သံသရာတစ်ကွေ့ဝယ်။ ။

Tuesday, March 28th, 2017

အချိန်ကာလအားဖြင့်နှစ်ပေါင်း(၇၀)ကျော်ကွာခြားတဲ့ဓာတ်ပုံနှစ်ပုံထဲမှာ ကချင်တိုင်းရင်းသူအမျိုးသမီးကြီးနှစ်ဦးဟာ နှစ်ကြိမ်တိုင်တိုင် ထူးခြားစွာ ပါဝင်နေခဲ့ပါတယ်။ ဓာတ်ပုံ။ ။မူရင်းပိုင်ရှင်များ Credit to Saya Min Din

“ရေစက်”

Sunday, March 26th, 2017

          အိုင်ဒေါမတိုင်ခင်တစ်ရက်မှာ ရေးချင်လျက်နဲ့ “ငါ့ လူမုန်းများပါ့မယ်လေ။” ဆို တမင်မရေးပဲ ရေငုံနှုတ်ပိတ်နေမိတဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။ ဒါပေမယ့်လည်း စိတ်ထဲ တနုံ့နုံ့နဲ့ အိပ်လို့တောင် မပျော်နိုင်အောင် အဲသည်အကြောင်းကို စဉ်းစားမိတဲ့အခါ ကိုယ့်ဘာသာကိုယ်ပဲ ပြန်အဖြေထုတ်ရပါတယ်။ အဲသလောက် အပတ်တကုတ် စဉ်းစားအားထုတ်ပြီး ရေးလာခဲ့သမျှ စာတိုပေစတွေဟာ ပိုက်ဆံရဖို့ မဟုတ်မှန်းတော့ ကိုယ့်ဘာသာလည်းသိသလို တလောကလုံးလည်း သိမှာပါလေ။ နံမည်ကြီးချင်လို့ ပေါ်ပြူလာဖြစ်ချင်လို့ မဟုတ်မှန်းတော့ ကိုယ့်စိတ်ကိုယ့်ကိုယ်နဲ့ ပြတ်ပြတ်သားသားကို သိတာပါ။ ဘယ်သူမှ အထင်မကြီးလည်းနေ။ ဘယ်သူကမှ အရေးတယူ လာမဖတ်လည်းနေ။ ကိုယ့်ဘာသာကိုယ် ရေးချင်လို့ကို ရေးနေတာ။ Like တွေ Share တွေ များချင်လို့ ရေးနေတယ် ထင်ရင်တော့ Ha Ha ပဲ ပေးပလိုက်မယ်။ “No. […]

Fishy Tayzar Linn

Wednesday, March 22nd, 2017

Mister Asia Myanmar 2016 ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု Mister မောင်တေဇလင်းအနေဖြင့် စင်သီတာနော့ အား လိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ် 22.3.2017 ဝါးဝါး (မြစ်မခ) Mister Asia Myanmar 2016 ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု Mister မောင်တေဇလင်းအနေဖြင့် စင်သီတာနော့ အား လိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ စင်သီတာနော့မှ မတ်လ(၂၀)ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ စင်သီတာနော့မှ မောင်တေဇလင်းအား အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားမကြီးနစ်နာမှု ၃၁၄/၂၀၁၇/ ဖြင့် တာမွေမြို့နယ်တရားရုံးတွင် ကာမလိမ်လည်မှု ပုဒ်မ(၄၁၇)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုထားကြောင်း သိရသည်။ “ကျွန်မ ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က အခုကိုယ်ဝန် ၇လ ရှိပြီ။ ဒီ Mister ဆုကနေပြုတ်စေချင်တယ်။ကလေးရဲ့ အဖေနာမည်ခံစေချင်တယ်။ ထောင်ကျစေချင်တယ်။ […]

“အကယ်ဒမီရင်ခုန်သံ”

Sunday, March 19th, 2017

“အကယ်ဒမီရင်ခုန်သံ”          မနေ့ညက မီးပျက်လို့ TGIF တောင် မလုပ်နိုင်ပါဘူး။ Air con မလာလို့ ချွေးတွေသံတွေနဲ့ Gym တောင် မဆော့နိုင်။ အိမ်ပြန်ပြီး မီးအလာ Myanmar Idol လေးပဲ စောင့်ကြည့်ရတယ်။ ဒါကြီးက ရင်ခုန်စရာ မကောင်းလိုက်တာများ ကြည့်ပြီးသားရုပ်ရှင်ကြီး ပြန်ထိုင်ကြည့်နေရသလိုပဲ။ ဘယ်သူရမယ်လို့ မှန်းထားရင် မြေကြီးလက်နဲ့ပုတ်တာကမှ လွဲဦးမယ်။ ဘယ်သူဆိုတာကိုမှ နားမထောင်ဖူးဘူး။ Facebook ပေါ်က အဆင်ကြည့်ရုံနဲ့ ဗေဒင်ဟောစားလို့ရပြီ။ ကိုယ်မှမဟုတ်ဘူး။ Main stream တွေ၊ Trend တွေကို နားလည်တဲ့သူတိုင်း သည်အဆင်နဲ့သည်အဆင် ဘယ်ဖဲပဲတက်ဖို့ကျန်သလဲ ဒုံးမဝေးဘူး။ Mm Id selfie လောက်နဲ့ Facebook ပေါ်တက် ဖလန်းဖလန်းထချင်လို့ ရမလား။ ကိုယ်က သူများ […]

“ဖီလင် ၂၉”

Tuesday, March 14th, 2017

“ဖီလင် ၂၉”          သည်ကနေ့ဟာ ဖုန်းမော်သေတဲ့ ၂၉ နှစ်မြောက်နေ့ဖြစ်တယ်။ RIT ကျောင်းဝင်းထဲကို စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့လို့ ဖုန်းမော်၊ စိုးနိုင်၊ မြင့်ဦးနဲ့ ကျောင်းသားတချို့သေနတ်ဒဏ်ရာရပြီး နှစ်ဦး ကွယ်လွန်သွားခဲ့တယ်။  ကျောင်းသားတွေက မခံမရပ်နိုင်လို့ ဖုန်းမော်ကို အာဇာနည်အဖြစ် မှတ်တမ်းတင်တဲ့အခါ ကိုယ်တို့အတန်းထဲက လူကြီးသားတစ်ယောက်က “သူ့ဘာသူ ဘုမသိဘမသိနဲ့ သေနတ်မှန်သေတဲ့သူကို အတင်းကြီး သူရဲကောင်းမြှောက်နေတယ်။” လို့ ပြောတော့ ကိုယ့်ဘက်က ဆတ်ဆတ်ခါ နာကျည်းမိတယ်။ ဟုတ်တယ်။ ဖုန်းမော်ဟာ တိုင်းပြည်အတွက် ဘာမှ ကောင်းရာကောင်းကြောင်း မလုပ်ပေးခဲ့ဘူးပဲ ထားပါ။ ဒါပေမယ့် သူ့ဘာသူ သူ့ကျောင်းဝင်းထဲ သူ့ကျောင်းသားအဆောင်မှာ ငြိမ်းချမ်းစွာ ပညာသင်နေတာ။ ကျောင်းသားတစ်ယောက်ဟာ စစ်မြေပြင်လည်း မဟုတ်၊ စစ်ပွဲကာလလည်းမဟုတ်ပဲ၊ နေရင်းထိုင်ရင်း အသားလွတ်ကြီး […]

Respectful Lady!

Friday, March 10th, 2017

ကျွန်မ နေရာကို ကျွန်မ မရှိရင် ဘယ်သူဝင်ယူမှာလဲလို့ မေးကြတယ် ….. ဒီကိစ္စကို ကျွန်မလုံးဝ မစဉ်းစားထားပါဘူး ….. ဒီမိုကရေစီမှာ နောက်တက်မယ့် ခေါင်းဆောင်ဆိုတာကို ရွေးချယ်ထားစရာမလိုဘူး ….. ဒါဟာ အာဏာရှင်စနစ်မှာပဲ ရှိတာပါ ….. ဒေါ်အောင်ဆန်းစုကြည် Credit to ၇န်​နိုင်​​ဆွေ

Please protect your enviroment!!

Thursday, March 9th, 2017

လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကစပြီး ပျက်ဆီးယိုယွင်းလာပြီဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီတို့ကို စွန့်ခွာပြီး အများစု (ငွေကြေးတတ်နိုင်သူတွေရော၊ ငွေကြေး အနည်းငယ်သာသုံးစွဲနိုင်သူတွေရော) ဟာ မြိတ်ကျွန်းစုဘက်ကို ခရီးဆန့်လာခဲ့ကြတယ်… ဘယ်သူတွေကြောင့်၊ ဘာတွေကြောင့် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း တဟုန်ထိုး တိုးတက်လာတယ်ဆိုတာ ပဏာယူပြီး မပြောလိုတော့… အခုပြောချင်တာက ဒီလိုမျိုး ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးလာတာနဲ့အမျှ မြိတ်ကျွန်းစုရဲ့ ဘဘာဝအလှတွေဟာ စပြီး အထိအခိုက်တွေရှိလာခဲ့တယ်… ငွေဆောင်၊ ချောင်းသာက အကျင့်တွေ မြိတ်ကျွန်းစုကို ယူလာကြတယ်… Snorkeling တွေသွားတယ်… Snorkeling Guide တွေကို ရေအောက်ထဲဆင်းပြီး Hard Coral တွေ ချိုးခိုင်း၊ ယူခိုင်းတယ်… Guide တွေက Ethic ထားပြီး မယူပေးရင် အတိုင်ခံရတယ်… ဧည့်သည်နဲ့ ငွေမျက်နှာပဲ […]

Cartoon of the day

Wednesday, March 1st, 2017

လူငယ်​​လေးများ အဖွဲ့

Monday, February 27th, 2017

အောင်ဝင်းခိုင်ကောင်ကလေး ….. မင်းကွာ DSA (၃၆)ဆင်း ကြည်း – ၂၆၀၃၄ ဖြစ်ပြီး တပ်မတော်မှာ ဒုမှူးကြီး တာဝန်ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကြီးကို ထမ်းဆောင်ခဲ့တယ်နော် ။ စစ်သက် (၁၉)နှစ်ခန့် ထမ်းဆောင်ခဲ့တာပဲ ။ နှမြောစရာ ကောင်းတယ် ။ ထားပါ …. ထားပါ ။ ဒါတွေက ပြီးခဲ့ပါပြီ ။ ပြီးခဲ့ပါပြီ ။ အောင်ဝင်းခိုင်ကောင်ကလေး ….. မင်း ….. စစ်ဗိုလ်ကြီးလုံးလုံး ဗိုလ်မှူးကြီးရှုံးလောက်ပါဘိ ဖြစ်ရဲ့သားနဲ့ …. စစ်သားဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ပေးသူ ဖြစ်ခဲ့လျက်သားနဲ့ … စစ်သားဆိုတာ နိုင်ငံတော်က ကျွေးတဲ့ ထမင်းနဲ့ ဟင်းတွေကို စားပြီး ….. နိုင်ငံတော်နဲ့ ပြည်သူတို့က ထောက်ပံ့တဲ့ […]

အားကျ ​လေးစား ဖွယ်​ ဆရာမကြီး

Wednesday, February 22nd, 2017

အားလုံးကိုဖတ်​​စေချင်​လို့ပါ အကြော်သည် ကျောင်းအုပ်ဆရာမကြီး ========================== ========================== အမရပူရမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရာလမ်းဘေးတစ်နေရာတွင် နာမည်ကြီးသည့် အကြော်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုအကြော်ဆိုင်လေးသည် နံနက်လင်းပြီဆိုသည်နှင့် အကြော်ဝယ်လာသူအပေါင်းဖြင့် အုံခဲကာစည်ကားနေလေ့ရှိသည်။ ဘုန်းကြီးဆွမ်းလောင်းရန်ဖြစ်စေ၊ နံနက်ခင်းအဆာပြေစားသုံးရန်ဖြစ်စေ လာဝယ်ကြသူများရှိသကဲ့သို့ အမရပူရမြို့လေးရှိ နံနက်ခင်းဖွင့် မုန့်တီ၊ ခေါက်ဆွဲသုပ်ဆိုင်လေးများကလည်း ထိုအကြော်ဆိုင်လေးမှတစ်ဆင့် ဖောက်သည်ယူကာ ပြန်လည်ရောင်းချကြသည်။ ထိုသို့ လက်လီလက်ကား ၀ယ်ယူသူများဖြင့် စည်ကားနေသည့် အကြော်ဆိုင်လေးကို ဆရာမအကြော်ဆိုင်ဟု လူသိများလေသည်။ ဆရာမအကြော်ဆိုင်ဟု လူသိများရခြင်းမှာ အကြောင်းရှိသည်။ အကြော်ကြော်ရောင်းနေသူ မျက်နှာပြုံးရွှင်ရွှင် အသားအရေ ခပ်ဝင်းဝင်းဖြင့် ရုပ်ရည်ရူပကာအဆင်းခံ့ညားလှသူ အသက် (၅၀)ခန့် အမျိုးသမီးကြီးမှာ အကြော်သည်အများစုလို အတန်းပညာ ကောင်းစွာမသင်ယူခဲ့ရသူ တစ်ယောက်မဟုတ်ပေ။ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒအထူးပြု ဖြင့် B.Sc ဘွဲ့ရခဲ့သူ တစ်ဦးဖြစ်သည်။ ထို့ထက်ပို၍ ပြည့်ပြည့်စုံစုံ ပြောရမည်ဆိုလျှင် […]

13th February

Monday, February 13th, 2017

ဖေ​ဖော်​ဝါရီ ၁၃ ဟာ ဗိုလ်​ချုပ်​​မွေး​နေ့ပါ

Cartoon of the day

Sunday, February 5th, 2017

ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ

Tuesday, January 31st, 2017

ပုခုံးချင်းယှဉ်ချင်ရင် သူ.လောက်တော့မြင့်ပါမှ (က) ဒေါ်ခင်ကြည်၏မှတ်ချက် ဗမာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ရိုးသားဖြူစင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အရည်အချင်းထက်မြက်ခြင်း၊ စိတ်နှလုံးပြည့်ဝခြင်း အစရှိတဲ့ဂုဏ်ဒြပ်အမြောက်အများရှိတဲ့ နိုင်ငံရေးသမားထဲမှာ ထိပ်ဆုံးကရပ်တည်နေသူကိုပြပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြရမှာဖြစ်ပါတယ်။ သူ.ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၂၀ ကျော်မှာ ကျောင်းသားခေါင်းဆောင်၊ အသက် ၃၀ ကျော်မှာအမျိုးသားခေါင်းဆောင်အဖြစ် ထိုးဖောက်တက်လှမ်းနိုင်တာနဲ.ပါတ်သက်လို. သူ.ပါရမီဖြည့်ဖက်လည်းဖြစ်၊ သူ.ရဲဘော်လည်းဖြစ်တဲ့ ဇနီးကောင်းဒေါ်ခင်ကြည်ပြောခဲ့တဲ့မှတ်ချက်တစ်ခုဟာ အင်မတန်မှတ်သားစရာကောင်းလှပါတယ်။ ဘာလဲဆိုရင် ဗိုလ်ချုပ်နားမှာဝန်းရံသူတွေဟာ အင်မတန်ထက်မြက်ပြီး ကိုယ်ကျိုးထက်နိုင်ငံအကျိုးကိုသာကြည့်ကြသူတွေ ဖြစ်တာကြောင့်ပါ တဲ့။ ဒါကြောင့်လည်း သခင်အောင်ဆန်းဟေ့၊ ဗိုလ်တေဇဟေ့ ဆိုပြီး သမိုင်းမှာထွန်းပြောင်ခဲ့တာပါ တဲ့။ Hard Truth လို.တောင်ပြောလို.ရမယ့် နောက်မှတ်ချက်တစ်ခုကတော့ ဗိုလ်ချုပ်ဟာစောစောသေသွားလို.သာ နာမည်မပျက်တာ ဆိုတဲ့စကားပါ။ အတူတူအဆင်းရဲခံခဲ့တဲ့ ကွန်မြူနစ်ပါတီကိုထုတ်ပယ်ပစ်တာနဲ. ဆိုရှယ်လစ်အုပ်စုရဲ. မူမမှန်တဲ့လုပ်ရပ်တွေအပေါ်အခြေခံပြီး ထွက်ပေါ်လာတဲ့စကားလုံးများ ဖြစ်ပုံရပါတယ်။ (ခ) မျိုးရိုးနဲ.အရှိန်အဝါ […]

The last monent of U Ko Ni, legal advisor to NLD

Monday, January 30th, 2017

photo credit to Mg Nyi Nyi We Salute you, Sir!

ကန်​၇ာ

Sunday, January 29th, 2017

“ကန်ရာ” Photo credit Than Htike အပြင်သွားမလို့ ရေမိုးချိုး အဝတ်အစားလဲပြီးကာမှ ဖေ့စ်ဘုတ်ပေါ်က ဦးကိုနီသတင်းလည်း ဖတ်လိုက်မိရော ငုတ်တုတ်မေ့ပြီး အစီအစဉ်တွေ အကုန်ဖျက်ပစ်လိုက်မိတယ်။ ဘာမှ ဆက်လုပ်လို့မရတော့ဘူး။ ယုတ်ကန်းလွန်းတဲ့သူတွေနဲ့ တမြေတည်း လူလာဖြစ်ရတာ စိတ်နာလို့မဆုံးဘူး။ နောင်ဖြစ်လေရာဘဝတိုင်းမှာ အဲ့လိုလူတွေနဲ့ တစ်စက္ကန့်မျှတောင် မဆုံလိုဘူး။ ရန်ညှိုးရန်စမရှိပဲ လူမမယ်ကလေးငယ်ကလေးကို ချီပိုးထားတဲ့ အဖိုးအိုတစ်ယောက်ကို နောက်ကျောကနေ နားထင်ကို သေနတ်နဲ့တေ့ပစ်ဖို့ဆိုတာ ပထမဦးဆုံးတစ်ကြိမ်ပါ ဆိုတဲ့သူတွေ လုပ်နိုင်မယ် မထင်ပါဘူး။ တကယ်လို့များ အဲသည်လို လက်ယဉ်နေတဲ့ ကြေးစားလူသတ်သမားတွေ လိုချင်ရင် ဘယ်မှာသွားငှားလို့ ရနိုင်မှာပါလိမ့်။ ကိုယ်တွေ့ဖူးသလောက် ပြောကြေး။ လောက်ကိုင်မှာဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်။ အဲသမှာ ပိုက်ဆံပေးရင် ဘော်ဒီဂတ်လည်း ငှားလို့ရတယ်။ လူသတ်သမားလည်း ငှားလို့ရတယ်။ အခု ဆင်ကောင်ကြီး မိနေပြီလေ။ […]

Breaking News: NLD’s Lawer U Ko Ni shot dead at Yangon International Airport

Sunday, January 29th, 2017

အထူး ၀မ်းနည်း ကြေကွဲခြင်း နေ့လယ် ၃း၁၅ နာရီ စင်္ကာပူလေကြောင်းလိုင်းနဲ့ (စင်္ကာပူ ထရန်စစ်) ရန်ကုန် ပြန်သွားတဲ့ … ဦးကိုနီ ရန်ကုန်လေဆိပ် တက်စီစတန်းမှာ ခုလေးတင် ခေါင်းကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရ …။ သူတို့ ယုတ်မာကြပြီ။ အားလုံး သတိရှိကြပါ။ စိုးထွန်း စကားချပ်။ ခုလေးတင် ဦးကိုနီ၊ ကိုမြအေးတို့နဲ့ လေယာဉ် တစ်စီးတည်း ကျတဲ့ သူငယ်ချင်း ဖုန်းလှမ်းဆက်ပြောတာ။ ဒီပုံက လေယာဉ်မထွက်ခင် ဦးကိုနီကို သူငယ်ချင်းက နှုတ်ဆက်ရင်း ရိုက်ထားတာပါ။ Credit to (ko) Soe Tun

Kyu Kyaw Stories from Mysnmar

Wednesday, January 25th, 2017

အစကတော့ ရပ်ကွက်ထဲကို အိမ်ငှားအဖြစ် ပြောင်းလာတယ်။ ကျောင်းစိမ်းဝတ်ကလေး ၂ ယောက်လောက်လည်းပါတယ်။ သူများအိမ်ဘေး အဖီလေးချပြီးနေ။ ဝိုင်းထဲ တဲထိုးနေ။ တစ်လ ၂ သောင်း။ လင်ရောမယားပါ ကြုံရာကျဘမ်းလုပ်။ အိမ်ကြက်မွေး။ ရောင်း။ ဒီလိုနဲ့ တစ်နှစ်ပြည့်။ ဒါပေမယ့် အလကားနေတာ မဟုတ်ဖူး။ စံမံကိန်းနဲ့။ အဲဒီတစ်နှစ်အတွင်း အပိုင်းထဲမှာရှိတဲ့ မြေကွက်အလွတ်တွေကို လိုက်ကြည့်ပြီးသား။ ဒီအကွက်က ပိုင်ရှင် ဘယ်သူ။ ဘယ်မှာနေ။ ဒီအကွက်က တစ်နှစ်အတွင်းပိုင်ရှင် လည်းမလာ။ ဘယ်သူမှ လာမကြည့်။ မှတ်ထားတယ်။ အရေးကြီး နံပါတ် တစ်။ ဒါက ယောက်ကျားဖြစ်သူ လုပ်နေတဲ့ Master Plan. သူ့မိန်းမက လည်း ခေသူမဟုတ်။ ရပ်ကွက်လူကြီး အိမ် အဝင်ထွက်လုပ်ပြီးနေပြီ။ ဝါဝင် ဝါထွက် နဲ့ […]

#SaveYBS

Monday, January 23rd, 2017

#ကယ်​ကြပါဗျို့?? #saveYBS😎 #လုပ်​​တောင်​မလုပ်​ရ​သေးဘူးပြုတ်​​တော့မယ်​😡😡😡 ကျွန်​​တော်​ YBS ၃၆ လိုင်းမှာ​မောင်း​နေပါတယ်​ ​ထောက်​ကြန့်​ ဆူး​လေ​ပြေးပါတယ်​ ကျွန်​​တော်​တို့ကို ကားအပ်​တုံးက​တော့ ၁ ခရီးသည်​နှင့်​ယာဉ်​အန္တရာယ်​ကင်းရှင်း​ရေး ၂ခရီးသည်​နှင့်​ယာဉ်​အန္တရာယ်​ကင်းရှင်း​ရေး ၃ခရီးသည်​နှင့်​ယာဉ်​အန္တရာယ်​ကင်းရှင်း​ရေးဆိုပြီး ကားအပ်​ပါတယ်​ ​ငွေ​ရေး​ကြေး​ရေးအ​ကြောင်းဆို လုံးဝမဟပါဘူး ဘယ်​​လောက်​ရရ မရရ ကျွန်​​တော်​တို့အလုပ်​ မဟုတ်​​ကြောင်း ခရီးသည်​​တွေ အဆင်​​ပြေ​အောင်​ အချိန်​ပြည့်​ ဆွဲ​ပေးရမှာ ဖြစ်​​ကြောင်းသာ မှာပြီး တစ်​ပတ်​ပြည့်​တဲ့အချိန်​မှာ ကျွန်​​တော်​တို့ YBS ကား​တွေက ဝင်​​ငွေနည်း​ကြောင်း ယခုအတိုင်းသာအပ်​ပါက ကားပြန်​သိမ်း၍ ​နောက်​ယာဉ်​​မောင်း ယာဉ်​​နောက်​လိုက်​တင်​၍ ​ပြေးဆွဲမှာဖြစ်​​ကြောင်း ​ပြောလာပါတယ်​ ပြဿနာက အဲမှာစပြီ အုပ်​ချုပ်​သူ​တွေက ယခုအစိုးရမှ လူများမပါ မထသ မှ လူ​ဟောင်းသက်​သက်​​တွေ စား​နေကြ​ကြောင်​ပါး​တွေ ပြီး​တော့ လိုင်း​ထဲမှာ အပြင်​ကား​တွေလည်း လက်​ခံထား​တော့ အရင်​အုံနာနဲ့ ယာဉ်​​မောင်းစပယ်​ယာ​တွေ ပါလာပြန်​​ရော […]

Myanmar Honda Fit Club contribution for changes!

Tuesday, January 17th, 2017

Myanmar Honda FiT Club(MHFC) အခမဲ့ယာဉ်လမ်းကြောင်းပြေးဆွဲပေးပါမည် ဇန်န၀ါရီ၁၇ရက် နံနက် ၇း၃၀-၉း၃၀ ထိ သခင်မြပန်းခြံ-ဗိုလ်တထောင်ဘုရား (ကမ်းနားလမ်းတစ်လျှောက်လွန်းပျံ) ခရီးစဉ်အတွက် အသင်းဝင်ယာဉ် ၁၀စီးနှင့်အထက် (အခမဲ့) ပါဝင်ပြေးဆွဲပေးမည်ဖြစ်ပြီး လိုအပ်ချက်ပေါ်မူတည်ပြီး ညနေရုံးဆင်းချိန်နှင့် နောက်နေ့များမှာလည်း ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။ အခြားလမ်းကြောင်းများကိုလည်း MHFC အသင်းဝင်ကားစီးရေ ၃၀၀ ကျော်အနက်မှ အားလပ်သည့်အချိန်များတွင် မိမိတို့နေထိုင်ရာမြို့နယ်အလိုက် ၎င်းတို့၏ယာဉ်များဖြင့် အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့အစီအစဉ်မှာ မည်သူမဆိုပါဝင်နိုင်ပါတယ် ပါဝင်ချင်သော ယာဉ်များ မနက်ဖြန်(17ရက်နေ့) မနက် ၇း၀၀ နာရီတိတိ သခင်မြပန်းခြံဘေးက သခင်မြပန်းခြံလမ်း (စာရင်းစစ်ချုပ်ရုံးရှေ့)ကို အရောက်လာခဲ့ကြပါ ပို့ဆောင်ရေးကဏ္ဍ၏ စနစ်သစ်ပြောင်းလဲမှုတွင် ပါဝင်ကူညီကြသည့် အသင်းဝင်များကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုပါသည်။ #Admin_Team

Announcemet from YBS Offical!

Tuesday, January 17th, 2017

Shocking SkyNet!

Monday, January 16th, 2017

Screen captureဖတ်ကြည့်လိုက်ကြပါအုံး။ ကိုယ်တော့ စကိုင်းနက်ဖြုတ်ထားလို့ ဒီ အင်တာဗျူး မကြည့်လိုက်ရဘူး။ ဒီအတိုင်းတကယ်ဖြေချသွားတယ်ဆိုရင်တော့ အမေးဇင်း😲😲😲😲😲😲😲😲 Credit to Htoon Htoon Lwin

New Buses at Yangon

Sunday, January 15th, 2017

ဇန်န၀ါရီ ၁၆ ရက် ရန်ကုန်မှာ စတင်ပြောင်းလဲပြေးဆွဲမယ့် #YBS ဘတ်စ်ကားများ။ သတင်းဓာတ်ပုံ – အိမမမွန်

Who’s next!!

Friday, January 13th, 2017

MaHtaTha has fallen!! Credit to Zaw Zaw Maung

Photo of the day

Thursday, January 5th, 2017

မိန်းမဖြစ်သူ ထုပ်စည်းထိုးနေတာကို စိတ်အေးလက်အေး ထိုင်စောင့်နေတဲ့ ဦးကိုကိုကြီး (၈၈) ↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔ မနေ့က လွတ်လပ်ရေးနေ့မှာ တကသ ကျောင်းသား ညီငယ် ညီမငယ်တွေနဲ့ ၈၈ ငြိမ်း/ပွင့်က လူကြီးတွေ ပြည်သူ့ရင်ပြင်မှာ လုပ်တဲ့ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲမှာ မိန်းမဖြစ်သူ ထုပ်စည်းတိုး ကစားနေတာကို တာဝန်ကျေစွာ ထိုင်စောင့်နေသူ ကျွန်တော်တို့ အကိုကြီး ဦးကိုကိုကြီး (၈၈) Photo- မောက်ခမ်းဝါ Credit – Ko Kyaw Swar Myint

Photo of the day

Thursday, January 5th, 2017

လှည်းယဉ်ဖြင့် ဘွဲ့တက်ရောက်ယူခွင့် ကြိုတင်ခွင့်တောင်းခဲ့ ——————————- မုံရွာတက္ကသိုလ်၁၇ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကိုလှည်းယဉ်ဖြင့်တက်ရောက်ယူခွင့်ပြုရန် ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့သည်ဟု မုံရွာတက္ကသိုလ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုက္ခဗေဒဘာသာရပ်ဖြင့်ဘွဲ့ရခဲ့သည့်ကျောင်းသူတစ်ဦးမှခွင့် တောင်းခဲ့ခြင်းဖြစ်ပြီး မုံရွာတက္ကသိုလ်မှလည်းခွင့်ပြုခဲ့သည် ယနေ့ဇန်နဝါရီ၅ရက်နေ့တွင်ကျင်းပခဲ့သည့် အစမ်းလေ့ကျင့် မှုတွင်လည်းယင်းကျောင်းသူမှလှည်းယဉ်ဖြင့်တက် ရောက်ခဲ့သည်။ ယခုကဲ့သို့လှည်းယဉ်ဖြင့်ဘွဲ့ယူမှုမှာမုံရွာတက္ကသိုလ်သမိုင်းတစ်လျှောက်တွင်လည်းပထမဆုံးဖြစ်ခဲ့သည်။ Photo Htet Ko Ko Aung Credit to Monywa Gazette

RIP famous Writer (Daw) Kyi Aye

Thursday, December 29th, 2016

နိုင်ငံကျော် စာရေးဆရာမကြီး ကြည်အေး(အသက် ၈၇နှစ်)ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၆နာရီ ၄၉မိနစ်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကွယ်လွန်သွားကြောင်း သိရပါတယ်။ Credit to ဧရာဝတီ

သတိရခြင်း (၃၀)

Wednesday, December 28th, 2016

သတိရခြင်း(၃၀) ************** လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ပြန်သတိရတဲ့အခါ (၁၇) ~~~ ဘယ်တော့မှ ပြန်မတွေးချင်တဲ့ နေ့ရက်ထဲမှာ ဆယ်တန်းတုန်းက အဖြစ်ပျက်တွေပါတယ်။ အားကုန်အားစိုက် ကြိုးစားပေမယ့် လိုက်မမီနိုင်တဲ့ ရန်ကုန်ရဲ့ သင်ကြားနည်းစနစ်မှာ ကိုယ်ဟာ လုံးပါး ပါးခဲ့တယ်။ နှစ်လယ်မှ စတက်ရတဲ့ ၀ိုင်းတွေမှာလည်း ကိုယ်ဟာ စာမလိုက်နိုင်ခဲ့ဘူး။ နယ်ကို လွမ်းတဲ့စိတ်၊ စာမလိုက်နိုင်တဲ့စိတ်နဲ့ ကိုယ်ဟာ စာအုပ်တွေကြားမှာ သွေးပျက်ခဲ့ရတယ်။ ကယ်သူမဲ့နဲ့ တစ်ယောက်တည်း ကိုယ့်ကိုယ်ကို စီမံရတဲ့အခါ ကလေးငယ်အတွေးမို့ အမှားတွေ များခဲ့တယ်။ ဆယ်တန်းရောက်နေတဲ့ ကလေးတွေကို သေချာထိန်းကျောင်းပေးနေတာ တွေ့တိုင်း မတွေးချင်တဲ့ နေ့ရက်တွေကို ပြန်သတိရမိတယ်။ ၀န်ထမ်းဖြစ်တဲ့ ဖေဖေနဲ့မေမေက နယ်မှာပဲ နေရတဲ့အခါ ကိုယ့်မှာ အရေးကြီးမှ မီးပျက်ရသလို အလင်းနဲ့ အနွေးဓါတ်လိုကာမှ ဟိုဘက်ကမ်းကို […]

Lip color injection!

Tuesday, December 27th, 2016

နှုတ်ခမ်းကာလာဆေးသွင်းပြီး လှချင်တိုင်းလှနေတဲ့ ကာစတန်မာမောင်လေး နဲ့ မလှမပဖြစ်နေတဲ့ သိမ့် အမှတ်တရ Credit to မသိမ့်​သိမ့်​သူ

Yangon PM vs Eleven Media Group

Tuesday, December 27th, 2016

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အား Eleven Media Group ၏ CEO နှင့်Eleven Media Group မှ တောင်းပန် Credit to ယနေ့ထုတ် Daily Eleven သတင်းစာ

Minister Phoyo Min Thein participsted in cycling

Monday, December 26th, 2016

ဒီဇင်ဘာ၂၅ရက်  နံနက် ၆နာရီ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် Star City အိမ်ရာတွင် ကျင်းပသည့် ရန်ကုန်မြို့ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ အခမ်းအနားသို့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်၍ စက်ဘီးစီးနင်းပါဝင်ဆင်နွဲခဲ့သည်။

Please save underwater enviroment of Myanmar!!

Wednesday, December 21st, 2016

ကျွန်တော်ဟာ ၂၀၁၃ ကစပြီး ရေအောက်ဓာတ်ပုံပညာ ကို တစ်စိုက်မတ်မတ် ကြိုးစားခဲ့တဲ့ သူတစ်ယောက်ပါ… တစ်ချို့တွေက Dive လုပ်ရင်း ဓာတ်ပုံရိုက်ပါတယ်… ကျွန်တော်က ဓာတ်ပုံရိုက်ဖို့ Dive လုပ်ပါတယ်… အနှစ်သာရရော အဓိပ္ပါယ်အရရော အများကြီးကွဲပြားခြားနားပါတယ်… ဒီနှစ်လည်း ထုံးစံအတိုင်း ရေအောက်ဓာတ်ပုံတွေရိုက်ဖို့ ကျွန်တော် ရောက်ရှိနေခဲ့ပါပြီ… ရေထဲကို စဆင်းဆင်းခြင်း ပထမဆုံး သတိထားမိတာကတော့… မြန်မာ့ရေအောက်အလှဟာ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာနေပြီဆိုတာပဲ ဖြစ်ပါတယ်… ဒီနေ့မနက် ရေထဲစဆင်းဆင်းခြင်း မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ကျွန်တော့ရင်ကို စို့စေခဲ့ပါတယ်… အခုမြင်နေရတဲ့ပုံတွေကတော့ ကျွန်တော်တို့ မြန်မာ့ ပင်လယ်ကြမ်းပြင်က ကျိုးပဲ့နေတဲ့ ကျောက်ခက်တွေပဲ ဖြစ်ပါတယ်… မြင်မကောင်းလောက်ကအောင် တပုံတပင်ပါပဲ… ကျောက်ခက်တွေပျက်စီးခြင်းဟာ ရေနေသတ္တဝါတွေရဲ့ Eco System ကို ပြင်းစွာ အကျိုးသက်ရောက်စေပါတယ်… ဒီလိုကျောက်ခက်တွေပျက်စီးရခြင်းရဲ့ […]

Respectful Teacher from War Zone

Sunday, December 11th, 2016

“လေးစားပါတယ် ဆရာမဒေါ်မြရူပါငယ်” . တိုက်ပွဲတွေ ဖြစ်နေတဲ့ကြား လွတ်ရာကို တစ်ယောက်တည်း ပြေးပုန်းနေပါလား ဆရာမရယ်… ဘာဖြစ်လို့ အပြင်ထွက်လာရတာလဲရှင် ဆရာမတို့ပြောတော့ “တပည့်မရှားပါဘူး”ဆို ဘာမှ သွေးမတော်တဲ့ တပည့် တစ်ယောက်ကို လက်နက်တွေကြား ပြေးကယ်တော့ အခု ဆရာမ လက်နက်ကြီး ထိမိပြီ မလား… တပည့်တစ်ယောက်ရဲ့ အသက်က ဆရာမရဲ့အသက်ထက် ပိုအရေးကြီးလို့လားရှင် ရတဲ့လစာက ဆရာမတစ်ခါ ဖျားစားတောင်မရ နေဆင်းရဲ စားဆင်းရဲ အိမ်နဲ့ဝေး ချစ်သူနဲ့ဝေး ဗုံးကျည်တွေကြားမှာ ကလေးတွေကို စာသင်ပေးရတာ ဆရာမမို့အလုပ်ကို စိတ်မကုန်တဲ့အပြင် တပည့်တွေအတွက် အသက်ပေးရဲတဲ့ ဆရာမဒေါ်မြရူပါငယ်ရယ် လေးစားပြီးရင်း လေးစားပါတယ်ရှင်… copy from Aung Soe photo from- Nay Nay Haha

STOP sexual Violence in Burma!

Monday, November 28th, 2016

သက်ငယ် မဒိန်းမူတွေရပ် ❌🚫 “လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ်ချမှတ်ပေး´´ ပွဲအစီအစဉ်ဖြစ်မြောက်ရေး ကျေးဇူးတင်လွှာ…. ယခုပွဲလေး အောင်မြင်စွာဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ မေတ္တာဖြင့် ကူညီပေးခဲ့ကြသော…. – ပွဲခင်းနေရာအား အခမဲ့ကူညီပေးသော ကန်တော်ကြီးပန်းခြံမှ တာဝန်ရှိသူများ၊ – ပွဲတွင်ဟောပြာမျှဝေပေးပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ ရှေ့နေ ဦးရောဘတ်စန်းအောင်၊ ရှေ့နေဒေါ်လှလှရီ (Legal Clinic Myanmar ) ၊ လိင်အကြမ်းဖက်မှုအား ဆန့်ကျင်ရှုံ့ချကန့်ကွက် စကားများ ပြောကြားပေးပါသော အနုပညာရှင် ဆန်းထွဋ်၊ ထားထက်ထက်၊ စမိုင်းလ်၊ နိုင်းနိုင်း၊ Cobra နှင့် ကိုယ်တွေ့ခံစားချက်အား မျှဝေပေးပါသော မနန်းညီ – ပွဲသို့ လာရောက်ဖျော်ဖြေပေးပါသော Future Music Child Band (ဒဂုံဆိပ်ကမ်း) – စတိတ်စင် အပြင်အဆင်နှင့် ပွဲခင်းတွင်း […]

Amay Suu needs to review this matter

Saturday, November 19th, 2016

”ဒီမိုက​ရေစီ​ခေတ်​ကာလမှာ ဖြစ်​သင့်​ဖြစ်​ထိုက်​တဲ့ ဆုံးဖြတ်​ချက်​ မဟုတ်​ဖူး” ​- ဒေါက်​တာထွန်းဝင်း သတင်း – ဥာဏ်လှိုင်သင်း သမ္မတအမိန့်နဲ့ တာဝန်က ရပ်​စဲခြင်းခံခဲ့ရတဲ့ စိုက်​ပျိုး​ရေး​၊ေ မွးမြူ​ရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီးဌာန ဒုတိယဝန်​ကြီး​ ဒေါက်​တာထွန်းဝင်းက သူဟာ ပြင်းထန်​တဲ့ အပြစ်​​ပေးမှုကို ကြုံ​တွေ့ခဲ့ရတယ်​လို့ ​ပြောပါတယ်​။ သမ္မတရုံးက ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စာထဲမှာ သူ့ကို တာဝန်မှ ရပ်စဲလိုက်တယ်လို့သာ ဖော်ပြထားပြီး အကြောင်းရင်းကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပါဘူး။ ”ဒါကို​ဖြေရှင်းဖို့ အစိုးရမှာတာဝန်​ရှိတယ်​”လို့ ​နေပြည်​​တော်​မှာရှိတဲ့ ဒုဝန်​ကြီး​နေအိမ်​မှာ ဒေါက်တာထွန်းဝင်းက ယနေ့နံနက်​ပိုင်းမှာ ပြောကြားလိုက်​တာဖြစ်ပါတယ်။ လွန်​ခဲ့တဲ့သုံးလ​လောက်​က အစည်းအ​ဝေးတစ်​ခုမှာ ပြည်ထောင်စုဝန်​ကြီး​ဒေါက်​တာ ​အောင်​သူနဲ့ လုပ်​ငန်းပိုင်းဆိုင်​ရာ အငြင်း​ပွားမှုက​နေ  ဒီအ​ခြေအ​နေအထိ​ ရောက်​လာတာဖြစ်တယ်လို့ သူယုံကြည်​​ကြောင်းလည်း သူက​ပြောပါတယ်​။ […]

Myanmar Nationa Library

Saturday, November 19th, 2016

နိုင်ငံဂုဏ်ဆောင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား ပြည်သူများ သက်သာလွယ်ကူစွာ သွားလာနိုင်သည့် ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်နိုင်ရေးလုပ်ငန်း အရှိန်အဟုန်မပျက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ****************************************** အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား နိုင်ငံဂုဏ်ဆောင်၊ နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်အဖြစ် ရန်ကုန်မြို့လယ်တွင်ရှိသော အများပြည်သူ သွားလာမှု ပိုမိုအဆင်ပြေပြီး ဝန်ဆောင်မှုပိုမိုပေးနိုင်သည့် အမှတ် (၆၀၈) ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ် နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အဆောက်အဦး လွှဲပြောင်းလက်ခံနိုင်ရေး ဆောင်ရွက်ခြင်း၊ အဆောက်အဦးကြံ့ခိုင်မှုစစ်ဆေး၍ မူလလက်ရာမပျက် ပြုပြင်ခြင်း၊ Layout Plan ရေးဆွဲ၍ ခင်းကျင်းနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း၊ စာကြည့်တိုက်ပြောင်းရွှေ့ခြင်းနှင့် စတင်ဖွင့်လှစ်ခြင်း များကို လုပ်ငန်းစီမံချက်ရေးဆွဲ၍ အဆင့်လိုက် ဆောင်ရွက်လျက်ရှိပါသည်။ အဆောက်အဦးလွှဲပြောင်း၊ လက်ခံခြင်းအတွက် ၂၀၁၆ခုနှစ်၊ အောက်တိုဘာ၃၁ ရက်နေ့ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သာသနာရေးနှင့် […]

First high official has been kicked out from NLD Gov.

Saturday, November 19th, 2016

Response from Dr. Tun win

Please protect Irrawaddy & Irrawaddy dolphin!

Friday, November 18th, 2016

သားကြီးမရေ အမျှအမျှ ကျွန်တော်များစွာစိတ်မကောင်းဖြစ်မိပါတယ် ၅/၁၁/၂၀၁၆ နေ့  ဧရာဝတီလင်းပိုင် လေ့လာရေးသွားစဉ်  လင်းပိုင် ဆရာကြီး ဦးမောင်လေးနဲ့အတူ  အင်ဒေါင်းရွာ အနီးမြစ်ပြင်ထဲ လှေငယ်တစီးနဲ့ သွားခဲ့ပါတယ် သူတို့  လေးကောင်အုပ်စု ရှိနေပြီး ကျွန်တော်တို့ ကိုကူနေပါတယ် ခဏအကြာ အထက်ဖက် ၇ကောင်အုပ်စုနဲ့ ပေါင်းမိသွားပြီး အုပ်စုဖြစ်ခဲ့ပါတယ် ခဏအကြာ ပေ၇၀၀ မျောပိုက် အထက်ကဆင်းလာလို့ ပြန်ပြေးကြတာမြင်ခဲ့ပါတယ် အခုတော့ မီးဖွာခါနီး လျှပ်စစ်လျှော့ ဒဏ်ရာ နဲ့ သူသေဆုံးခဲ့ပါပြီ သူ့အကြောင်း ရေးဘို့  ကျွန်တော့် ပြင်နေရင်းမရေးဖြစ်ခဲ့ပါ.. သာကြီးမ ဟာ အသက်အားဖြင့် ရာကျော်နေပါပြီ သိတ်စိတ်ထိခိုက်ရပါတယ် သူ့ကို အနီးကပ် မြင်ဘူးမိတော့ ပိုစိတ်မကောင်းဖြစ်မိတယ် အစိုးရ တာဝန်ရှိသူတွေ  ဒီအတိုင်းကြည့်နေကြမှာလား ကိုယ်ဝန်ဆောင် […]

Interviewed with Teacher Daw Myint Myint Zaw

Tuesday, November 15th, 2016

Credit to Yoe Pyaypyit Aung

Proud of Ma Hana aka Cho Zin Myint

Friday, November 11th, 2016

မချိုဇင်မြင့်အတွက် ဂုဏ်ယူပါတယ်…. Falling Walls Lab 2016 Myanmar ရဲ့ First Winner ဖြစ်သူ မချိုဇင်မြင့်ဟာ ကျွန်တော်တို့ FNF – Myanmar ရဲ့ ရုံးအကြီးအကဲ Ms. Katharina Weber Lortsch နဲ့အတူ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို သွားရောက်ခဲ့ပြီး Falling Walls Global Lab Finale ကို တက်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုလိုမျိုး ဆန်သစ် သစ်လွင်တဲ့ အတွေးအခေါ်တွေကို ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသားအနေနဲ့ ချပြနိုင်ခဲ့တဲ့ မချိုဇင်မြင့်အတွက် ဂုဏ်ယူပါတယ်။ ဒီပြိုင်ပွဲကြီးကို ကမ္ဘာ့နိုင်ငံ အရပ်ရပ်က လူအယောက် ၁၀၀ တက်ရောက်ခဲ့ပါတယ်။ Global Lab Finale ရဲ့ ပထမဆုကိုတော့ ဗီယက်နမ်နိုင်ငံသူ […]

Two life lost in horrific car Accident @ Yangon

Tuesday, November 8th, 2016

(၂၀၁၆)ခုနှစ်၊ နိုဝင်ဘာ (၆)ရက်၊ တနင်္ဂနွေနေ့ ညနေ (၄)နာရီလောက်က ရန်ကုန်တက္ကသိုလ် ဝင်ပေါက်ရှေ့က တက္ကသိုလ်ရိပ်သာ လမ်းပေါ်မှာ တော်တော်ဆိုးရွားတဲ့ ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ကားတစ်စီးက ပလက်ဖောင်းပေါ်ထိတက်ပြီး လမ်းသွားလမ်းလာတွေနဲ့ ဈေးသည်တစ်ယောက်ကို တိုက်ခဲ့တာပါ။ (၅)ယောက် ထိခိုက်မိခဲ့ရာမှာ အခု နိုဝင်ဘာ (၈)ရက် မနက်ထိ (၂)ယောက်ကတော့ ဆုံးသွားခဲ့ပါပြီ။ ထိခိုက်မိတဲ့ထဲမှာ ကျွန်တော့်သူငယ်ချင်း စုံတွဲ ပါခဲ့ပြီး အမျိုးသမီးဖြစ်တဲ့ မချိုချိုမြင့်ကတော့ ဦးနှောက်ထဲ သွေးရောက်ရာကနေ ဒီမနက်မှာပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဒီယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကိုယ်ကျ ဘာမှဝင်ပြောဖို့ စိတ်ကူးမရှိခဲ့ပေမယ့် ယာဉ်မောင်းသူဘက်က လော်ဘီတွေရဲ့ သည်းခံချင်စရာ မရှိလောက်အောင် ဖာထေးကာကွယ်မှုတွေအပြင် ထိခိုက်မိသူတွေကိုတောင် အပြစ်ဖို့ချင်တဲ့ Victim Blaming ဆန်ဆန် အရေးအသားတွေကြောင့် ဒီPostကို ကျွန်တော် […]

Ripped off University from Taiwan!

Thursday, November 3rd, 2016

မယုံကြပါနဲ. ထိုင်ဝမ် တက္ကသိုလ် မှာ တနေ့ ၄ နာရီ စာသင်ပေးပြီး ၄ နာရီ အလုပ်လုပ်ပေး ရင်ဘွဲ.ပါရပြီး ဝင်ငွေလဲရတယ် လို.ညာပြီး ခေါ်လာတယ် ။ အခု တနေ့ ၈ နာရီ လုပ် ပေးရပြီး ပိတ်ရက် စနေနေ့ ပါ ၈ နာရီ ထပ်လုပ်ရပြီး အချိန်ပို လုပ်အားခ( ၂ ဆ ) မပေးပါ၊။ တရုတ် ဘာသာ ဂျပန်ဘာသာ အင်္ဂလိပ်ဘာသာ ၃ မျိုး သာ သင်ပေးတယ်။ အလုပ်သမား ရှားပါး လို့ တဖက်က မက်လုံး ပေး ပြီး ညာခိုင်းစား နေတာ လခ ကို ကျောင်းသားလက်မအပ်ပါ။ စာချုပ်အတိုင်း […]

Best Teachers of the Year

Sunday, October 30th, 2016

ကချင်ပြည်နယ် တိုက်ပွဲတစ်ခုတွင် ကျောင်းသားများအား ကယ်ပြီး KIA ရဲ့ လက်နက်ကြီးမှန်ခဲ့သော ဆရာမနှင့် အသံသာသာဖြင့် ကဗျာရွတ်ဆို သင်ကြားသော ဆရာမတို့ ကမ္ဘာ့ဆရာများနေ့တွင် ဆုရ မုံရွာ၊ အောက်တိုဘာ ၂၂။ ဟိန်လင်းသန့်    ကချင်ပြည်နယ် တိုက်ပွဲတစ်ခုတွင် ကျောင်းသားများအား ကယ်ပြီး KIA ရဲ့ လက်နက် ကြီးထိမှန်ခဲ့သော ဆရာမ ဒေါ်မြရူပါငယ်နှင့် အသံသာသာဖြင့် ကဗျာရွတ်ဆို သင်ကြားပေးပြီး ဖေ့ဘုတ်ပေါ်တွင် လူကြိုက်များခဲ့သော ဆရာမ ဒေါ်မြင့်မြင့်ဇော်တို့အား ဆရာများနေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊မများအဖွဲ့ချုပ်မှ ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ ၄င်းပွဲကို မုံရွာမြို့တွင်  အောက်တိုဘာ ၂၂ရက်နံနက်ပိုင်းက မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းပွဲတွင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်ကလည်း  ဆရာနှင့် ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ “ဆရာမဒေါ်မြင့်မြင့်ဇော်ကို […]

Please stop using chemical to catch fish/cricket!

Saturday, October 29th, 2016

“ပုရစ် ရောင်းတယ်….. ပုရစ်´´ လို့ သံရှည်ဆွဲအော်လိုက်တဲ့ အသံစူးစူးလေးတစ်ခု ကွန်ပျူတာ စာစီစာရိုက်လုပ်နေတဲ့ ကျွန်တော့် ဆိုင်ခန်းထဲကို တိုးဝင်လာပါတယ်။ မနက် (၈) နာရီကျော် ရင်ပဲ ၀ယ်သူရော ၊ရောင်းသူပါ မကျန်တဲ့ ဈေးသေးသေးလေး သာရှိတဲ့ ရွာလေးမှာ နောက်ကျပီးမှ ရလာတဲ့ သား၊ငါး၊အသီးအရွက် တွေကို ခုလိုပဲ ရွာထဲ အော်ရောင်းကြတာ ဓလေ့တစ်ခုလိုဖြစ်နေတာပါ။ … ပုရစ် တစ်ရာ ဘယ်ဈေးလဲ…..လို့ ..မေးသံရဲ့   အဆုံးမှာ …တစ်ရာကို လေးထောင်..ဆိုတဲ့ ဖြေသံလေးကိုထပ်ကြားရပါတယ်။ လေးထောင်ဈေးနဲ့တော့ မစားသေးဘူး….သုံးထောင်ဈေးနဲ့ ရမှ စားမယ်..တဲ့ မေးသူ က ဈေးဆစ်သလိုလို…တကိုယ်တည်းငြီးတွားသလိုလို.. ပြောသံ ကိုဆက်တိုက်ကြားရတယ်။ ကျန်ဒေသတွေမှာ ပုရစ်တစ်ရာကို တစ်သောင်းသုံးထောင်၊ တစ်သောင်းခွဲလောက်ဈေးရှိနေတာကို သိနေတဲ့ ကိုယ့်အဖို့ ပုရစ်တစ်ရာကို လေးထောင်ဆို […]

Friday, October 21st, 2016

သို့ ချစ်ခင်လေးစားရတဲ့ သမ္မတကြီး. . .ခင်ဗျာ ဖော်ပြပါပုံလေးကိုကြည့်ပေးပါ. . ဒီပုံလေးထဲကလူတွေအားလုံးဟာစက်လှေစီးဖို့အတွက် . . စက်လှေကမ်းကပ်ပေးဖို့တောင်းပန်နေတဲ့ပုံဖြစ်ပါတယ်. .သူတို့ကမ်းကပ်ပေးဖို့တောင်းဆိုနေတဲ့စက်လှေထဲမှာကျွန်တော်လိုက်ပါလာပါတယ်. . လွန်ခဲ့တဲ့   နှစ် နှစ်ကအဖြစ်အပျက်လေးပါ. … ဒီစက်လှေဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲ့အစွန်အဖျားရွာလေးများနဲ့ကျောက်တော်မြို့ကိုပြေးဆွဲ နေတဲ့စက်လှေဖြစ်ပါတယ် ထိုအစွန်အဖျားရွာလေးများအတွက် တစ်စီးထဲသောအားထားရာစက်လှေဖြစ်ပါတယ် . (ကုန်းလမ်းခရီးမကောင်းပါ. .  မိုးတွင်းတွင်ဆိုင်ကယ်ပင်မောင်းလို့မရပါ ) ထိုနေ့က ကျွန်တော်အပါအဝင်စက်လှေထဲမှာခရီးသည် တစ်ရာကျော်ပါပါတယ် စက်လှေက ခရီးသည် ရှစ်ဆယ်သာတင်နိုင်ပါတယ်. .မြစ်ကြောင်းတစ်လျှောက်စက်လှေသံကြားတာနဲ့ ရွာတိုင်းလိုလိုကလှေဆိပ်ကနေထွက်လို့ပုံထဲကအမူအရာအတိုင်းပြုလုပ်ပြီးစက်လှေကမ်းကပ်ပေးဖို့တားကြတာဖြစ်ပါတယ်. .  သူတို့လက်နှစ်ဖက်ကိုကြက်ခြေခတ်မြှောက်ထားတဲ့အမူအရာကိုထိုအချိန်ကကျွန်တော်နားမလည်ခဲ့ပါ. . ဒါပေမဲ့ဒီအမူရာရဲ့အဓိပ္ပာယ်ကိုနားလည်လိုက်တဲ့အချိန်မှာများစွာတုံလှုပ်ခြောက်ခြားဝမ်းနည်းရပါတယ်. . ဒီအမူအရာရဲ့အဓိပ္ပာယ်ကတော့. . . .“စက်လှေပြည့်နေပြီဆိုတာကိုသိတယ် စက်လှေမနိုင်ဝန်ထမ်းထားရတာကိုလဲသိတယ်. . .အသက်အန္တရာယ်ရှိတယ်ဆိုတာသိတယ်. . ဒါပေမဲ့. . ဒီစက်လှေနဲ့မှမလိုက်ရင်မဖြစ်လို့ပါ ကမ်းကပ်ပေးပါ မည့်သည့်ကုန်ပစ္စည်းမှမတင်ပါ မပါပါ […]

Article about recent Incident of boat capsized

Thursday, October 20th, 2016

ဟုမ္မလင်းမြို့မှ မုံရွာသို့ ကားလမ်းကလည်း မကောင်း။မိုးတွင်းဆို တမိုးတွင်းလုံး ကားလမ်းက လုံးဝကိုသုံးလို့မရ။မသိတဲ့သူတွေက နင်တို့မြို့ရထားလမ်းရှိလား ကားနဲ့လာလို့ရလားမေးရင် ဖြေရတာရှက်စရာ ဘာနဲ့မှလာလို့မရ။ လေကြောင်းနဲ့ရေကြောင်းနှစ်ခုသာဆက်သွယ်ရေး ရှိတဲ့ ငါတို့ဟုမ္မလင်းမြို့။ ဟုမ္မလင်းမြို့က ဝန်ထမ်းထိပ်ပိုင်းအရာရှိများ မြို့မိမြို့ဖများ ငွေကြေးတတ်နိုင်သုအများစုက လေကြောင်းနဲ့ပဲသွားလာကြ။ အောက်ခြေဝန်ထမ်းများ အခြေခံလူတန်းစားများကတော့ ချင်းတွင်းမြစ်ရေကြောင်းလမ်းသာ တခုတည်းသောမှီခိုအားထားရာ။ အမြန်ယာဉ်ခရီးယာဉ်စီးခရီးမျက်နှာမွဲများမို့ ဖြစ်ချင်သလိုဖြစ်နေတာ စစ်အစိုးရလက်ထက်အတည်းက အခုချိန်ထိ။ ချင်းတွင်းမြစ်ကြောင်းထဲမှာလည်း အစိးုရသင်္ဘောအကြီးတွေက ရေကြောင်းပါးလာကတည်းက မပြေးဆွဲတော့။ စီးစရာဆိုလို့ မူးလို့ရှုစရာ အမြန်ယာာဉ်ခေါ်ခေါ် ရှပ်ပြေး စက်လှေခေါ်ခေါ် တစ်မျိုးတည်းသာရှိတော့တယ်။အမြန်ယာဉ် Upper room ဆိုလည်းနာမည်ပဲသာရှိတာအထဲမှာကငပိသိပ်ငချဉ်သိပ် ခြေထောက်ဆန့်လို့မလွယ် ဝင်မလွယ် ထွက်မလွယ် ဖြစ်ပြီတဲ့ဆို သေယုံသာ။ ရိုးရိုးတန်းဆို ဟမလကနေ မုံရွာအထိ ၂၄ နာရီကြာအောင် အိပ်ငုတ်တုတ် စားငုတ်တုတ် ခြေထောက်သွေးကျအောင် စီးပေတော့။ လူကျပ်တဲ့အချိန်ဆို […]

Lists of Teachers who are still missing from Myanmar Express boat capsized accident

Monday, October 17th, 2016

ချင်းတွင်းမြစ်တွင်းအမြန်ရေယာဉ် တိမ်းမှောက်နစ်မြှုပ်မှုတွင် ပျောက်ဆုံးနေဆဲဖြစ်သည့် ဆရာဆရာမစာရင်းပါ။ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ပါစေ။ (1)ဆရာသီဟအောင် (2)ဆရာလွင်မင်းမောင် (3)ဆရာမမေရီမြင့် (4)ဆရာမအင်ကြင်းခိုင် (5)ဆရာမလှိုင်ဝေဝေမွန် (6)ဆရာမဇင်မာနူ (7)ဆရာမဒေါ်ညို (8)ဆရာမဇင်မာအောင် (9)ဆရာမမြတ်သူဇာဝင့် (10)ဆရာမဒေါသန်းသန်းအေး (11)ဆရာမယဉ်မွန်အောင် (12)ဆရာမသက်ဝေဖြိုး (13)ဆရာမဟေမာထွန်း (14)ဆရာမသူဇာဝင်း (15)ဆရာမမေသီအောင် (16)ဆရာမသဉ္ဇာထွန်း (17)ဆရာမရွှေဇင်မြင့် (18)ဆရာမခင်နန္ဒာဆွေ (19)ဆရာမနီလာဆွေ (20)ဆရာမဒေါ်ပြုံးပြုံးရီ (21)ဆရာမညိမ်းညိမ်းဦး (22)ဆရာမနှင်းနှင်းအေး(ဝါ)နီနီအေး (23)ဆရာမထက်ထက်လင်း (24)ဆရာမဒေါ်မြင့်မြင့်လွင် (25)ဆရာမခိုင်ချိုချိုမော် (26)ဆရာမစုစုလှိုင် (27)ဆရာမဇာနီဝင်း (28)ဆရာမလှလှအေး(ဝါ)အေးအေးထွေး (29)ဆရာမမေသူမြင့် (30)ဆရာမဝင်းဝင်းမော် (31)ဦးစိုးသစ်လွင် (32)ဆရာမ အေးအေးသွယ် Hopefully we can rescue them alive. Credit to Myanmar Teachers’ Federation

what a story from Maung Taw about corruption!

Sunday, October 16th, 2016

တာဝန်ရှိသူတွေ စစ်ဆေးပေးပါ … ကျွန်တော် လ၂၂၃၈၉၆ ဒုရဲအုပ်အောင်ဆန်းထူးသည် ၉.၁၀.၁၆ နံနက် ၃နာရီ ၅၀မိနစ်ခန့်တွင် မောင်းတောခရိုင် ငါးခူရနယ်မြေတွင်ဖြစ်ပွားသော ကုလားများ၏ဝင်ရောက်အကြမ်းဖက်မူတွင် ရှေ့တန်းစစ်ကြောင်းရုံးဦးစီး ဒုရဲအုပ်အောင်ဆန်းထူးနှင့် တကကခင်မောင်အေးတို့မှ ကုလားများအားအသေခံပြီး ဗဟိုကင်းအား တစ်ညလုံးကာကွယ်ခုခံခဲ့၍ ကုလားများပြန်လည်ဆုပ်ခွာသွားပြီးကုလား ၇ယောက် အသေရခဲ့ပါသည်။ အရာရှိတစ်ယောက် အခြားဆင့်တစ်ယောက် ကျဆုံးခဲ့ပါသည်။ ယခုရာထူးတိုးပေးသောအခါ တစ်ညလုံးပျောက်နေပြီး နယ်မြေအေးချမ်းမှပြန်လာသော အရာရှိနှစ်ယောက်ကို ပေးထား၍ အမှန်တကယ်အသေခံပြီး ဗဟိုကင်းအား ကာကွယ်ခုခံခဲ့သူ ဒုရဲအုပ်အောင်ဆန်းထူးမှာ ကြေးနန်းစာတွင် အမည်တစ်လုံးမျှမပါသည်ကိုသိရှိရ၍ ပြည်ထဲရေးဝန်ကြီးသိစေရန်တင်ပြအပ်ပါသည်။ အခင်းဖြစ်တစ်ညလုံးတွင်ရှိသော လဝကမှဝန်ထမ်းများလည်း တွေ့မြင်သိရှိကြပါသည်။ နယ်မြေနဲ့ဗဟိုကင်းကိုစွန့်ခွာသူများကို ရာထူးပေးမယ်ဆိုရင် ကျွန်တော်တို့လည်း ဆက်လက်လုပ်ခြင်စိတ်မရှိတော့ပါ။ ယခုလည်းကုလားများ၏အနီးစပ်ဆုံးနေရာတွင်နေရ၍ ရင်မအေးသေးပါ။ ရာထူးတိုးပေးသောအခါ အမှန်ကန်လုပ်ဆောင်သူများမပါရှိ၍ ယခု ၄င်းတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျနေကျပါသည်။ ဖြစ်စဉ်အမှန်သိရအောင် စီစစ်ပေးပါ။ Aung San […]

Questions about legal system in Myanmar?

Tuesday, September 27th, 2016

ဥပဒေနဲ့သာ ဆုံးမပေးပါ… *** မကြာသေးခင် ကာလတွေကပါပဲ။ ချောစန္ဒီထွန်း ဆိုတဲ့ အမျိုးသမီးငယ် တယောက် သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားချက် တခုကြောင့် ထောင်နန်းစံခဲ့ရတယ်။ ဒီလိုပဲ…။ ဦးခွန်ဂျာလီဟာ သူ့အကောင့်ကနေ ရှယ်ယာလုပ်မိတဲ့ ဓာတ်ပုံ တပုံ အတွက်နဲ့ ထောင်ထဲဝင်ခဲ့ရတယ်။ *** ကဗျာဆရာ မောင်ဆောင်းခဟာ သူရေးမိတဲ့ ကဗျာတပုဒ် အတွက်နဲ့ အဲဒီအချိန်က နိုင်ငံတော် သမ္မတရုံး၊ ညွန်မှူး ဦးဇော်ဌေးက “ကိုယ့်တာဝန် ကိုယ်ယူဖို့ ပြင်ထားပါ” လို့ ကိုယ်ပိုင် ဖေ့စ်ဘွတ်အကောင့်ကနေ ကြိမ်းဝါးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ မောင်ဆောင်းခကို မရအရ ဖမ်းဆီးပြီး ထောင်ချပစ်ခဲ့တယ်။ *** ကာလ အရွေ့အလျော မကြာသေးခင်ကပဲ မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ဒီဘက် ပြောင်းလဲလာတဲ့ […]

Behind the scenes of Pulitzer Winning photo of September 27

Tuesday, September 27th, 2016

“ပူလစ်ဆာရ ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်..” ဒီနေ့ဆိုရင် စက်တင်ဘာလ 27 ရက် လွန်ခဲ့တဲ့ ကိုးနှစ်အကြာက… ဘုန်းကြီးအရေးဖြစ်စဉ်မှာ… စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတဲ့အခါ… ဂျပန် သတင်းဌာနက သတင်းထောက်တစ်ယောက် သေနတ်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်….  အဲဒီအဖြစ်အပျက်ကို ဓာတ်ပုံရိုက်မှတ်တမ်းတင်တဲ့သူကတော့… ရိုက်တာ သတင်းဌာနရဲ့ အကြီးတန်းဓာတ်ပုံသတင်းထောက် အဒွိလတစ် ပါ… အဲဒီဓာတ်ပုံကို ပူလစ်ဇာဆုရွေးချယ်ရေးအဖွဲ့က ၂၀၀၇ ခုနှစ်အတွက် စက်ရပ်သတင်း ကဏ္ဍမှာ ဆုပေးခဲ့ပါတယ်… ကျွန်တော်ရန်ကုန်မြို့ကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စပြီးရောက်ရှိလာပါတယ်… သိပ်များများစားစား သယ်မလာပါဘူး အဝတ်စားအဟောင်း တစ်ချို့နဲ့ Canon 5D ( အဲဒီခေတ်က 5D Mark II မပေါ်သေးပါ ) တစ်လုံးရယ် Fixed Lens နှစ်ခုရယ် လက်တော့တစ်လုံးရယ်နဲ့ပါ…   (အဲဒီခေတ်က […]

Boycott to Daily Eleven!

Monday, September 26th, 2016

ပြည်တွင်း ပြည်ပကပြန်လာတိုင်း လာကြိုတဲ့ပြည်သူတွေကို ကားပေါ်ကလက်ဝှေ့ရမ်းနှုတ်ဆက် ပင်ပန်းတာကိုဂရုမပြုဘဲ သူ့ ကိုလာကြိုသူတွေမြင်အောင် အပြုံးပန်းဆင်ကာလူလုံးထွက်ပြတတ်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးမိတ်ဖက်များ အစည်းအဝေးကိုမတက်တာဟာ ကျန်းမာရေးကြောင့်မဟုတ်ဘဲ အနားယူခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ မတိကျမသေချာဘဲ ဂျာနယ်မျက်နှာဖုံးမှာတပ်လိုက်ကြတယ် တပ်မတော် ( ကြည်း ) ( လေ ) အမြှောက်နှင့် သံချပ်ကာတပ်ဖွဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်တာကို ကာချုပ်တက်ရောက်စစ်ဆေးဆိုတဲ့သတင်းနဲ့ ဂျာနယ်မျက်နှာဖုံးအပေါ်ဆုံးမှာ ပူးတွဲဖော်ပြထားတယ် လူထုခေါင်းဆောင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ တတိုင်းပြည်လုံးကပြည်သူတွေသိကြပါတယ် ယခုပုံ ၁ မှာ မြင်ရတဲ့အတိုင်း ခရီးကဘယ်လောက်ပင်ပန်းခဲ့သလဲဆိုရင် ကားထဲတောင်ငုတ်တုတ်ထိုင်မစီးနိုင်တဲ့အတွက် တစုံတယောက်ကိုမှီပီးလှဲနေရတ ယ် သူမသည် တိုင်းပြည်အတွက် အသက်ကိုပင်မငဲ့ ကိုယ်ကျိုးစွန့် ကာ အရွယ်နှင့်မမျှကြိုးစားရုန်းကန် သွားလာလှုပ်ရှားနေတာ ပြည်သူတွေအသိပါ ဒါကိုမှမထောက် ခုလိုဂျာနယ်မျက်နှာဖုံးမှာ မတိကျမသေချာဘဲ […]

Who killed Phyo Thuya?

Monday, September 26th, 2016

ဖြိုးသူရကို ဘယ်သူသတ်သလဲ ၁၃ နိုဝင်ဘာ ၊ မန္တလေး မြေးချစ်ညို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကရဲစခန်းထဲမှာ အရိုက်အနှက် ခံရမှုကြောင့် ဖြိုးသူရဆိုတဲ့ အသက် ၂၃နှစ်အရွယ်လူငယ်တစ်ယောက် ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးမှု ဖြစ်ပွား ခဲ့ပါတယ်။ အဲဒီသေဆုံးမှုဟာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ ဂဃနဏ မသိရပေမယ့် သေချာတာကတော့ နိုင်ငံသားတစ်ယောက်ဟာ ဥပဒေရဲ့အကာအကွယ်ကို မရခဲ့ပဲ မျက်ကွယ်မှာအသတ်ခံရတာပါ။ ဘာလို့လည်းဆိုရင် အမှုဖြစ်စဉ်တွေကိုလေ့လာလိုက်တဲ့အခါ တရားလိုဖြစ်တဲ့သူက မူဆယ်ယာဉ်ထိန်းရဲ တပ်ဖွဲ့က တပ်ကြပ်ကြီးရဲမြင့်ဖြစ်နေပါတယ်။ ဖြိုးသူရကို တပ်ကြပ်ရဲမြင့်က ရဲစခန်းခေါ်သွားပြီးနောက်မှာတော့ ဘယ်သူနဲ့မှ အဆက်အသွယ်မရတော့ပါဘူး။ မူဆယ်မြို့က ဒေသခံလူငယ်တစ်ယောက်ကို Friday Times က ဆက်သွယ်မေးမြန်းကြည့်ချက်အရ ဖြိုးသူရ ၊ သက်ပိုင်မှူး ၊ ဖြိုးသူရရဲ့ ညီဖြစ်သူနဲ့ သူငယ်ချင်းတွေဟာ […]

တာဝန် ကျေတဲ့ တို့ ဖေဖေ

Wednesday, September 14th, 2016

တာဝန်ကျေတဲ့ တို့ဖေဖေ . . ကျောက်ဆည်မြို့မှ တံတားဦးမြို့သို့ သွားလာသည့် လမ်းပေါ်တွင် အသက်(၅၀)ခန့်ရှိမည့် အမျိုးသားကြီးတစ်ယောက် ဆိုင်ကယ်တစ်စီးဖြင့် သွားနေသည်။ ထိုအမျိုးသားကြီးသည် ကျောက်ဆည်-တံတားဦးလမ်းပေါ်ရှိ သင်ပုတ်ရွာလမ်းခွဲအနီးတွင်သာ ဆိုင်ကယ်ကို ခေါက်တုံ့ခေါက်ပြန်မောင်းနေခြင်းဖြစ်သည်။ ထိုသို့မောင်းနေရင်း ဖြတ်သွားဖြတ်လာကားများကို မျက်စိတစ်ဆုံး လိုက်လံကြည့်ရှုနေသည်။ အထူးသဖြင့် ဒိုင်နာကားမျိုးဆိုလျှင် အသေအချာ လိုက်ကြည့်သည်။ ဒိုင်နာကားများ၏ နောက်အဖုံးမှာ တစ်ခုခုများ ကပ်ထားမလား ရှာဖွေနေခြင်းဖြစ်သည်။ ဒီထက် ပြည့်ပြည့်စုံစုံပြောရလျှင် ကားနောက်အဖုံးပေါ်တွင် သိန်းငှက်နှစ်ကောင် အမှတ်တံဆိပ်ရေးထိုးထားသည့် အမိုးကိုင်းဖြုတ်ဒိုင်နာပုံပြောင်းယာဉ်တစ်စီးကို ရှာဖွေနေခြင်းဖြစ်လေသည်။ ဦးဘိုကျော်ဟုခေါ်သည့် ကျောက်ဆည်သားကြီး ဖြစ်ပါသည်။ ဦးဘိုကျော်သည် ကျောက်ဆည်-တံတားဦးလမ်းပေါ်ရှိ သင်ပုတ်ရွာလမ်းခွဲနှင့် လေးမိုင်ကျော်ဝေးသည့် ကျောက်ဆည်မြို့တွင် နေထိုင်ခြင်းဖြစ်သည်။ လေးမိုင်ခရီးကို ဆိုင်ကယ်တစ်စီးဖြင့် ဦးဘိုကျော် အခေါက်ပေါင်းမရေတွက်နိုင်အောင် ရောက်ခဲ့ရပါသည်။ ရောက်တိုင်းလည်း ရင်တွင်းမှ နာကျင်မှုပေါင်းများစွာနှင့်ပါ။ သင်ပုတ်ရွာလမ်းခွဲက […]

“အောက်တန်းစားတွေနေတဲ့တိုင်းပြည်” by Saya Soe Min

Tuesday, September 13th, 2016

“အောက်တန်းစားတွေနေတဲ့တိုင်းပြည်”           လူတစ်ယောက်နဲ့တစ်ယောက် ထိခိုက်နစ်နာအောင် ဆဲရေးတိုင်းထွာကြတဲ့အခါ အမိကိုပုတ်ခတ်၍ဆဲခြင်း၊ အဖကိုပုတ်ခတ်၍ဆဲခြင်း၊ အမျိုးဇာတိကိုပုတ်ခတ်၍ဆဲခြင်း ဆိုပြီး ရှိပါသတဲ့။ တိုင်းပြည်ကိုပုတ်ခတ်၍ဆဲရေးခြင်းဆိုတာ ရှိလာရင်တော့ တော်တော်ကို မခံချိမခံသာ  ဒေါသထွက်စရာကောင်းမယ့် ဖြစ်ရပ်ပေပဲ။ ဒါပေမယ်လို့ ဆဲရေးတဲ့အခါ အဆဲခံရတဲ့သူဘက်မှာ တဘက်က ပုတ်ခတ်ဆဲဆိုနေသလို မဟုတ်ပဲ အပြစ်အနာအဆာ ကင်းနေလို့ရှိရင် သူ့ဘာသူ ဘာကြီးနဲ့ကိုင်တုပ်တုပ် သူသာလျှင် ကျက်သရေယုတ်ရမယ့် အဖြစ်မျိုးပါ။ ဘုရားရှင်လက်ထက်ကတည်းက “အသင်ပုဏ္ဏား ဆဲရေးသမျှကို ငါဘုရား မခံယူသဖြင့် သင်ပိုင်ပစ္စည်းသာ ဖြစ်တော့သည်။” လို့ မိန့်ကြားတော်မူခဲ့သလိုပေါ့။ ဘယ်သူတွေ ဘယ်လိုပဲ အပနာမ ပြောကြပလေ့စေ။ ကိုယ်ကိုယ်တိုင်က သင်္ကာရှင်းနေလို့ရှိရင် ဘာမှတုန့်ပြန်ပြောဆိုနေစရာ မလိုပါဘူး။ ပိန်းကြာဖက်မှန်ရင် ရေမတင်ဘူးတဲ့။ “ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ် ရှေးကထက်ကဲ” ဆိုတဲ့ ပတ္တမြားရွှေဂူ ကဗျာလည်း […]

Amay Suu Kyi Re-union with Grand kids for first time

Monday, September 12th, 2016

နှစ်ပေါင်းများ စွာကွဲကွာပြီး ပထမဆုံး အကြိမ် တွေ့ ဆုံ ခဲ့ ရတဲ့ အမေ စု နဲ့ သား သမီး မြေး တစ်စု Credit to Saw Phoe khwar

Interviewed with U Myo Myint Thein about him & Ni Ni Khin Zaw full story

Sunday, September 11th, 2016

Uncle ဦးမျိုးမြင့်သိန်း ရဲ့ အင်တာဗျူး ဖတ်ကြည့်ကြပါ။ အန်ကယ် ပြောပြထားတာတွေ ဖတ်ပြီးရင်တော့……. Credit to  / ဂျူလိုင်မိုး/Oasis Journal Special thanks to Moenay arkar

Myanmar Lady Referee for FIFA U-20 Women’s World Cup

Saturday, September 10th, 2016

FIFA U-20 Women’s World Cup အတွက် ရွေးချယ်ခံရသည့် မြန်မာဒိုင်လူကြီး သိန်းသိန်းအေး၏ အချက်အလက်အချို့အား မြန်မာဘောလုံးပရိသတ်များ သိရှိစေရန် မျှဝေပေးလိုက်ပါသည်။ သိန်းသိန်းအေးသည် ၂၀၀၅ ခုနှစ်တွင် ဒိုင်လူကြီးအဖြစ် ပြည်တွင်းအမျိုးသမီးဘောလုံးပြိုင်ပွဲများတွင်  စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် FIFA အသိအမှတ်ပြု ဒိုင်လူကြီး ဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ စတင်ကာ ပြည်တွင်းပြိုင်ပွဲများဖြစ်သော အမျိုးသမီး ယူ၁၆ ဘောလုံးပြိုင်ပွဲများ၊ အမျိုးသမီး ယူ ၁၉ ဘောလုံးပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်း အမျိုးသမီးဘောလုံးပြိုင်ပွဲများ ၊ဝန်ကြီးဌာနပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ကိုင်တွယ်ခဲ့သည်။ အမျိုးသားပြိုင်ပွဲများအနေဖြင့် လူငယ်ပြိုင်ပွဲများ၊ ခြေစမ်းပွဲများကို ကိုင်တွယ်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် မလေးရှားနိုင်ငံတွင် ကျင်းပသော U-14 Football Festival အတွက် […]

Poem of the day

Friday, September 9th, 2016

***Shocking News***

What worng with justice system in myanmar?

Friday, September 9th, 2016

သရုပ်ဆောင် မင်းအုပ်စိုးကို ထောင်ဒဏ်တသက်တကျွန်းမှ ၁၀ နှစ်သို့ ပြောင်းလဲချမှတ် —— —— —— —— —— သရပါမဂ္ဂဇင်းထုတ်ဝေသူ သရုပ်ဆောင်နှင့် ဒါရိုက်တာ မင်းအုပ်စိုးကို လူသတ်မှုဖြင့်ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားခဲ့ရာကနေ စက်တင်ဘာ ၉ ရက်တွင် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲချမှတ်ခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပုဒ်မ (၃၀၄) အရ ထောင်ဒဏ် တသက်တကျွန်းကနေ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ပြောင်းလဲချမှတ်ခဲ့ခြင်းဖြစ်ပြီး  လူသတ်မှုမှလူသေမှုသို့ ပြောင်းလဲအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင်မင်းအုပ်စိုး ပြီးခဲ့သော ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ၄င်း၏ နေအိမ်တွင် သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ်ကို လူမှုရေးကိစ္စမေးမြန်းစကားများရန်ဖြစ်ရာမှ  […]

Response from Ni Ni Khin Zaw’x Ex

Friday, September 9th, 2016

အဆိုတော် နီနီခင်ဇော် ဂုဏ်သိက္ခာကို ထိခိုက်လိုခြင်းမဟုတ်ဘဲ မိမိဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက်  ဖြေရှင်းလိုက်တဲ့ >>>ဦးမျိုးမြင့်သိန်း ********************************************************************************* အဆိုတော် နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဦးမျိုးမြင့်သိန်းအနေနဲ့ ယင်းရဲ့ ဂုဏ်သိက္ခာအတွက် မီဒီယာများနဲ့တွေ့ဆုံရှင်းလင်းပွဲကို ပြုလုပ်သွားမယ်လို့ စီစဉ်ထားပြီး နီနီခင်ဇော် ၏ ဖခင် ဖြစ်သူရဲ့ တောင်းပန်မှုကြောင့် ရက်ရွှေ့ဆိုင်းသွားခဲ့ကြောင်း သိရပါတယ်။ နီနီခင်ဇော်ရဲ့ ဖခင်ဖြစ်သူက ယခုဖြစ်ပွားတဲ့ ကိစ္စတွေမှာ သူရဲ့ သမီးဖြစ်သူ နေမကောင်းပြီး စိတ်ရှုပ်ထွေးနေတဲ့အတွက် စကား အမှားတွေ ပါသွားနိုင်လို့ ခွင့်လွှတ်ပေးဖို့စက်တင်ဘာ 9ရက်နေ့ မနက်မှာ တောင်းဆိုတာကြောင့် သူ့အနေနဲ့ အဆိုပါရှင်းလင်းပွဲကို မူလက စဉ်းစားထားတဲ့အတိုင်းပြုလုပ်တော့ မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဦးမျိုးမြင့်သိန်းက ရှင်းပြခဲ့ရာမှာ  “နီနီခင်ဇော်အနေနဲ့ ဘ၀ရဲ့ ကံကြမ္မာဆိုးလို့ ဆိုရလောက်အောင် ကျွန်တော့်အနေနဲ့ မတရား သိမ်းယူထားခြင်း […]

Save #Bagan

Wednesday, August 24th, 2016

Photo credit Soe Moe Aung/AFP ပုဂံညောင်ဦးတွင် ငလျင်ဒဏ်ကြောင့် ဘုရားစေတီပေါင်း (၁၈၅)ဆူ ပျက်စီး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် (၂၄-၈-၂၀၁၆) ရက်နေ့ ညနေ (၁၇:၀၇) နာရီအချိန်ခန့်တွင် လှုပ်ခတ်သွားသော အင်အား ရစ်(ခ်) တာစကေး ၆.၈ အဆင့်ရှိ အင်အား ပြင်း ထန်သော မြေငလျင် ဒဏ်ကြောင့် ပုဂံ ညောင်ဦးမြို့ရှိ ဘုရားစေတီပေါင်း (၁၈၅)ဆူ ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း လက်ရှိ အခြေအနေအရ သိရှိရပါသည်။ Credit to ညောင်ဦး ပြန်/ဆက်

မြန်မာ နိုင်ငံ အစိုးရ အသစ်နဲ့ ရက် ၁၀၀ ခရီး

Monday, August 22nd, 2016

တခါတလေ သဘာဝ သဃံဇာတတွေ သူများနိုင်ငံကို ဈေးပေါပေါနဲ့ လုပ်ပိုင်ခွင့်ပေးပြီး ရောက်သွားတာ အရမ်းနှမြောဖို့ ကောင်းတယ်။  ရွှေ ဆိုရင် နှစ်ပေါင်း ၄ ဘီယျံက ဥက္ကာခဲ နှင့် ကမ္ဘာတိုက်ပြီး ပြောင်းလဲလာတဲ့ ဓါတု ဖြစ်စဉ်ကနေဖြစ်လာတဲ့ သတ္တု တမျိုး။ နေရာတိုင်းမှာ မရှိဘူး။ တချို့ဒေသတချို့မှာသာရှိတယ်။ ကျောက်စိမ်းဆိုလည်း ကမ္ဘာပေါ်မှာ လန်ထွက်နေတဲ့ ကျောက်စိမ်း ၂ နိုင်ငံပဲ ထွက်တယ်။ ဂွာတီ မာလာနဲ့ မြန်မာပြည်က ကချင်ပြည်နယ်။ ကျန်တဲ့ တချို့နိုင်ငံတွေတော့ ထွက်ပါတယ် .. ဒါပေမယ့် ကချင်ပြည်နယ်က ကျောက်စိမ်းလောက် အရေအသွေး မကောင်းသလို .. ယနေ့ မြန်မာပြည်က ဘုရားတွေမှာ အလှဆင်တဲ့ ကျောက်စိမ်းပြားသာသာ အရည်အသွေးပါ။ ကျောက်စိမ်းဆို လိုချင်လွန်းလို့ သွားရည်ကျတဲ့ […]

Photo of the day

Friday, August 19th, 2016

Myanmar president examined flood area with Irrawaddy PM

Save this police officer from Myanmar

Friday, August 19th, 2016

သမီးငယ်(or)ပြည်သူများနားလည်စေဖို့ မကွေးမြို့နယ်မှနစ်နာသူဗိုလ်လေးအားအစဉ်လေးစားလျှက် ရဲမိသားစုမှန်လျှင် ဝိုင်း မန့် ပေးကြပါဦး                အိုအေးအို သမီးငယ်လေး   သို့ မီးမီးလေးရေ ဖေဖေဟာ တာဝန်သိပြည့်သူ့ရဲ ဝန်ထမ်းတဦးပါ မီးမီးရေ ဖေဖေတို့ ရဲ ဆိုတာပြည်သူတွေအေးချမ်းစွာ အိပ်စက်နိုင်ဖို့ ခပ်ရိုင်းရိုင်းနှိုင်း ခွေး တကောင်လို သခင်ကျွေးတာစားပြီး ခြံ လုံအောင်စောင့်ရတာမို့ ဖေဖေတို့လည်းပြည်သူကကျွေးတဲ့လစာ စားသူတွေမို့ ပြည်သူတွေအေးချမ်းစွာအိပ်စက်နိုင်ဖို့လှည့်ကင်းထွတ်နေရတယ် မီးမီးရေ ဖေဖေတို့လှည့်ကင်းလှည့်တယ်ဆိုတာ ပြည်သူတွေ ညည့်လူ အန္တရာယ်တွေကာကွယ်နိုင်ဖို့အတွက်ပါ မီးမီး ငယ် ညည့်လူတွေဆိုတာ မကောင်းမှု့လုပ်ငန်းတွေကိုညအခါမှာကျူးလွန်လေ့ရှိတာမို့ပါ မီးမီးငယ် ဖေဖေတို့လည်း လူသားတွေပါ မီးမီးငယ် လှည့်ကင့်မလှည့်ပဲ အိပ်နေချင်နေတာပေါ့ သမီးငယ် ဖေဖေတို့ ရဲ တွေရဲ့လုပ်ငန်းတာဝန်တွေမှာ ပြည်သူအားလုံးရဲ့အသက်အိုးအိမ်စည်းစိမ်းတွေကို ကာကွယ်ပေးဖို့အတွက် ပါဝင်နေခဲ့တယ် သမီးငယ် ဖေဖေ တည လှည့်ကင်းလှည့်ရင်း အာဏာကိုအလွဲသုံးစား […]

Bad customer service from Air KBZ

Thursday, August 18th, 2016

Air KBZ ရဲ့ ထူးခြားသောဝန်ဆောင်မှု ယနေ့  ၁၈.၈.၂၀၁၆ နေ့ ထွက်မယ့် ရန်ကုန်- မန္တလေး-ကလေး လေယာဉ် flight No. K7  226 နဲ့ လိုက်ဖို မင်္ဂလာဒုံ့ လေဆိပ်ကိုရောက်တော့ နေ့ လည် ၁နာရီထိုးဖို့  ၁၀မိနစ်ပါ ။ ကျွန်တော် သရဝဏ်(ပြည်) နဲ့  သူရိယအလင်းဂျာနယ် CEO ဦးကိုလေးနှစ်ယောက်ယပါ ။ ကျွန်တော်တို့  E ticket ထဲမှာလေယာဉ်ထွက်ချိန် ၁၃:၃၀ လို့ ရေးထားတာကြောင့် လေကြောင်းလိုင်းကောင်တာဟာ နာရီဝက်ကြိုပိတ်လေ့ရှိတာကြောင့်  ၁ နာရီကောင်တာပိတ်မယ်ယူဆပြီး အပြေးတပိုင်းလာတာ ၁နာရီမထိုးခင် ၁၀မိနစ်မှာရောက်သွားတာပါ ။ဒါပေမယ့်ထူးထူးခြားခြားပဲ ကျွန်တော်တို့ ရောက်တော့ ကောင်တာပိတ်သွားပြီဆိုပြီးလက်မခံပါဘူး ။ တောင်းတောင်းပန်ပန်ပြောတော့  […]

In rememberance of Saya Aung Thin

Thursday, August 18th, 2016

အောင်မြိုင် သင်း  မသိတဲ့ သူ့ အ ဖေအ ကြောင်း ပညာမာန နှင့် အ တွေးအ ခေါ်  ဆရာ အောင် သင်း ကျွန်တော်နှင့် မသီတာ စမ်းချောင်းတို့ ဒေသ တစ်ခုကို ဟောပြောဖို့ ရောက်သွားကြတယ် ။ အ ကောင်းဆုံးဟိုတယ်မှာထားပေးတယ် ။ ညကျရင် မြို့ နယ် ခန်းမမှာ ဟောကြရမယ် ။ ဒေသခံ လူငယ်တွေနဲ့ ဆရာတို့ စကားဝိုင်းဖွဲ့ နေကြစဉ်မှာ ဇိမ်ခံကားကြီးရောက်လာတယ် ။         မြို့ နယ်အုပ်ချုပ်ရေးမှူးက စာရေးဆရာတွေကိုတွေ့ ချင် လို့ လာခေါ်တာဖြစ်နေတယ် ။ ဆရာမျက်နှာပျက်သွားတာကို သတိထားလိုက်မိပါတယ် ။ဆရာဟာ အဲဒီအချိန်ကစပြီးစကားမ ပြောတော့ပါဘူး ။ကားပေါ်တက်ပြီး လိုက်သွားကြပါတယ် ။ […]

Representing Myanmar as???

Tuesday, August 16th, 2016

#နိုင်ငံကိုဘယ်သူတွေကိုယ်စားတကယ်ပြုပါလိမ့်????? ဒီစာရေးပြီးတာနဲ့ ကိုယ့် Account ထဲက မိန်းမချောလေးတွေ ၉၉% လောက်က ကိုယ့်ကို Block ကြမယ် Unfriend လုပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီလို မလုပ်တဲ့သူတွေကလည်း ဒီစာကို မဖတ်မိကြလို့ပဲ ဖြစ်မှာသေချာတယ်။ Rio အိုလံပစ် ဖွင့်ပွဲနေ့မှာ မြန်မာအားကစားအဖွဲ့ အင်မတန် သိမ်ငယ်စွာနဲ့ တက်ရောက်တာကို မြင်မိတော့  ရင်ထဲမှာ လုံးဝကို မချိဘူး။ နိုင်ငံကိုယ်စားပြု အားကစားသမားတွေ ရဲ့မျက်နှာဟာ ညှိုးငယ်လွန်းနေတယ် ဆိုတာအထင်အရှား။ သူငယ်ချင်းဖြစ်သူ ဝေဖြိုး Wai Phyo ရေးတဲ့ စတေးတပ်စ်  ကိုဖတ်ကြည့်ပြီးတော့  ကျွန်တော်တို့ မျိုးဆက်တွေပဲ အတွေးအခေါ် ခေတ်နောက်ကျ နေပြီလား တွေးမိတယ်။ ဝေဖြိုးဟာ ကျွန်တော်တို့နဲ့တူတူ ရန်ကုန်နည်းပညာတက္ကသိုလ်  မှာ စတုတ္ထ  နှစ်အထိ တူတူတက်ပြီး […]

ကျနော့်ကို သတိရရင် by Phoe San Chaung

Monday, August 15th, 2016

ကျနော့်ကို သတိရရင် ဧရာထွန်းကအဒေါ်က အိမ်တံခါးပိတ်ရင်းနောက်ပြန်လဲကျတော့ လက်မောင်းက ကျိုးပါလေရော၊ဆေးရုံကြီးပို့၊ကျောက်ပတ်တီးစည်း၊အခြေအနေကောင်းရင် ပြန်ဆက်မယ်ပေါ့.အိမ်ပြန်ခေါ်လာ၊နောက်ကျ ဟော.မဖြစ်မနေခွဲရမယ်ဆိုတော့ ကုတင်သုံးရာကိုတင်လိုက်ရပါလေရော၊ဒါနဲ့ မနေ့ညက(အဲဒီနေ့ညမှာပဲ မန်းလေးမှာ စံချိန်တင် ၆.၈လက်မရှိအောင် ရွာတော့တာပါပဲ) သွားမယ်ဆိုပြီး ထွက်လာ..အမျိုးသမီးဆောင်ဆိုတော့ ယောကျာ်းလေးက ဝင်မရ၊ဝင်ရအောင်လုပ်ပေးမယ်ဆိုတာနဲ့ ဆယ့်တစ်ခွဲလောက်ထိထိုင်စောင့်၊အဆင်ကမပြေ၊ဒါနဲ့ ဘီယာဝင်သောက်၊ပြန်မယ်ဆိုပြီးလုပ်တော့ မိုးကရွာ၊သည်းကြီးမည်းကြီးကိုရွာပါလေရော.. ဒါနဲ့ ၃၅လမ်း ဘီယာဆိုင်မှာ ခဏဝင်နား၊မိုးက တော်တော်နဲ့မတိတ်၊ဆိုင်ကလည်း ပိတ်ချင်နေပြီဆိုတော့ ကိုယ်တွေလည်း အားနာလာတာနဲ့မိုးရွာထဲ ထပြန်၊ တော်တော်ကိုမှားတဲ့ဆုံးဖြတ်ချက်ကြီးပဲ..မိုးရွာတာက မြင်မကောင်းဘူး။မဲ.သဲနေတာပဲ. ၃၅ ၇၃ မီးပွိုင့်.ရေက ခြေသလုံးလောက်ရှိတယ်.ရေစီးကလည်း သန်ပါ့..မရမကဆက်မောင်း၊ ကုန်းကျော်အောက် ခဏဝင်ခို၊အချိန်ကြည့်လိုက်တော့ နှစ်နာရီကျော်ပြီ..ကဲ.ပြန်မှပါလေဆိုပြီး ဆိုင်ကယ်လေးပြန်မောင်း၊ခင်စောမူကွေ့နား.သစ်ပင်တွေပြိုလဲ.ရေမြောင်းကာ တံတားကြီးပြိုကျနေတာမြင်လိုက်တော့စိတ်ထဲမှာ ကြိတ်ပျော်သွားတယ်.နက်ဖြန်မနက် ဓာတ်ပုံလာရိုက်ရင် သတင်းတပုဒ်ရပြီလေ 😛 ၄၁ကုန်းကျော်ကနေ တက်.အနောက်တည့်တည့်ဆင်းပြီး ၈၄အတိုင်းမောင်းလာတာ အေးဆေးပဲ..ဘုရားကြီးနောက်မုခ်ရောက်မှ ဘဝပျက်တာပဲ..ရေက ပေါင်လောက်ထိရောက်ပြီး ရေစီးက အရမ်းသန်တာဆိုတော့ ဆိုင်ကယ်က […]

Words from Mayor of Yangon

Monday, August 15th, 2016

ယနေ့အကြိုက်ဆုံးပိုစ့် ================== လူမှုကွန်ယက် FBပေါ်မှာရန်ကုန်မြို့တော်ဝန် ရေးလိုက်တဲ့ပို့စ်ပါ ======================================= ဒီနေ့အချိန်လေးရတုန်း မြို့ထဲလမ်းလျှောက်ရင်း အရင်ကလို လွတ်လွတ်လပ်လပ်လေး။ ရှပ်အင်္ကျီ လက်တိုနဲ့ လျှောက်သွား၊ လျှောက်စားပေါ့။ PSO ကတော့ မနီးမနားကတော့ လိုက်လာပါတယ်။ ဆိုင်တစ်ဆိုင်မှာ ကြိုက်တာလည်းဝယ်။ ချက်ခြင်းလည်းမရနိုင်တဲ့ အမဲအူသုပ်တို့၊ ဘာတို့ဝယ်ရင်း၊ ဆိုင်ရှင်နဲ့စကား စမြီပြောတယ်။ လိုချင်တဲ့ အင်ဖေါ်မေးရှင်းလေးတွေပေါ့။ ဒီလမ်းဘေးဆိုင်ထွက်တာ ပိုက်ဆံမပေးရဘူးလားဆိုတော့ ဘာမှမပေးရဘူးတဲ့၊ ဒါပေမဲ့ ဆိုင်ရှင်ကိုတော့ တစ်လတစ်ခါ တစ်သိန်းပေးရတယ်တဲ့ ဆိုင်ရှင်ဆိုတာ ဘယ်သူလည်းဆိုတော့ သူတို့လည်းမသိဘူးတဲ့ လူတစ်ယောက်တဲ့ သူ့ဆီက ဆိုင်ခမ်းငှါးဖွင့်တာတဲ့ နှစ်ဆိုင်၊ သုံးဆိုင်လောက်မေးတယ်။ ဒီအတိုင်းပဲ၊ ဒီလို လမ်းဘေးမှ နေရာအရင်ဦးပြီး လမ်းဘေးမြေနေရာကို လက်ညိုးထိုးရောင်းတဲ့ ပုဂ္ဂိုလ်ဖူးချင် စမ်းပါဘိ၊ ဒူးရင်းသီးဆိုင်ဆိုရင် ပိုဆိုးသေး၊ လမ်းဆုံမှာ ဟိုဘက်ရော၊ […]

Photo of the day

Sunday, August 14th, 2016

In house swimming pool @ Mandalay, Myanmar. Credit to Original uploader

To..Min Lu..DaywoTar City

Sunday, August 14th, 2016

နောက်ကျောမှီမြင့်မြင့်နှင့် ကုလားထိုင်တွေကို ထိုင်မိလျှင် အထူးသဖြင့် ဧည့်ခံပွဲတွေမှာပေါ့၊ ကိုမင်းလူကို သတိရတတ်သည်။ ဒင်းသာ ငါ့အနားမှာရှိရင် စလို့နောက်လို့ ကောင်းလိုက်ဦးမယ့်ဖြစ်ခြင်းဆိုပြီးတော့လေ။ အလွန်တရာ ပုလှသော ကျွန်မ၏အရပ်က သူ့အတွက် ဟာသလုပ်လို့ ကောင်းနေတာကိုး။ ညစာစားပွဲတစ်ခုတွင် ကျွန်မကုလားထိုင်နောက်သို့ ကိုမင်းလူ ရောက်လာခဲ့ပြီး ထိုင်ခုံနောက်မှီကို အသာလှုပ်သည်။ ပြီးတော့ ပြောသည်။ ထိုင်ခုံအလွတ်မှတ်လို့ပါဗျာ။ အခုမှ မဂျူးထိုင်နေတာမှန်း သိတော့တယ်တဲ့။ ကဲ ကြည့်၊ ဘယ်လောက်တောင် ပြောင်မြောက်လိုက်တဲ့ဟာသလဲ။ — ‘ ကိုမင်းလူ သက်တော်ရာကျော် ရှည်ပါစေသတည်း ‘ (ဂျူး) ___________________________________________________ နောက် မင်းလူ အဆုတ်ကင်ဆာနဲ့ ဝိတိုရိယဆေးရုံတင်ရတယ် ပြောပါတယ်။ မင်းလူ ဆေးရုံတက်ချိန်မှာ မောင်ဝံသလည်း အဆုတ်ကင်ဆာနဲ့ပဲ ဆေးရုံတက်နေရတာ။ ဒါကို မင်းလူက အဆုတ်ကင်ဆာအဖွဲ့အစည်း ဖွဲ့မယ်။ […]

No ruling Goverment at Mandalay, Myanmar

Tuesday, August 9th, 2016

ပန်ဒိုရာငရဲခန်းကယ်တင်ရှင် မအမာနီကို ကားတိုက်အပြတ်    ရှင်းရန်ကြိုးစားမှုကဲ့သို့ထူးခြားသည့်ကားတိုက်မှု ”  ဒေါ်အမာနီတစ်ဦးထဲ၏ အရေးအရာမဟုတ်တော့ပါ။ ” ****************☆☆☆☆☆************** မန္တလေးက ပန်ဒိုရာအဆီချလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မိန်းလေးများကို ပိုင်ရှင်ကလူသားမဆန်စွာညှင်းပန်းနှိပ်စက်မှုများ ကျော်မကောင်းကြားမကောင်းဖြစ်ပွားခဲ့ပြီး၎င်း ကိစ္စကို မန္တလေးနိုင်ငံရေး အင်အားစုမှ မအမာနီတို့ဇနီးမောင်နှံကခဲရာခဲစစ်ဖော်ထုတ်ခဲ့ရပြီး ညှင်းပန်းနှိပ်စက်ခံမိန်းခလေးများမှပိုင်ရှင် စောလှဌေးကိုအမှု့ဖွင့်တိုင်ကြားထားပါသည်။ ယခုအခါ၎င်းအမှုနှင့်ပတ်သက်၍ ပြည်သူလူထုမှအထူးစိတ်ဝင်စားလျက်ရှိပြီးလက်ရှိအစိုးရအနေုဖြင့်ကျူးလွန်သူများကိုတရားဥပဒေနှင့်အညီအရေးယူရန်လိုလားလျှက်ရှိပါသည်။ ပန်ဒိုရာဘက်မှ မအမာနီကိုလဲအာမခံမရသော(66)/ဃ ဖြင့်အပြန်အလှန်တရားစွဲရန်ကြိုးစားခြင်း ရုံးချိန်းမတက်ခြင်း  ရဲတပ်ဖွဲ့ကမအမာနီကို ဖမ်ဝရမ်းမပါဘဲ လမ်းမတွင်ပိတ်ဖမ်းစေခြင်း။ နောက်ယောင်ခံလိုက်ခြင်များလုပ်လျက်ရှိပါသည်။ (6.8.16)ရက်ည(10)နာရီဝန်းကျင်တွင် ပန်ဒိုရာ ငရဲခန်းသတင်းရေးသူ သတင်းထောက်မြူးငှက် စီးလာသောဆိုင်ကယ်ကို ကားတစ်စီးမှပြင်းထန်စွာတိုက်ပြီးထွက်ပြေးသွားပါသည်။သတင်ထောက်ပြင်းထန်စွာဒဏ်ရာရရှိကာဆေးရုံတွင်အတွင်းလူနာအဖြစ်ကုသနေရပါသည်။ ည(11)နာရီတွင်(66)လမ်း(19)လမ်းနှင့်(18)လမ်းကြားမှာ ကားတစ်စီးက မအမာနီ ကားကို ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်ပါသည်။ကံကောင်းစွာအသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်းအနည်းငယ်ဒဏ်ရာရရှိခဲ့ပါသည်။နောက်ခန်းမှကလေး သတိလစ်သွားပါသည်။မအမာနီလဲဆေးရုံတင်ထားရပါသည်။၎င်းကားယဉ်မောင်းကိုရဲတပ်ဖွဲ့မှဖမ်းမိထားပြီးမည်သို့စစ်ဆေးသည်မသိရသေးပါ။၎င်းကားတိုက်မှုကျူးလွန်သူ၏ကားအတွင်းမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှကဒ်တစ်ခုရထားပါသည်။ မအမာနီရဲပြောပြချက်အရ ပန်ဒိုရာ ကိစ္စ စလုပ်ကထည်းက သူငယ်ချင်းများက လုပ်ကြံသတ်ဖြတ်လိမ်မည်ဖြစ်ကြောင်း သတိပေးခဲ့ပါကြောင်း သူ့အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် […]

Proud Generations of Whole burma first

Monday, August 8th, 2016

မျိုးဆက်လေးဆက် တိုင်တိုင် ဆယ်တန်း မြန်မာနိုင်ငံလုံးပထမနေရာကို သိမ်းပိုက်ခဲ့ကြသူများ ဆယ်တန်း စာမေးပွဲသည် သိပ်မခက်လှသော စာမေးပွဲဖြစ်သော်လည်း ဂုဏ်ထူးများပါဖို့ တော့ခက်ခဲလှသည်။ ထိုထက်ပို၍ တစ်နိုင်ငံလုံး အဆင့် ၁ မှ ၁၀ အထိ ၀င်ရန်မှာ အလွန်ပင်ခက်ခဲလှပြီး အဆင့် ၁ နေရာကိုရရန်အတွက်မှု မည်မျှခက်ခဲကြောင်း ပြော၍ မလိုတော့ပါ။ သို့သော် ထို နိုင်ငံလုံး အဆင့် ၁ နေရာကို မျိုးဆက်လေးဆက်တိုင်တိုင် (၅) ကြိမ် ဆက် ရရှိခဲ့သူများ ရှိခဲ့ဖူးသည်ဟု ဆိုလျှင် အ လွန်အမင်းအံသြသွားနိုင်ပါသည်။ မသိသေးသူများအတွက် ထိုမိသားစု အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြလိုပါသည်။ ဦးဟုတ်စိန် ယခင်က ဘင်္ဂလားစာမေးပွဲ (ခေါ်) ဆယ်တန်းစာမေးပွဲကို ၁၉၀၉ ခုနှစ်၌ စိန်ပေါလ်ကျောင်းမှ မောင်ဟုတ်စိန်က […]

Photo of the day

Saturday, August 6th, 2016

Photo credit -Htet Min Nyi

Cartoon of the day

Friday, August 5th, 2016

Mandalay Flood

Tuesday, August 2nd, 2016

မန္တလေး တောင်သမန်အင်း ရွှေနံ့သာရွာ ရေဝင်နေသည့် မြင်ကွင်းများ Photo- Than Htay

Photo of the day

Monday, August 1st, 2016

ပါမောက္ခချုပ်… စစ်ဆေးရေးခရီး ရတနာပုံ ရေကြောင်းတက္ကသိုလ် တောင်သမန်အင်း Photo Credit Mm.

New Gov needs to look after Bagan!

Sunday, July 31st, 2016

မြန်မာနိုင်ငံက ရှေးဟောင်းသုတေသန ဌာနဆိုတာက စီ အို ဘလက်ဒန် နှင့် တော်စိန်ခိုတို့ မရှိတော့တဲ့နောက်ပိုင်း အသက်မဲ့သွားတဲ့ အတိုင်းပါဘဲ။ လွတ်လပ်ရေးရပီးနောက်ပေါ့။ ခေတ်အဆက်ဆက် အစိုးရတွေဟာ ရှေးဟောင်းသုတေသန အပါဝင် ယဉ်ကျေးမှုအမွေနှစ်တွေအပေါ် လေးစားတန်ဖိုးထားခြင်းမရှိခဲ့ကြပါဘူး။ ဦးအောင်ဇေယျ လက်သုံးတော်ဓါး၊ နာမည်ကျော် ယိမ်းနွဲ့ပါဓါး စတဲ့ ရှေးဘုရင် အသုံးဆောင်တော်တော်များများ လက်သည်မပေါ်ပါဘဲ ပျောက်ဆုံးသွားခဲ့တာ  ဦးနေဝင်းခေတ်။ ပုဂံဘုရားရုပ်ပွားဆင်းတုတွေ အပျောက်အများဆုံးက စစ်အစိုးရခေတ်။ ခုတော့ NLD အစိုးရ ခေတ်။ ပုဂံဒေသ ယူနစ်စကို စာရင်းဝင်ဖြစ်ဖို့ ယူနစ်စကိုက ပညာရှင်တွေကိုယ်တိုင်က ဦးဆောင်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ ။ ပညာပေးအစီစဉ်တွေ ။ ရေတို ရေရှည် စီမံကိန်းတွေ စသဖြင့် ကူညီပန့်ပိုးပေးခဲ့တာ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်ကတည်းက။ တဖြေးဖြေး အရှိန်ရလာပြီးတဲ့နောက် […]

Shocking News about U Pain Bridge

Saturday, July 30th, 2016

တောင်သမန်သစ္စာ စီမံကိန်း ဆက်စပ်လမ်း ဖောက်လုပ်ရာတွင် ဦးပိန်တံတားတိုင်ခြေ မြုပ်လုနီးပါးအထိ မြေဖို့ဆောင်ရွက်ခြင်းတို့အပေါ် ဒေသခံများ ကန့်ကွက် တောင်သမန်သစ္စာ စီမံကိန်း ဆက်စပ်လမ်းအဖြစ် ဦးပိန်တံတား အရှေ့တောင်ဘက် ပထမဇရပ်ဆောင်အနီး တံတားတိုင်အခြေမှ တောင်သမန်ကျေးရွာနှင့် ဆီမီးထွန်းကျေးရွာ၏ ကျေးရွာသုံး လမ်းဟောင်းအား မြေဖို့လမ်းခင်းခြင်းတို့ကို ဇူလိုင် ၂၀ ရက်ဝန်းကျင်က စတင်၍ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ “ဒေသခံတောင်သူတွေ မိရိုးဖလာ အသုံးပြုလာတဲ့ လှည်းလမ်း၊ နွားလမ်းနဲ့ ဦးပိန်တံတား တိုင်အခြေထိပါ အခုလို မြေဖို့တဲ့အပေါ် လုံးဝလက်မခံပါဘူး။ သဘောမတူတဲ့အကြောင်း ဒေသခံတွေက ပါးစပ်နဲ့ သွားပြောထားပေမယ့် လမ်းခင်းတာတွေကို ဆက်လုပ်နေတယ်။ မြေဖို့တဲ့လမ်းက ရွာရဲ့နာရေးကိစ္စ သွားတဲ့လမ်း ဖြစ်နေတော့ အခုဆိုရင် သွားမရတော့ဘူး။ အလှူမင်္ဂလာနဲ့ ဘာသာရေးအတွက် သုံးတဲ့လမ်းမှာပဲ ပေါင်းသွားရမလို ဖြစ်နေပြီ” […]

ကျူး

Tuesday, July 26th, 2016

၁) “လာ ညီမလာ။ ဒီမှာ အုပ်ချုပ်ရေးမှူးနဲ့ပြောလိုက်” “ကဲ ပြော၊ ဘာကူညီရမလဲ” “ကျွန်မတို့က နယ်က ပြောင်းလာတာပါ ရန်ကုန်မှာ နေစရာလည်းမရှိ၊ အလုပ်အကိုင်လည်း အခြေတကျမရှိသေးလို့ အဲဒါ…” “ဟုတ်ပြီလေ၊ ကျုပ်အပိုင် ဒီရပ်ကွက်ထဲမှာ ဝယ်ထားပြီး လာမနေဘဲ ပစ်ထားတဲ့ မြေကွက်တွေ အများကြီးရှိတယ်။ ညီးတို့ အဲဒီအထဲက လွတ်နေတဲ့ တစ်ကွက်မှာနေ။ ဒီနားက အိမ်တွေ အကုန်လုံးလိုလို ငါ့ခွင့်ပြုချက်နဲ့ နေနေတာ။ နေထိုင်ခွင့်ပြုပေးရတဲ့ အတွက်ကတော့ ထုံးစံအတိုင်းပဲ ပေးပေါ့” “ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ပိုင်ရှင်တွေ ရောက်လာရင်ရော ထွေအုပ်ကြီး” “အဲဒါ ငါ့တာဝန်ထား၊ ပိုင်ရှင်လာရင် ငါ့ဆီသာ လွှတ်လိုက်။ ငါညှိပေးမယ်။ နင်တို့တောင် ပြောင်းရွှေ့စားရိတ်ရဦးမယ်။ ဒီမှာ တခြား အကွက်လွတ်တွေ အများကြီးကျန်သေးတာပဲ။ […]

Beware about fraud!

Monday, July 25th, 2016

ဘုရားပင့်တွေ နဂါးပူးတွေ ခေတ်စားနေတဲ့အချိန်မို့ တို့ဆေး ဖျန်းဆေးဆိုတာတွေ အမျိုးတွေ သတိထားနိုင်ဖို့ ထပ်ဆင့်ရှယ်ပေးလိုက်ပါတယ် ************************** သတိထားနိုင်ကြစေရန် သူများစာကို ကူးပြီး ရှယ်ပေးပါသည် လူအချင်းချင်းလှည့်ပတ်ချင်း ကင်းဝေးကြပါစေ ခေါင်းလောင်းကြီးရှာတယ်ဆိုလား တွေ့ပြီဆိုလားပေါ့… အဲ့ဒီနေရာမှာ လူတွေနဂါးပူးကြ နတ်ပူးကြဆိုတော့မှ ပြန်သတိရမိတယ်လေ… လွန်ခဲ့တဲ့ ၂နှစ်လောက်က ထင်ပါရဲ့.. မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ ဘုရားပင့်တယ်ပေါ့… အမျိုးသားက သူ့မိတ်ဆွေဆိုတော့ သွားဖူးမယ်ပေါ့… ဖူးဆိုတော့လည်း ဖူးပေါ့လေ… လိုက်ရမှာပေါ့ လှူဆိုတော့လည်း လှူပေါ့လေ.. အိမ်ကရင်း စာအိတ်နဲ့ ပိုက်ဆံထည့်ထားပြီး လက်ကိုင်အိတ်ထဲ ထည့်ယူသွားတယ်ပေါ့… ဟိုရောက်တော့ အရင်ဆုံး အပေါ်ထပ်တက် ဘုရားခန်းဝင်ပေါ့ ကန်တော့ပေါ့… အဲ့ဒီမှာ ကျမကလည်း သိပ်နားမလည်တော့ အလှူငွေအိတ်ကို ထုတ်လိုက်တယ်ပေါ့… ပြီးတော့ အမျိုးသားက ကျမကိုလက်တို့တယ်.. ဘုန်းကြီးကို အထဲကျမှလှူပါဆိုတော့ ပြန်သိမ်းလိုက်တာပေါ့.. […]

Ilagel teak/timber still exporting from Myanmar/Burma. What’s government doing?

Saturday, July 23rd, 2016

မရိုးသေးတဲ့ ဇာတ်လမ်းတပုဒ် ++++++++++++++++++++ ကချင်ပြည်နယ်တောင်ပိုင်း ဧရာဝတီမြစ်၏ပထမမြစ်ကျဉ်းမရောက်မီတွင် ဆင်ဘိုအမည်ရသော မြို့ငယ်လေးတမြို့ရှိလေသည်..ထိုမြို့ငယ်လေး၏အထက် မြစ်ရိုးအတိုင်းဆန်တက်လာသောအခါ နောင်ပွဲ မံဖွား နယ်ခြား ဆွန်ဒူ ညောင်ပင်သာ တာဟိုးနား ငှက်ပျောတော စသည့် ရှမ်းနီနှင့်ကချင်လူမျိုးများ ရောနှောနေထိုင်သောရွာကလေးများရှိပါသည်…အချိန်ကာလအားဖြင့် ၂၀၀၄ ခုနှစ်၏ ဖေဖော်ဝါရီ လလယ်ခန့်နေ့တနေ့၏ ညနေခင်းတခုတွင် ဆွန်ဒူအမည်ရသောရွာကလေးပေါ်မှကြည့်လိုက်လျင် ဆွန်ဒူ ၏တဖက်ကမ်း မံဖွား ဆင်ဘိုဖက်အခြမ်းမှ ပုရွက်ဆိတ် ကလေးများပမာ စီတန်း၍လာနေသောအရာတစ်ခုခုကိုမြင်နေရသည်။ အချိန်က ညနေ မွန်းလွဲ ၅ နာရီခန့်။ သို့ပေမယ့် ထိုအရာသည်ပုရွက်ဆိတ်ကလေးများမဟုတ်ပါ..တရုတ်လူမျိုးနှင့် နအဖ စစ်တပ်မှ အကူအညီဖြင့်မှောင်ခိုထုတ်နေသော ရတနာတန်းဝင် သံမလန်း နှင့် ကျွန်းသစ်များတင်ထားသော ၃ ကရောင်း ကားကြီးများဖြစ်ပါသည်။ ကားတစီးတွင်အနည်းဆုံး ၁၅ တန်ခန့်ရှိလေသည် ယခုမျက်စိတဆုံးတွင် ကားစီးရေပေါင်းနှစ်ရာကျော်ခန့်ရှိလေသည်။ ထိုကားများသည် ဘာအတွက် […]

Cartoon of the day

Thursday, July 21st, 2016

69th Anniversary of Martyrs’ Day

Tuesday, July 19th, 2016

Photo credit to AFP / Ye Aung Thu

Beware! of Tourbox Travel Agency scam

Monday, July 18th, 2016

အွန်လိုင်းက ပြည်ပခရီးစဉ်ကြော်ငြာ ငွေရှင်းပြီး လိမ်သွား ဖေဖေ က ဒီရက်ထဲ ခရီးထွက်ချင်တယ်ဆိုလို့ ကိုယ်ကလည်း ရုံးထဲကနေ ရုံးပြင်ကို မထွက်ရတဲ့ အခါကြတော့ Facebook မှာ ကြော်ငြာထားတဲ့ ကျွန်းတောလမ်းက Tour Box travel and Tour မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား ကို တစ်ယောက်ကို ၅၂၉ ဒေါ်လာ ဆိုတော့ တန်တယ်ဆိုပြီး ဖေဖေ တို့ကို သွားစုံစမ်းခိုင်းတယ်။ ဘုရားဖူးသီးသန့်သဘော၊ လူကြီးတွေလည်းပါတယ် ၊ ဝှီးချဲနဲ့ လူတွေတောင် ပါတယ်ဆိုတော့ ဖေဖေတို့ကလည်း သူတို့ လင်မယား နှစ်ယောက်သွားမယ်ဆိုပြီး ပိုက်ဆံချေခဲ့တယ်။ ဖေဖေတို့က ဒီလ ၂၀ ရက်နေ့သွားရမှာ။ ဖေဖေရေ ခရီးစဉ် နီးပြီ၊ လေယာဉ်ချိန်ဘာညာ confirm လုပ်ဦးဆိုပြောတော့ […]

နားလှည့်ပါးရိုက်ခံနေရတာ လူထုလား? NLDအစိုးရလား?…(ဟာဂျူလီ-ကသာ)

Friday, July 15th, 2016

နားလှည့်ပါးရိုက်ခံနေရတာ လူထုလား? NLDအစိုးရလား?…(ဟာဂျူလီ-ကသာ) ****** NLD အစိုးရတက်လာစမှာ လူထုအတွက် ပထမဆုံး ဖြေလျော့မှုလုပ်ပေးလိုက်တာက လမ်းတံတားဂိတ်တွေရာချီဖျက်သိမ်းပေးလိုက်တာနဲ့ လမ်းတံတားကြေးတွေသတ်မှန်ကြေးအတိုင်း ကောက်ခံစေလိုက်တာပဲ ဖြစ်ပါတယ်၊ အဲဒီဆောင်ရွက်ချက်အပေါ် လူထုတွေကလည်း သဘောကျနှစ် ခြိုက်လို့… အဲအဲ လမ်းတံတားကြေးလေလံရထားသူတွေကလည်း ဘယ်ရမလဲ၊ NLDအစိုးရလောက်တော့ ပျင်းတောင် ပျင်းသေးတယ်ပေါ့၊ ရတယ် လမ်းတံတားကြေး ကို ဂိတ်တိုင်းက သတ်မှတ်ကြေးအတိုင်းကောက်ခံတယ်၊ ပြီးတော့မှ ဂိတ်တွေက မြို့ဝင်ကြေးဆိုပြီး စာရင်းထဲ ထည့်ပြီး ကောက်ပါတယ်၊ ၁၅.၇.၂၀၁၆ရက်နေ့ကသာပြန်တော့ လက်ပန်လှဂိတ်က ကျွန်တော်စီးလာတဲ့ အိမ်စီးကားငယ်ကို ၄၀၀ကျပ်ကောက်ပါတယ်၊ အမှန်က ၁၅၀သာကောက်ရမှာပါ၊ ဘောက်ချာတောင်းတော့ပေးပါတယ်၊ ဘောက်ချာထဲမှာ လမ်းဂိတ်က ၁၅၀၊တံတားဂိတ်က ၅၀၊ မြို့ဝင်ကြေးက ၂၀၀လို့ရေးထားပါတယ်၊ ကောက်နေတဲ့ ကလေးတွေကို လက်ပန်လှက မြို့နယ်မဟုတ်ဘဲ ဘာကြောင့် မြို့ဝင်ကြေးကောက်ရတာလဲဆိုတော့..ဒါတော့မသိဘူး၊ လူကြီးတွေကောက်ခိုင်းလို့ကောက်တာတဲ့၊ […]

Ilegal expansion of Greatwall hotel from Mandalay

Friday, July 15th, 2016

မန်းစည်ပင်တောင်မနိုင်တဲ့ ဂရိတ်ဝေါဟိုတယ်ကျုးကျော်မှု ဂရိတ်ဝေါဦးတင်မောင်(ခ) လီစန်ရှင်း ပိုင် ဂရိတ်ဝေါဟိုတယ်ဟာ ဟိုတယ်နောက်ကျောက ငွေတစ်ချောင်းမြောင်း (ဂရိတ်ဝေါမြောင်းလို့ နာမည်ပြောင်ခေါ်) ကို ကွန်ကရစ်နဲ့ အသေလောင်းမြောင်းဖုံးလုပ်ပြီး ကားပါကင်လုပ် ကျုးကျော်ထားပါတယ်။ ဒီကိစ္စကို တစ်မြို့လုံးသိပါတယ်။ အရင်အစိုးရလက်ထက်ကတော့ ဘယ်သူမှ မထိရဲပါဘူး။ မန်းစည်ပင်မှ သန့်ရှင်းရေးဌာနမှူးကြီးကတောင် အောက်ပါအတိုင်းငြီးယူရပါတယ်။ ငွေတစ်ချောင်းမြောင်းဆယ်တိုင်း အခက်အခဲဖြစ်နေရပါတယ်။ ယခုဒီမိုကရေစီ အစိုးရသစ်လက်ထက် မြို့တော်ဝန်သစ်ကြီးလက်ထက်မှာရော ယခုကျုးကျော်မှုကို အရေးယူလို့မရဘူးလား။ ကျုးကျော်ဆိုတာ ဘယ်အစိုးရလက်ထက်ရောက်ရောက် တရားမ၀င်ပါဘူး။ ယခုမန်းမြို့မှာ ၁၆.၇.၁၆  ရက်နေ့ကစပြီး ကျုးကျော်တွေကို ဒဏ်ငွေတင်မက တရားစွဲဆိုထောင်ချတဲ့အထိ လုပ်ပါတော့မယ်လို့ တရားဝင်အမိန့်ထုတ်ထားပါတယ်။ ဒါဆိုရင် ယခုလို ခရိုနီသူဌေးကြီးတွေရဲ့ ကျုးကျော်မှုတွေကိုလည်း ဆင်းရဲသား လမ်းဘေးဈေးသည်များနဲ့တန်းတူ တရားမျှတစွာအရေးယူပေးဖို့ မြို့တော်ဝန် ဒေါက်တာဦးရဲလွင်အား တောင်းဆိုလိုက်ရပါတယ်။ သို့မှသာ တရားမျှတမှုရှိပါလိမ့်မယ်။ လေးစားစွာဖြင့် . […]

“အသစ်ရှာချစ်ပြီး ပျော်ပါတော့နော်” by Saya Soe Min

Sunday, July 10th, 2016

“အသစ်ရှာချစ်ပြီး ပျော်ပါတော့နော်”          အာရုံတွေ နောက်လိုက်တာ။ မြန်မာတွေဟာ အားအားရှိ ကွဲပဲကွဲနိုင်လွန်းတယ်။ သူများနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတယ်လို့ မရှိဘူး။ အလကားနေ သူတို့ချင်း ထသတ်နေကြတာနဲ့ ဟိုက ယာလည်းညက် ကြက်လည်းပန်း အသာလေးကောက်စားရုံပဲ။ သည်ပုံသည်မျိုး သည်အချိုးနဲ့ဆိုရင် ခက်ရချေသေးရဲ့ လို့ စိတ်ပူနေတဲ့သူတွေလည်း ပူနေကြမှာပဲ။ ကိုယ်ကတော့ မပူပါဘူး။ ရွေးကောက်ပွဲနီးတုန်းကလည်း အခုလိုပဲ ပါတီတွေ ရာချီပြီးကွဲခဲ့သေးတာပဲ။ အပြီးသတ်တော့ အုပ်စုနှစ်စုပဲ ကျန်ခဲ့တယ် မဟုတ်လား။ တိုင်းရင်းသားပါတီတွေတောင်မှ အနိုင်နိုင်နေရာယူရတယ်။ ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာတော့ ပိုလို့တောင် သိသာလာတယ်။ အနီပါတီ အစိမ်းပါတီ ပါတီစွဲ ဝါဒစွဲလေးတွေတောင် မရှိတော့ဘူး။ တကယ်တမ်း ထိပ်တိုက်တွေ့လာတာ အုပ်စုနှစ်ခုပဲ ရှိတယ်။ အရင်လူ နဲ့ နောက်လူ။ အဲ့လိုပြောတာပဲ ကောင်းပါတယ်လေ။ တပ်ဘက် အရပ်ဘက် […]

Facebook comment of the day

Tuesday, July 5th, 2016

ဦးပိန်တံတား ဟောင်း က ရှေးဟောင်းသစ်တွေ ကို အသစ်လဲနေခြင်း

တန်ဖိုးရှိသောဖြစ်တည်မှု by Saya Soe Min

Saturday, July 2nd, 2016

“တန်ဖိုးရှိသောဖြစ်တည်မှု”          လူရယ်လို့ဖြစ်လာတဲ့ဘဝမှာ လူဖြစ်ကျိုးနပ်တယ်ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်မလဲ မသိပါဘူး။ ကိုယ့်အထွာနဲ့ကိုယ် အမျိုးမျိုးတော့ ရှိလိမ့်မပ။ ကိုယ်မွေးထားတဲ့ အဖေအမေ ဝမ်းရေစပ်အောင် မွေးရကျိုးမနပ်တဲ့ သားသမီးဆိုးတွေ မြင်ဖူးတယ်။ သည်ကလေးဟာ မွေးကတည်းက အသက်မပါပဲ အသေလေးမွေးလာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ မိရင်းဖရင်းများရော၊ တိုင်းရပ်ပြည်ရွာကပါ မချိတင်ကဲ ရင်ကွဲပက်လက်ဖြစ်အောင်လုပ်တဲ့ လူငယ်လူရွယ်ကလေးတွေ အများမျက်စိအောက်မှာ ဟောတစ်ယောက်ဟောတစ်ယောက် လက်ညှိုးထိုးပြလို့ရနေတယ် မဟုတ်လား။ ကိုယ်ကတော့ မိဘမျက်နှာအိုးမည်းသုတ်တဲ့ မွေးရကျိုးမနပ်သောသား မဖြစ်ရလေအောင် အရင်ဆုံး ကြိုးစားအားထုတ်တယ်။ သည်အမိသည်အဖက ပေါက်ဖွားလာတဲ့ သားစစ်စစ်မို့ ကိုယ့်ရဲ့ အပြုအမူ အပြောအဆို အနေအထိုင်တွေဟာ ကိုယ့်မိဘအစစ်အမှန်တွေကို အရှက်တကွဲအကျိုးနည်း သိက္ခာကျစေတဲ့ အဖြစ်မျိုး မရှိရလေအောင် ဂရုတစိုက် ထိန်းသိမ်းတယ်။ ဒါမှပဲ သူတို့လည်း မွေးရကျိုးနပ်တော့မပေါ့။            အဲ့ဒီကဆက်ရင် ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းနဲ့ချီပြီး […]

Special Security Motorcycle police force needed for Mandalay

Thursday, June 30th, 2016

သို့/ ဝန်ကြီးချုပ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အကြောင်းအရာ။   ။ မြို့တော်လုံခြုံရေး အထူးရဲတပ်ဖွဲ့ ဖွဲ့စည်းပေးပါရန် အသနားခံတင်ပြခြင်း လေးစားရပါသော ဝန်ကြီးချုပ်ခင်ဗျား အထက်ပါအကြောင်းအရာပါကိစ္စအား အသနားခံတင်ပြရခြင်းမှာ ယခုအခါ မြန်မာ့ယဉ်ကျေးမှုသမိုင်းအစဉ်အလာကြီးမားသော မန္တလေးရွှေမြို့တော်ကြီးသည် နေ့ခင်းကြောင်တောင် လုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားလျှက် မြို့တော်၏ဂုဏ်ကျက်သရေအား အင်မတန်မှ အရုပ်ဆိုးအကျည်းတန်အောင် ဖန်တီးလျှက် ရှိပါသည်။ လုယက်မှုဖြစ်စဉ်များကို လေ့လာကြည့်သောအခါ (၁) ဆိုင်ကယ် စက်ဘီးတို့ဖြင့် သွားလာနေသော မိန်းမသားများ/သားသည်မိခင်များ/ယောက်ျာသားမပါသူ အားနွဲ့သည့်မိန်းမသားများကိုသာ အဓိက ပြစ်မှတ်ထားလျှက် လုပ်ဆောင်နေခြင်း (၂) လူစည်ကား သို့ ယာဉ်ကြောရှုပ်ထွေးသည့် နေရာများတွင်သာ လုယက်နေခြင်း (၃) လုယက်သူများသည် အသက်နှစ်ဆယ်ပတ်ဝန်းကျင် ဆိုင်ကယ်စီးလူငယ်များ အများစုဖြစ်နေခြင်း (၄) အလုယက်ခံရသူများအား သနားညှာတာစိတ် ကင်းမဲ့စွာ ဆိုင်ကယ်/စက်ဘီးများအား ဖြတ်တိုက်/တွန်းလှဲခြင်းများကိုပါ ပြုလုပ်နေကြခြင်း […]

Fake 10,000 kate Note from KBZ ATM

Thursday, June 30th, 2016

နောက် မဆက်ဆံချင်တော့ပါ KBZ Bank ရယ် ———————————————— ကျမတို့လင်မယား နှစ်ယောက် 28-6-2016 နေ့ ရုံးဆင်းချိန် ညနေပိုင်းက ပါရမီ စိန်ဂေဟာ ရှေ့က KBZ ATM မှာ ငွေ ထုတ်ပါတယ် ငွေ ထဲမှာ တစ်သောင်းတန်တော်တော်များများပါပါတယ်ရှင် ဒီကနေ့29-6-2016 ရက်နေ့ကျတော့ ကျမတို့ နှစ်ယောက် သုံးဖို့ချန်ပြီး ကျန်တာကို့ KBZ သမိုင်းဘဏ်မှာ ငွေစု စာအုပ်ထဲကို သွားထည့်ပါတယ် အရင်ကဆို ရက်ခြားပြီးမှသာ ငွေသွားစုပင်မယ့် ဒီတစ်ခေါက်တော့ နောက်ရက်ရောက်တာနဲ့သွားထည့်ဖြစ်ပါတယ် သမိုင်း KBZ ကိုရောက်တော့ ပိုက်ဆံထဲမှာ 1သောင်းတန် အတုတစ်ရွက်ပါနေကြောင်းပြောပါတယ် ဘဏ်ဝန်ထမ်းတွေက ကျမက မနေ.ကမှ kBZ ATM ကထုတ်လာကြောင်းပြောတော့ ATM စလစ်ရှိမ၇ှိကိုမေးပါတယ် ကျမက ရှိပင်မယ့် […]

Beware! Crazy Ooredoo from Myanmar

Tuesday, June 28th, 2016

Ooredoo အသုံးပြုသူ များ သို့  …..               ကျွန်တော် မိန်းမ ရဲ့ သူငယ်ချင်း တစ်ယောက် က Ooredoo Sim Card နဲ့ Viber Activate လုပ်ပြီးတော့ သုံးတယ် .. ။ ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် Viber ကို ရုံးက Desktop ပေါ်မှာပဲ ၀င်သုံးဖြစ်ခဲ့ ပြီးတော့ အဲဒီ Sim card ကို ၄ လလောက် မသုံးဖြစ်ပဲ ပိတ်ထားမိလိုက်တယ် ..။ အဲဒီ Viber နဲ့ ပဲ သူငယ်ချင်းတွေ ဆွေမျိုးတွေ နဲ့ Group Chat လုပ်ထားပြီးတော့ စကားပြောလေ့ ရှိခဲ […]

Cartoon of the day about ex-president of Myanmar

Monday, June 27th, 2016

Credit to Okka Kyi Win

Photos of the day

Friday, June 24th, 2016

ကြည်နူးဖွယ် ပုံရိပ်တစ်ခု.. မိုးတွေရွာနေပေမယ့်လည်း မှုံဝါးဝါး ပြင်တင်းပေါက်ကနေ အမေ့ကို လှမ်းမြင်လိုက်တဲ့ တခဏ လက်ပြနှုတ်ဆက်ရင်း .. ပျော်ရွှင်သွားကြသူတို့၏ ကြည်နူးဖွယ် ပုံရိပ်တစ်ခု..။ credit to ဘုန်းထက်ကြယ် & original photographer

Happy Birthday To Amay Suu!

Sunday, June 19th, 2016

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တွေ့ ၀ိပဿသ နာ ================== 19.6.2016 တွင်ကျရောက်မည့် မွေးနေ့ အမှတ်တရအဖြစ်… အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝိပသနာတရားအမြင်လေးကိုမျှဝေပေးလိုက်ပါတယ်။ “ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ကျွန်မအမေက ကျွန်မကို .. “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး […]

Congrats! to Naw DarMu

Saturday, June 11th, 2016

၁၀ ယောက် မှာ ၃ ယောက်အောင်တဲ့ အထဲပါလာတဲ့လွိုင်ကော် စာစစ်ဌာနက့ ဝင်ဖြေတဲ့ယလ ၃၁၀၅ နော်ဒါးမူ လေး အောင်တယ် တဲ့။ဂုဏ်ပြုပေးကြရအောင့့် Credit to Iprd Loikaw

Donation by Retired teacher Daw Phyu Phyu Ayr

Monday, May 30th, 2016

အငြိမ်းစားဆရာမ ဒေါ်ဖြူဖြူ အေးမှ ကျောက်ဆည်မြို့ အဓိဋ္ဌာန်အောင် ရွှေသိမ်တော် မြတ်စွာဘုရားကြီး အား လှူဒါန်းပူဇော်မည့် ရွှေချိန် ၅၆ ကျပ်သားကျော် ရှိသော ရွှေမကိုဋ်တော်ကြီးကို အောင်သမာဓိစိန်ရွှေရတနာဆိုင်မှ ပန်းထိမ်ဆရာ လက်ခ မှလွဲ၍ အခြားအမြတ်အစွန်း အလျော့တွက် လုံးဝမယူပဲ ပါဝင်ကုသိုလ်ယူ ကူညီပြုလုပ်ပေးခဲ့ပါသည်။ အောင်သမာဓိရွှေချစ်သူများလည်း မင်္ဂလာရှိသော နံနက်ခင်းမှာ သာဓု ခေါ်စေနိုင်ရန် သတင်းကာင်းပါးအပ်လိုက်ရပါတယ်ရှင့် ။ Credit to အောင်သမာဓိ

Dog who taking care of Mandalay kantawgyi lake

Sunday, May 29th, 2016

မန်း ကန်တော်ကြီးမှာ အိမ်ယာမဲ့ခေွးတကောင်က ကန်အတွင်းမှအမှိုက်များအားဆယ်ယူနေသည်ကို အမှတ်မထင်တွေ့မြင်ရ၍ ဓာတ်ပုံရိုက်ကာ ဂုဏ်ပြုလိုက်ရပါကြောင်း (ကိုတိုး မန်းလေးသား) ညနေက တွေးမိတာနဲ့တိုက်ဆိုင်လို့ .. ကူးတင်တာပါ လူတွေသာ သူ့လောက်သိတက်ရင် ရန်ကုန်မြို့မှာ ဒီလောက်ရေမလျှံဘူးဗျ ကြည့်ဗျာ မြောင်းတွေဆယ်ရင် ဗူးခွံကို ပုလင်းခွံ စတဲ့ အမှိုက်တွေချည်းပဲ .. အဲဒါတွေကို ဘယ်ခွေးမှစားသောက်တာမဟုတ်သလို ဘယ်ခွေးမှပစ်တာမဟုတ်ဘူး ဟုတ်တယ်ဟုတ် ဟုတ်တယ်ဆိုရင် နောင်မှာ ဒီခွေးလောက်သိတက်အောင်ကြိုးစားစို့ .. ဟုတ်ပီလား ရေးသာရေးရ … နာလိုက်တာဂျာ .. အားးးးး နာဆို နာလဲပစ်ဖူးတယ် တခါတလေ 😛 ခုမပစ်တာကြာပီ ကွမ်းတံတွေးတွေ ကြပ်ကြပ်သတိထားကြ စည်းကမ်းမရှိ credit to Zayyar Maung