Again! Click here to Vote for Amay Suu **** The Final result: The winner is Amay Su. We did it. Thank you ALL.

Last Day of Myanmar Water Festival 2013

Tuesday, April 16th, 2013

photo credit to : Popular Journal credit to : Myanmar Model Girls

Lu Min and his family during Water festival

Monday, April 15th, 2013

သင်္ကြန်တွင်းလူမင်းတို့ မိသားစုကြည်နူးပုံရိပ် credit to Popular

Third Day of Myanmar Water Festival 2013

Monday, April 15th, 2013

@ Mandalay photo credit to Eleven Media Group

Second Day of Myanmar Water Festival 2013

Sunday, April 14th, 2013

သင်္ကြန်အကျနေ့ မနက်ပိုင်းတွင် ကမ္ဘာအေးဘုရားလမ်းရှိမဏ္ဍပ်များ စည်ကား photo credit to : Popular Journal photo credit to : ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ) “စန္ဒီမြင့်လွင်” photo credit to : Eleven Media Group

Min Maw Kung, Soe Thu and Kyaw Ye Aung

Saturday, April 13th, 2013

လွန်ခဲ့တဲ့ ၁၅ နှစ် က မင်းမော်ကွန်း၊စိုးသူ၊ကျော်ရဲအောင်တို့ ကိုရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဌပ် ဖွင့်ပွဲ မှာတွေ့ ရစဉ်အမှတ်တရ Photo Credit to : Zin Wyne

Joke of the day

Friday, April 12th, 2013

Credit to : Kilo November

Traditional Dancer Phoe Chit

Monday, April 8th, 2013

“ကုန်ကျငွေသိန်း၅ဝဝဝ လောက် ခန့်မှန်းထားတဲ့ ဖိုးချစ်ရဲ့ သဘင်ခြံ” ဖိုးချစ်ကသဘင်သမားတွေ နား နေဖို့နဲ့ နေထိုင်ဖို့အတွက် မင်္ဂလာဒုံ မြို့နယ်အတွင်း ၃ဧက ကျယ်ဝန်းတဲ့ မြေနေရာမှာသဘင်ခြံကြီးကို ဆောက်လုပ်နေပါတယ်။ သဘင်ခြံကို ဆောက်လုပ်နေတာ တစ်နှစ်ပတ်ဝန်း ကျင်လောက်ကြာမြင့်ခဲ့ ပြီဖြစ်ပြီး၊ နယ်မှာ ဇာတ်ကနေတဲ့ အချိန်တွေမှာ တော့ သဘင်ခြံဆောက်လုပ်နေမှုကို ခေတ္တရပ်နားထားကာ ရန်ကုန်ပြန် ရောက်တာနဲ့ခြံနဲ့ ပတ်သက်တာတွေ အမြန်ပြီးစီးအောင်ဖိုးချစ်က အကောင် အထည်ဖော်လျက်ရှိပါတယ်။ အခု လက်ရှိအချိန်မှာတော့ ဆောက်လက် စပဲရှိနေသေးတဲ့အတွက် ကုန်ကျမယ့် ငွေကြေးပမာဏအတိအကျကိုမပြော နိုင်သေးပေမယ့်လည်း ခန့်မှန်းကုန် ကျငွေသိန်း ၅ဝဝဝလောက်ရှိသွားနိုင် ကြောင်း ဖိုးချစ်က ပြောပါတယ်။ ဆောက်လုပ်ရေးအပိုင်းနဲ့ ပတ်သက် ပြီးအကူအညီပေးတာကတော့ Great Father Land Construction ဖြစ်ကြောင်း ၊မြေနေရာနဲ့ ပတ်သက် [...]

You not gonna see Moe Hay Ko during this year water festival

Saturday, April 6th, 2013

“မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို” ပရိသတ်တွေရဲ့ အားပေးမှုနေရာ တစ် နေရာရရှိထားတဲ့ မိုးဟေကိုက ဒါရိုက် တာညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကိုနေ မင်း၊ဝါဝါအောင်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပနိုင်ငံမှာ ဆေးသွားကုသပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ပါသေးတယ်။ ခရီးထွက်ဖြစ်နေတဲ့အချိန်မှာ တော့ ကား ရိုက်တွေကို ခဏနားခဲ့ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး မိုးဟေကိုက…”မိုးခရီးသွားနေလို့ ခဏနားထားပါတယ်။ အမေကလည်း နေမကောင်းတာနဲ့ ဆေးခန်းသွားပြ တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို ကြိုဖြတ်ပြီးတော့ နှစ်ပတ်ကြာသွားခဲ့တယ်။ အဓိကတော့ အမေဆေးခန်း သွားပြ တာပါ”လို့ ပြောပါတယ်။ နှစ်တိုင်းသင်္ကြန်ကို မိသားစုနဲ့အတူ ဖြတ်သန်းလေ့ရှိတဲ့ မိုးဟေကိုက ဒီနှစ်သင်္ကြန်ကိုတော့ မိသားစုနဲ့အတူ တရားစခန်းဝင်ဖို့ [...]

Cartoon of the day

Thursday, April 4th, 2013

Credit to : Kyaw Thu Yein Cartoonist

Joke of the day

Wednesday, April 3rd, 2013

credit to :ဟာသ မင်းသားကြီး

မန်းလေးမြို့ က အိုင်ဖုန်း Iphone ဖုန်းဆိုင် ရဲ့  မ၇ိုးနိုင်တဲ့  ပုံပြင်

Tuesday, April 2nd, 2013

ငါ့ note II လေးကို လွမ်းလိုက်တာ … စဉ်းစားမိတိုင်း ရင်နာနေရတယ် .. တော်တော်မိုက်ရိုင်းတဲ့ Iphone ကိုယ့်ကိုယ်ကိုယ်လဲ အပြစ်တင်လို့မဆုံးဘူး ဈေးသက်သာတယ်ဆိုပြီး ၀ယ်လိုက်မိတာ… ကျောချမှ ဓားမြမှန်းသိတော့တယ်… ပိုင်ရှင်ကောင်မလေးကလဲ ကိုယ်ချင်းစာစိတ် တော်တော်မဲ့တာပဲ …. ကိုယ့်ဆိုင်က ၀န်ထမ်းတွေရဲ့ အမှားကို ကာဗာပေးပြီး customer ကို ရိုင်းစိုင်းတယ်…. အားလုံးကိုယ်စားတောင်းပန်ပါတယ်ဆိုတဲ့ ဘာမှန်းမသိတဲ့ မန်နေဂျာလိုလိုကောင်လေးကလဲ ရွဲ့တယ် ပိုက်ဆံ လေးသိန်းငါးသိန်းက တောင်းပန်ပါတယ် ဆိုတဲ့ စကားတခွန်းထဲနဲ့ ပြန်ရောက်လာမှာလား ကလေးကစားနေတာလဲ မဟုတ်ဘူး warranty card လဲ ထုတ်မပေးနိုင်ပါဘူး ကျနော်တို့ ၀ယ်တဲ့ samsung distributer ကိုလဲ ပြောမပြနိုင်ပါဘူး ကျနော်တို့ အတွက် ချန်ရဦးမှာပေါ့ဆိုတော့ ငါက ဘာဆက်လုပ်ရမှာလဲ [...]

What Htet Htet Moe Oo says about her daughter..

Monday, April 1st, 2013

မေး သမီးလေးရဲ့ နာမည်ကို အရင် ပြောပြ ပါဦး။ ဖြေ စစ်လွန်းဝတီထက် လို့ နာမည် ပေးထား ပါတယ်။ မေး သမီး မွေးနေ့ ကရော…။ ဖြေ လာမဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ ဆိုရင် သမီး ၂ နှစ် ပြည့်ပါမယ်။ မေး စိတ်မကောင်း မဖြစ်ပါနဲ့ ထက်ထက်။ ပထမ မွေး ခဲ့တဲ့ သားလေးနဲ့ သမီးက ဘယ်လောက်ကွာ သလဲ။ ဖြေ အခုနေ သားလေး ရှိရင် ၃ နှစ်ခွဲလောက် ရှိပါပြီ။ R ဇာနည့်သားနဲ့ ရွယ်တူပါပဲ။ သမီးနဲ့က တစ်နှစ်ခွဲ လောက် ကွာပါတယ်။ မေး သမီးကို ဘန်ကောက်မှာ သွားမွေး [...]

Snapshots of Soe Thu live show

Sunday, March 31st, 2013

(ဓာတ်ပုံ- ဥက္ကာကိုကို) ဓာတ်ပုံ – အိသွဲ့ (တန့်ယန်း)/Popular Journal credit to : 7Day News Journal At the end; ဓာတ်ပုံ- ကို သာဗျော ပရိသတ်ပေးတဲ့လက်ဆောင်တွေကို အကုန်အိမ်သယ်သွားပါမယ်လို့ ကတိပေးခဲ့တဲ့ (ကို) စိုးသူ ဓာတ်ပုံ- အေးမင်းမင်း-

Htet Htet Moe Oo says Thank you to Eeveryone who support her daughter

Saturday, March 30th, 2013

Credit to : 8 Days A week Entertainment

Mood Magazine Cover

Friday, March 29th, 2013

Credit to : Crony Lynn Seck’s facebook

Thar Soe’s silk shop

Thursday, March 28th, 2013

“သားစိုး၏ ရွှေပိုးနန်းတော် ပိုးထည်ဆိုင် ဆိုင်ခွဲသစ် ထပ်မံဖွင့်လှစ်” တေးသံရှင် သားစိုး၏ ရွှေပိုးနန်းတော် ပိုးထည်ဆိုင် ဆိုင်ခွဲသစ်ဖွင့်ပွဲကို မတ်လ ၂၃ ရက်နေ့ ညနေက အမှတ် (၈)စီ၊ မိုးကောင်းလမ်းသွယ်၊ မှတ်တမ်းရုံးရှေ့၊ ဘောက်ထော် မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ credit to : ရဲရဲ (Popular Journal)

Facebook of Myanmar celebrities, Thet Mon Myint, Eaindra Kyaw Zin, Myint Myat and more…

Tuesday, March 26th, 2013

Soe Myat Nandar’s account and Soe Myat Nandar’s Fan Page Soe Myat Thuzar and another one Thet Mon Myint and another one Dway (deceased) Pyay Ti Oo + Eaindra Kyaw Zin = Pyay Thudra Awnseng and Fan Page Jue Jue K Yadanar Khin Bone Wyne Su Khine Thein and Fan Page Nang Khin Zay Yar [...]

Snapshots of Myanmar Celebrities @ Pyaing Thuu Kha’s Birthday Party

Monday, March 25th, 2013

photo credit to : 8 DAYS A WEEK ENTERTAINMENT

“အနုပညာအပေါ်သစ္စာရှိဖို့က အရေးကြီးတယ်လို့ဆိုတဲ့ ဂွမ်းပုံ”

Monday, March 25th, 2013

‎ အချိန်ကြာမြင့်စွာ ပရိသတ်အားပေးမှုရရှိထားတဲ့ ဂွမ်းပုံက ဒါရိုက်တာကျော်ဇောလင်းရိုက်ကူးတဲ့ ” ချစ်တာကြောက်စရာကြီး” ဇာတ်ကားကို အောင်ရဲလင်း၊ ဖွေးဖွေးတို့နဲ့ အတူ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ ဂွမ်းပုံက အောင်ရဲလင်းကိုတစ်ဖက်သတ်ကြိုက်သူ ကိုရီးယားရူးကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေအပြင် ဇာတ်ပို့၊ ဇာတ်ရံ တွေလည်း အဓိကလိုအပ်ကြောင်းကို ဂွမ်းပုံက” ဇာတ်ပို့၊ဇာတ်ရံတွေကကားတစ်ကားမှာ အလိုအပ်ဆုံးလို့ပဲ ပြောချင်ပါတယ်။ ဇာတ်ပို့ဆိုတာ သူ့ရဲ့ဝေါဟာရကိုက ဇာတ်တစ်ခု လုံးကိုပို့ရတာဖြစ်တယ်။ ဇာတ်ကားတစ်ကား ဇာတ်လမ်းကောင်းဖို့ အတွက် ဘေးနား မှာထောက်ကူပေး ရတယ်” လို့ပြောပါတယ်။ ဇာတ်ပို့၊ ဇာတ်ရံဆိုတာ အဓိကလှဖို့ထက် သဘာဝကျဖို့လိုအပ်ကြောင်းကို လည်း” အခု တော်တော်များများလည်း ဇာတ်ပို့လိုင်းကို ဝင်လာကြတဲ့သူတွေရှိပါတယ်။ အဓိကက ပီပြင်အောင် သရုပ်ဆောင်တတ်ဖို့လိုတယ်။ ကိုယ်လုပ်တဲ့ဇာတ်ရုပ်ပေါ်မှာ ပီပြင်အောင် သရုပ်ဆောင်ဖို့ဆိုတာ စာတွေလည်းများများဖတ်ဖို့လိုသလို [...]

ပဟေဠိလူသား ဆရာလေးကိုစံခင်

Sunday, March 24th, 2013

ငပိဖုတ် အမျှင်တန်း ဒီမနက် ငပိမီးဖုတ်တစ်ထုပ် စားပွဲပေါ်ရောက်လာတယ်။ ဘယ်သူတင်သွားလဲမသိ ဆရာလေးထမင်းချိုင့်ထဲမှာ မျှစ်ပြုတ်နဲ့ ဆားထုတ်ကို သူတို့လည်း မကြည့်ရက်ဖူးထင်တယ်။ မုန့်စားလွှတ်ချိန် မုန့်မစားနိုင်တဲ့ကလေးတွေ ထမင်းစားလွှတ်ချိန် ထမင်းမစားနိုင်တဲ့ ကလေးတွေက ဆရာလေးကို ငပိတစ်ထုပ် ပေးခဲ့တယ်။ မျက်ရည်မသုတ်မိ ပဲပြုတ်နဲ့ ငပိထုပ်ထဲက ငပိတစ်ကော်ကို သူတို့တစ်နေရာက မျှော်ကြည့်ပြီး ပျော်နေမယ်ဆိုတာ ဆရာလေးသိတယ်။ ဘယ်သူလဲ နီနီလား၊ စောကပေါလား၊ ထူးသာလား၊ ဝါးဝါးလား မမေးရက် တံခါးဝက ပြေးထွက်သွားတဲ့ တစ်ယောက်ယောက်တော့ဖြစ်မယ် ကျေးဇူးပါ ကလေးတို့ရယ်။ မနက်ကရောက်လာတဲ့ ပြောင်းရွှေ့အမိန့်စာဟာ ငပိဖုတ် တစ်ကော်စာကြောင့် စုတ်ဖြဲဖို့ ခိုင်မာသွားရတယ်။ နွေဦး ကျွန်တော်ဒီကဗျာလေးကို စိတ်မကောင်းစွာနှင့် ရေးဖွဲ့ခဲ့ပါသည်။ ကွယ်လွန်သူ ဆရာလေး ကိုစံခင်ကို ရည်စူးဂုဏ်ပြုပြီး ရေးဖွဲ့လိုက်ခြင်းဖြစ်သည်။ ကျွန်တော်နှင့် ကိုစံခင်တွေ့ပုံဆန်းသည်။ [...]

kyaw kyaw Boo’s daughter Birthday Party

Saturday, March 23rd, 2013

သရုပ်ဆောင် ကျော်ကျော်ဗိုလ် နှင့် ဇနီး မယဉ်ယဉ်မင်းတို့၏ သမီးလေး ပြိုင်သူခ (ခေါ်) အိုင်ကီ၏ ၃ နှစ်ပြည့်မွေးနေ့ပွဲကို မတ်လ ၂၁ ရက် ညနေက အင်ယားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရဲရဲ — သမီးလေး ပြိုင်သူခ(ခေါ်)အိုက်ကီ၏ ၃ နှစ်ပြည့်မွေးနေ့ပွဲ Credit to Popular Journal

Sai Sai Kham Leng

Friday, March 22nd, 2013

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ရှိုး ကို ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ဧပြီ ၁၀ ရက်နေ့ မှာ ကျင်းပမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦးရဲ့ရင်ဖွင့်စာ

Thursday, March 21st, 2013

(၈-၁၂-၂၀၁၂)ရက် စစ်တက္ကသိုလ် အမှတ်စဉ်(၅၅)သင်တန်းဆင်းပွဲမှာ ““ခေါင်းဆောင်တို့သည် မိမိဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့်၊ မလုပ်သင့် ဝေဖန်ပိုင်း ခြားရန်လိုကြောင်း၊ လုပ်ကိုင်ဆောင်ရွက် ရာတွင်လည်း အခြေအနေ အချိန်အခါ အရပ်ရပ်ကို သေချာစွာ စဉ်းစားချင့်ချိန် ပြီးမှ အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုကြောင်း၊ လက်အောက်ခံစစ်သည် များ၏ အခြေအနေကို သေချာသိရှိရန် လိုကြောင်း၊ အသိတရား၊ သတိတရား ရှိရှိဖြင့် နေထိုင်လုပ်ကိုင်တတ်ရန် လို ကြောင်း မိမိရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာကို စိစစ်သုံးသပ်ကာ လက်ရှိဖြစ်ပေါ် နေသော အခြေအနေများ၊ အနာဂတ်တွင် ဖြစ်လာနိုင်မည့် အခြေအနေများ ကို ကြိုတင်မြော်တွေးပြီး သတိတရားရှိ ရှိ ဆောင်ရွက်ရန်လိုကြောင်း””ဒုတိယ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မိန့်ခွန်းပြောခဲ့ တာကြောင့် ကျွန်တော့်သားကြီးအဖြစ် ဟာလည်း မိန့်ခွန်းထဲမှာပါတဲ့အကြောင်း အရာတွေနဲ့ တူနေတာမို့ ရင်ဖွင့်တင်ပြ [...]

New movie (video) to watch – Pin Lae Yay Chan, Nway Mhar Khan

Wednesday, March 20th, 2013

This new Myanmar video is a must watch for Thet Mon Myint and Nay Toe fans. It’s called “Pin Lae Yay Chan, Nway Mhar Khan”, roughly translated to “A river that dries in Summer” starring Nay Toe, Thet Mon Myint, Zaw Oo, Nay San, and Soe Moe Kyi.

ရွေမြန်မာ ဘယ်လဲ.. ဘာလဲ

Tuesday, March 19th, 2013

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အုတ်ကျိုးသယ်- မဆလာရွက် တဲ့ အလုပ်သမလေး တစ်ယောက် နေ့စားခ တစ်ရက် သုံးထောင်ရတယ်။ သူ့အသိုက်အမြုံကနေ လုပ်ငန်းခွင်ကိုရောက်ဖို့ ဘတ်စ်ကားခက အသွားအပြန် တစ်ရက် ခြောက်ရာကုန်တယ်။ ဒါတောင် ဘတ်စ်ကား ဂိတ်ကနေ သူ့အိမ်ကို နှစ်ဖာလုံလောက် လမ်းလျှောက်ပြန်လို့။ ဆိုက်ကားငှားစီးရင် အသွား အပြန် တစ်နေ့ လေးရာကုန်မယ်။ နေ့တွက်လုပ်အားခရဲ့  သုံးဆယ်ရာခိုင်နှုန်းက အဲသလို ဘာမဟုတ်တဲ့ ခရီးစားရိတ်အောက်မှာ စုန်းစုန်းမြုပ်သွားရှာတယ်။ နေ့လည်စာ ထမင်းဟင်း ဖြစ်သလို စားအုံးတော့ ခြောက်တီးခြောက်ချက် လမ်းဘေးဆိုင်က တစ်ခါပြင် ငါးရာ..။ တစ်နေ့ နှစ်နပ်.. မနက်စော ဘရိတ်မဖတ်ရင်တောင်မှ.. ၀င်ငွေရဲ့  နောက်ထပ်သုံးဆယ်ရာနှုန်း ပျက်ပျက်ပြုန်း ရပြန်တယ်။ မုန့်ပဲသရေစာလေး ဘာလေးညာလေးစား- လမ်းဘေးပုံရောင်းတဲ့ ဘာလေးညာလေး တစ်ရာဖိုးနှစ်ရာဖိုး [...]

Eaindra Kyaw Zin (oo wae) & Soe Myat Nandar (dar dar) – Now and then

Monday, March 18th, 2013

After more than a decade in the Entertainment Industry, Myanmar actresses Eaindra Kyaw Zin and Soe Myat Nandar are still maintaining their beauty in their own ways.

ဥပဒေ ရဲ့ အထက်မှာ စာဖတ်သူကြီး ရှိနေတုန်းပဲလား???

Monday, March 18th, 2013

ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

ဆေးတော့မထိုးပါနဲ့နော်

Sunday, March 17th, 2013

ဆေးတော့မထိုးပါနဲ့နော် photo credit to : Amazing Bed Rooms & Cars

တာချီလိတ်၌ မြန်မာပိုက်ဆံအိတ်ကို ဆွဲပိတ်လိုက်ခြင်း – မောင်သာချို

Saturday, March 16th, 2013

(တစ်) တာချီလိတ်သို့ ရောက်လျှင်ရောက်ချင်း ဒေသခံ စာပေချစ်သူများက ခရီးရောက်မဆိုက် နှင်းအပ်လိုက်သည့် လက်ဆောင်မှာကား စာအိတ်ကလေး တစ်အိတ်စီပင် ဖြစ်ပါသည်။ ဘာများပါလိမ့်။ အခုပဲ တာချီလိတ်လေဆိပ်ကိုဆင်း၊ အခုပဲ ရှမ်းရိုးရာ အိုးစည်ဗုံမောင်းတို့နှင့်ကြိုဆို၊ အခုပဲ မြန်မာ၊ ထိုင်း၊ လာအို သုံးပွင့်ဆိုင် ရွှေတြိဂံဒေသ၏မြို့တော် တာချီလိတ်ကို မြို့တစ်ပတ်လှည့်လည်ပြသ၊ အခုပဲ ဟိုတယ်ရှိရာဆီပြန်ရောက်၊ အခုပဲ ကိုယ်လက်သန့်စင် ရေမိုးချိုးလို့မှ ပြီးလုပြီးခင်ကလေးရှိသေး…ရော့ ဆရာတို့အတွက်ဟုဆိုကာ လက်ထဲကိုယ်စီ ရောက်လာကြသည်က စာအိတ်ပေါက်စကလေးတွေပါ။ ၀ဏ္ဏသိန်းသန်း သတ္တုကုမ္ပဏီ၏ ခရီးဦးကြိုလက်ဆောင်တဲ့။ အို …ဖောက်လိုက်တော့ အထဲမှာပိုက်ဆံတွေ။ မြန်မာပိုက်ဆံမဟုတ်။ ထိုင်းပိုက်ဆံ။ ဘတ်ငွေတွေပါလား။ အရေအတွက် မများလှ။ ဘတ် ၁၀၀၀ တန် လေးရွက်။ ထိုင်းနိုင်ငံသုံး ပိုက်ဆံတစ်ဘတ်ကို မြန်မာငွေ ၂၈ ကျပ်ကနေ [...]

Nay Toe & Ei chaw Po

Friday, March 15th, 2013

သိပ်ချစ်တယ် အရမ်းမုန်းတယ် ဇာတ်ကားမှ နေတိုးနှင့်အိချောပို credit to : 8 DAYS A WEEK ENTERTAINMENT

“ သမိုင်းမှာမင်းတရားခံဖြစ်မယ် ”

Friday, March 15th, 2013

“ သမိုင်းမှာမင်းတရားခံဖြစ်မယ် ” •••••••••••••••••••••••••• မင်းမမှန်ရင် မင်းတရားခံဖြစ်မယ်၊ ငါမမှန်ရင် ငါတရားခံဖြစ်မယ်၊ တရားဆိုတာ ညှာလဲမညှာ၊ ညာလဲမညာ သာစေ နာစေမရှိ ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။ ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။ ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ နောင်နေ့ မင်းရဲ့အနာဂတ်။ မပတ်သက်ချင်လို့ မရ မစပ်ဆက်ချင်လို့ မရ။ မင်းဘဝကို မင်းကသာပြဌာန်းတယ်။ မင်း ဘာလဲ မင်း ဘယ်သူလဲ မင်းဟာ မင်းပဲ။ ။ ( တင်မိုး ) – Posted by The Myanmar People

Nan Su Yati Soe

Wednesday, March 13th, 2013

အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် ပါရမီ အဆင့်မြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် နန်းဆုရတီစိုး နန်းဆုရတီစိုးက အစာအိမ် သွေးကြော ပေါက်သွားတဲ့ အတွက် မတ်လ ၅ ရက်နေ့၊ သန်းခေါင် ၁၂နာရီမှာ ပါရမီ အဆင့်မြင့် ဆေးရုံမှာ တက်ရောက် ဆေးကုသ ခံယူ နေ တယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်နေ့၊ မနက် ၁၁နာရီမှာ ဒေါက်တာ ရွှေပေါ် က ခွဲစိတ် ကုသပေးခဲ့တဲ့ အတွက် ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိဘဲ ကောင်း မွန်နေပြီဖြစ်ပါတယ်။ “နန်းဆုက နေပြည်တော်မှာ ဆီးဂိမ်းကြော်ငြာ သွားရိုက်ဖို့ မနက် ၅ နာရီ သွားရောက် မှာကို ည ၁၁ [...]

Interview with Tin Moe Lwin

Tuesday, March 12th, 2013

တစ်ခေတ် တစ်ချိန်က မော်ဒယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဒီနေ့ခေတ်လောက် လွယ်လွယ်ကူကူ မဟုတ်ဘဲ ခက်ခဲတဲ့ လမ်းကြောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ တိုးတက်လာတဲ့ ဒီနေ့ခေတ်နဲ့အညီ လက်ရှိမှာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေလဲ အများကြီးရှိနေပါတယ်။ မော်ဒယ် သင်တန်းတွေ အများကြီးရှိလာသလိုမော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက်လဲ နိုင်ငံတကာ အခွင့်အလမ်းတွေလည်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ မော်ဒယ်လောက အခြေအနေတွေကို မော်ဒယ်မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Talent & Model Agency က မတင်မိုးလွင်နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပပြုလုပ်တဲ့ Miss Myanmar International 2013 ပဏာမ ရွေးချယ်ပွဲမှာ ခဏတာ တွေ့ဆုံမေးမြန်းခဲ့တာတွေ ထဲက တစ်ချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။ မနှစ်က ဒီပြိုင်ပွဲကနေ ဆုရရှိခဲ့တဲ့ နန်းခင်ဇေယျာက [...]

Joke of the day

Monday, March 11th, 2013

photo credit to : Min Tayza KFC မြန်မာပြည် မ၀င်လာခင် သူတို့ ဆီမှာ မူပိုင်ခွင့် ၀ယ်၇မယ်ထင်ပါတယ်ဗျာ အမြော်အမြင်ကြီးချက် က ၉လောက်ရှိတယ်..:P လယ်မြေတွေ သိမ်းပြီး နိုင်ငံခြား ရင်နှီးမြုပ်နှံမှု ထိုင်စောင့်နေသလိုပါပဲဗျ

သတိ…. ဤနေရာ ပိုင်ရှင်ရှိသည် – ဝေမော်

Monday, March 11th, 2013

ကျနော်က ကျေးလက်တောရွာမှာ မွေးဖွားကြီးပြင်းခဲ့သူဆိုတော့ တောရပ်တောဓလေ့တွေနဲ့ ယဉ်ပါးခဲ့ရသူပါ။ ကျနော်တို့ဆီမှာ ကလေးကစ လူကြီးအဆုံး အများစုလက်ခံကျင့်သုံးနေတဲ့ စရိုက်လေးတခုရှိပါတယ်။ အဲဒါက သွားရင်းလာရင်း အန္တရာယ် မလွယ်သာလို့ လယ်ကွင်းပြင်၊ ချောင်းရိုး၊ မြောင်းရိုး၊ တောစပ် လို နေရာတွေမှာ အခင်းကြီးအခင်းငယ် စွန့်ကြရတဲ့ အခါမျိုးမှာ လုပ်ငန်းမစတင်ခင် ဟိုဟိုဒီဒီ ကျီးကန်း တောင်းမှောက် ကြည့်ရင်းက လက်အုပ်လေးချီပြီး ‘ အရှင် (ကွင်းပိုင်၊ တောပိုင်၊ တောင်ပိုင်) မင်းကြီးခင်ဗျား … အမိုက်အမဲလေး ကို ခွင့်လွှတ်တော်မူပါ’ လို့ ခပ်တိုးတိုးလေး တောင်းပန်တိုးလျှိုးပြီးမှ စိတ်ချလက်ချ ကိစ္စ ဆောင်ရွက် တတ်ကြရတာပါ။ တခါတလေမှာတော့ ညောင်သီးလည်းစား လေးသံလည်းနားထောင်ဆိုသလို ကိုယ့်ကိုယ်ကို မလုံစိတ်နဲ့ တောင်တောင်အီအီ လှည့်ပတ်မော့ကြည့်ရင်း ကိုယ်ရောက်နေတာ ညောင်ပင်အောက် [...]

Nandar Hlaing – Now and Then

Sunday, March 10th, 2013

photo credit to : MLF Media Celebrities Now Then

R Zarni

Saturday, March 9th, 2013

“မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်” ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာသွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကို ဖေဖော်ဝါရီ၁၉ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က “ရိုးရိုးသာမန်အအေးပတ်တာပါပဲ။ အခုတော့အားလုံးကောင်းပါပြီ။ဘန်ကောက်မှာ ၂ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွားတာပါ” လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာက အမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်းတွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့ပရိသတ် [...]

Dimond Palace photos

Friday, March 8th, 2013

Photo – စိန်နန်းတော် credit to : Myanmar Model Girls

Melody

Thursday, March 7th, 2013

Ei chaw Po

Tuesday, March 5th, 2013

လူတွေဟာ .. အဝတ်အစားကို တစ်ခဏတာကြည့်ပြီး ချီးမွမ်းကြတယ်။ ဝေဖန်ကဲ့ရဲ့ကြတယ်။ ဒီလူတစ်ယောက်တည်းပဲ သူ့နေရာ သူ့အရပ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားကို ဝတ်လိုက်ခြင်းဖြင့် နေ့ချင်းညချင်း တစ်လောကလုံးရဲ့ ချီးမွမ်းခံရတဲ့ ဘုရားမှာ မီးပူဇော်နေတဲ့ မြန်မာအမျိုးသမီးကောင်းလေး ဖြစ်ပြီးသကာလ … အကယ်ဒမီပွဲလည်း ဒီလိုတက်လိုက်ရော … မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို သရုပ်ပျက်စေတဲ့ ကောင်မ ဖြစ်သွားပြန်ရော … (အိချောပို) ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ အဝတ်အစားကို ကြည့်ဝေဖန်ဆုံးဖြတ်ပြီး ချီးမွမ်းတာ ကဲ့ရဲ့တာ မစောကြပါနဲ့လို့ … သတိပေးချင်ပါတယ်။ အဝတ်အစားဆိုတာ အပေါ်ယံ ဟန်ဆောင်မှု တစ်ခုပါပဲ … အဓိက စိတ်ဓါတ်နဲ့ အရည်အချင်း အတွေးအခေါ်က သူဘာလဲ ကိုယ်ဘာလဲဆိုတာကို မှတ်ကျောက်တင်သွားတာပါ။ (သမီးဆိုး) Credit to [...]

Soe Pyi Thazin

Monday, March 4th, 2013

‎”ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်” စိုးပြည့်သဇင်က ဇာတ်ကား ရိုက်ကူးမှုနဲ့ အနုပညာအလုပ်တွေ ကို ဖေဖော်ဝါရီလ မှစပြီး ခဏ နားထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကား ရိုက်ကူးခဲ့ ပြီးနောက် ၁ဝတန်း စာမေးပွဲဖြေဆိုဖို့ အတွက်ခဏနားလိုက်တာဖြစ်တယ် လို့ ပြောပြလာ တာကြောင့် ”စိုးပြည့်ဖော်ဝါရီလကစပြီး ကားရိုက်တွေခဏ နားထားပြီး စာမေးပွဲ အတွက် ပြင်ဆင်နေတယ်။ စာမေးပွဲက ရန်ကုန်မှာပဲဖြေမှာပါ။ စိုးပြည့်က လည်း အနုပညာအလုပ်တွေနဲ့ဆိုတော့ ပညာရေးဘက်ကို မလုပ်နိုင် ဘူး ဖြစ်နေတာ။ ၁ဝတန်းကလည်း စာကျက်ချိန်ပေးနိုင်မှ အခုတောင်မှ စာကျက်ချိန်က ဒီတစ်လပဲ သေသေချာချာရှိတာ။ စိုးပြည့်အတွက် အခက် အခဲတွေရှိပါတယ်။ ကိုယ် တတ်နိုင်သလောက်တော့ ကြိုးစားပြီးဖြေမှာပါ။ အရင်ကတည်းက ကိုယ်ရတဲ့အချိန်ကို [...]

MoeYuSan

Saturday, March 2nd, 2013

photo credit to : Myanmar model Girls photo credit to : Maung Phoe Nyan -Myanmar-Entertainment

Sai Nor Kham နဲ့ တပည့်များကို တရုတ်အစိုးရ သေဒဏ်ပေးမှု အပေါ် သုံးသပ်ချက်။

Saturday, March 2nd, 2013

မြန်မာနိုင်ငံသား ရှမ်းအမျိုးသား ဖြစ်သော စိုင်းနော်ခမ်းနှင့်အတူ ပါဝင်သည့် အပေါင်းပါသုံးဦးမှာ ထိုင်းနိုင်ငံ သား ဆန်ခမ်း၊ နိုင်ငံမဲ့ ရီလိုင် ဆိုသူနှင့် လာအိုနိုင်ငံသား ကျာရှီကာ ဆိုသူတိုကို မတ်လ ၁ ရက်နေ့တွင် တရုတ်အစိုးရမှ ဆေးထိုး ကွပ်မျက်မည် ဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်သည်။ ဘီဘီစီ သတင်းအရ သူတို့ ဆွေမျိုးသားချင်းများကို တရုတ်အစိုးရ နောက်ဆုံး တွေ့ဆုံဖို့ စီစဉ်ပေးမည် ဆိုသော်လည်း စိုင်းနော်ခမ်း ညီမ ဖြစ်သူ ပြောတာက ဖမ်းဆီးထား ကတည်းက တွေ့ခွင့်မရကြောင်း တွေ့ဖို့ ကြိုးသားသူ မိသားစုဝင် တစ်ယောက်ကိုလဲ ၁၅ရက်ကြာ ထိန်းသိမ်းထားပြီး စစ်ဆေးခဲ့ကြောင်း ပြောပါတယ်။ အဓိကစွပ်စွဲချက် ကတော့ ၂၀၁၁ ခုနှစ်မှာ မဲခေါင်မြစ်ပေါ်က တရုတ် သင်္ဘောသား [...]

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန် Nang Khin Zay Yar

Friday, March 1st, 2013

‎ “နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ” ရန်ကုန်၊ မတ် ၁ ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။ “ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ်တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ [...]

သမီးလေးပုံကို ဘယ်လက်မောင်းမှာ ထိုးခဲ့တဲ့ ဇူးမြတ်ထက်

Tuesday, February 26th, 2013

ဓာတ်ပုံ- ထက်ထက်’s facebook “အလှကြောင့်မဟုတ်ဘဲ အချစ်ကြောင့် သမီးလေးပုံကို ဘယ်လက်မောင်းမှာ ထိုးခဲ့တဲ့ ဇူးမြတ်ထက်” သရုပ်ဆောင် အဆိုတော် ဇူးမြတ်ထက်က သူချစ်တဲ့ ဇနီး ထက်ထက်မိုးဦးပုံ ကို ရင်ဘတ်မှာ ဆေးမှင်ကြောင်ထိုးထားသလိုပဲ သူ့ရဲ့ တစ်ဦးတည်းသော သမီး စစ်လွန်းဝတီထက်ပုံကိုလည်း ဘယ်လက်မောင်းပေါ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက ဆရာတွတ်ပီဆီမှာ ထပ်မံပြီး ဆေးမှင်ကြောင် ထိုးထား ခဲ့ပါတယ်။ ဒီလိုပုံရေးထိုးတာ အလှမဟုတ်ဘဲ အချစ်ကြောင့်ပါလို့ ဆိုတဲ့ ဇူးမြတ်ထက်က “အစကတည်းက ထိုးဖို့ အစီအစဉ် ရှိပြီးသားပါ။ ကျွန်တော် ချစ်တဲ့ သမီးလေးနဲ့ သူ့အမေပုံ နှစ်ယောက်စလုံး ထိုးဖို့ ရည်ရွယ်ထား တာလေ။ ဒီပုံလေးက သူတစ်နှစ်ပြည့် မယ်သီလရှင်ဝတ်တုန်းက ပုံလေးပါ။ ဆရာတွတ်ပီ ထိုးပေးတာပါ။ အဓိက [...]

“အန်ကယ်မျိုး နှင့် တူနှစ်ကောင်” – Saya Soe Min (ငွေစန်းရောင်)

Tuesday, February 26th, 2013

ကိုမျိုးသည် ယပက်လက်တို့ရပ်ရွာတွင် တစ်ဝမ်းတစ်ခါးရှာစားရုံထက်ပိုသော ဘ၀ရှေ့ရေး တိုးတက်ရာကြီးပွားကြောင်းအတွက် လစာကလေးကောင်းကောင်း၊ လူရိုသေရှင်ရိုသေရာထူးကလေး ရလိုရငြား သတင်းစာဖတ်ကာ စာပစ်သော အလုပ်လုပ်နေသူ လူငယ်လေးတစ်ဦး ဖြစ်၏။ လက်ဦးပိုင်းမတော့ နန်းခင်ဇေယျာကလေးဆီ မိတ်ဆက်စာပို့ထားသူလိုလို၊ မိုးယုစံကလေးဆီ Friend request ပို့ထားသူလိုလို၊ ပြတ်ပြတ်သားသား အဖြေမပေးပဲ Fan page ထဲတွင် အတင်းဝင် like လုပ်ခိုင်းရုံလောက်သာ ပြန်စာရလေသည်။ စာပစ်သက်ရင့်လာသောအခါ အင်တာဗျူးလာဖြေရန် ဖိတ်စာရလာ၏။ ဖေ့စ်ဘုတ်ပေါ်က ပိတ်သတ်ကြီးကို ကျေးဇူးတင်ပါသည် ဟု မယ်လိုဒီကလေးက အကယ်ဒမီပေးပွဲတွင် စကားထဲထည့်အပြောခံရသည့်နှယ် ကျွမ်းထိုးမတတ် ၀မ်းသာလေသတည်း။ ချတ်တင်ခန်းထဲက အလန်းဇယားကလေးက အပြင်မှာတွေ့ရအောင် ဟု ချိန်းသည့်နှယ်လည်း ရင်ခုန် စိတ်လှုပ်ရှားမိလေသည်။ ညညအိပ်၍ပင် မပျော်ပေ။ မှန်ထထကြည့်လိုက်၊ ဖုန်းနှင့်ဓါတ်ပုံရိုက်လျက် ဖေ့စ်ဘုတ်ပေါ်တင်ကာ ကွန်မန့်တွေ စောင့်ဖတ်လိုက်၊ [...]

Miss Myanmar International 2013

Monday, February 25th, 2013

Credit to : ဓာတ်ပုံ – သက်ထူး (The Myanma Age)

လူမှန်နေရာမှန် – သရ၀ဏ်(ပြည်)

Sunday, February 24th, 2013

၂၀၀၆ ခုနှစ်နှစ်လည်ခန.်ကဖြစ်သည်။ ဥရောပတိုက်သား ကမ္ဘာလှည်.ခရီးသည်တစ်ဦးကို ကျွန်တော် မြန်မာပြည်အနှံ. ဧည်.လမ်းညွှန်အဖြစ်လိုက်ပါဝန်ဆောင်မှုပေးရသည် ။ ဧည်.သည်၏အမည်မှာ မစ္စတာ ဂွမ်တာ(Gunter) ဖြစ်သည် ။ မစ္စတာဂွမ်တာသည် သည် ကျွန်တော်.မိတ်ဆွေ မြန်မာမလေးမသင်္ဂီ နှင်.အိမ်ထောင်ကျပြီး နိုင်ငံခြားမှာနေသည် ( ဘယ်နိုင်ငံလဲဆိုတာတော. မပြောလိုတော.ပါ ) ။ ထိုသို.သွားလာလည်ပါတ်ကြရင်း တစ်နေ.တွင် နိုင်ငံခြားသားကြီးက ထူးဆန်းသောစကားတစ်ခွန်းကို ဤသို.ပြောလာ၏ ။ “ ညီညီ မင်းသိလား ၊ ငါတို.နိုင်ငံမှာ ရှိတဲ.မြန်မာသံအမတ်ကြီးက အင်္ဂလိပ်စကားပြောရင် အမြဲတမ်းသုံးကြောင်းပဲပြောတယ် ၊ ပြီးရင် ဘာမှ ဆက်မပြောတော.ဘူး “ “ ဘာဖြစ်လို. သုံးကြောင်းပဲပြောတာလဲ “ ဟု ကျွန်တော်ကမေးလျှင် “ သူက အင်္ဂလိပ်လို မပြောတတ်ဘူး ဒါ.ကြောင်. [...]

အကယ်ဒမီ မော့(စ်) နောက်ဆုံး ခရီး

Saturday, February 23rd, 2013

credit to : Kyaw thu’s facebook

How to transport Plane in Yangon

Saturday, February 23rd, 2013

photo credit to Ne Ne Hlwam Moe credit to : original photo uploader Update news: အဆိုပါလေယာဉ်မှာ Fokker F27 အမျိုးအစား လေယာဉ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက် ည ၁၀ နာရီ ခွဲခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်သူ့ရင်ပြင်အတွင်းသို့ သယ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၄ နာရီခွဲခန့်တွင် ပြည်သူ့ရင်ပြင်သို့ ရောက်ရှိခဲ့သည်။ လက်ရှိတွင် ပြည်သူ့ရင်ပြင်အတွင်း ထားရှိကာ ပြင်ဆင်တပ်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ပြီးစီးပါက အများပြည်သူတို့အား ပြသသွားမည်ဖြစ်သည်။ Credit to : Eleven

မြို့ကြီးမှာနေမှ ပြည်သူမဟုတ်

Saturday, February 23rd, 2013

ကျွန်တော်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ နေထိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ မိုးညှင်းမြို့ အစိုးရနည်းပညာကောလိပ်မှ BE (Electronic)နဲ့ ကျောင်းပြီးထားပါတယ်။ ကျွန်တော်က အခုမှ ပူပူနွေးနွေး ကျောင်းပြီးထားတာဆိုတော့ ကျောင်းနှင့်ပတ်သက်တဲ့ အကြောင်းပဲ ပြောချင်ပါတယ်ခင်ဗျာ။ မြို့ကြီးကျောင်းနဲ့ နယ်ကျောင်း ခွဲခြားနေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပညာကျောင်းများဟာ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျောင်းများဖြစ်ပါတယ်။ အခုလို ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်၊ နည်းပညာမြင့်တွေ လိုအပ်နေတဲ့ အချိန်တွေဆို ပိုလို့တောင် အရေးပါ ပါသေးတယ်ခင်ဗျာ။ ကျွန်တော်တို့ နည်းပညာကျောင်းများမှ မဟုတ်ပါဘူး။ တခြားကောလိပ်၊ တက္ကသိုလ်များလည်း နည်းပညာကျောင်းများနည်းတူ အရေးပါကြပါတယ်ခင်ဗျာ။ ကျွန်တော်က နည်းပညာကျောင်းသားဆိုတော့ နည်းပညာကျောင်းတွေအကြောင်းပဲ ပြောပါမယ်။ ကျွန်တော်က မိုးညှင်း(GTC)မှာ တက်တာဆိုတော့ နယ်ကျောင်းမှာ တက်တာပေါ့ဗျာ။ ကျွန်တော်တို့ နယ်ကျောင်းတွေက မြို့ကြီးကျောင်းတွေနဲ့စာရင် အခွင့်အရေးနည်းပါးပါတယ်။ [...]

“Hottest Fashion Show Ever” – Part II

Friday, February 22nd, 2013

photo credit to : Myanmar Model Girls